AMAZING

လက်ထပ်ဖို့ ပယ်ပယ်နယ်နယ် ငြင်းဆန်ခံရပြီးနောက်တစ်မိသားစုလုံးကို လှပစွာဂလဲ့စားချေပြလိုက်တဲ့ကောင်မလေး

လက်ထပ်ဖို့ ပယ်ပယ်နယ်နယ် ငြင်းဆန်ခံရပြီးနောက်တစ်မိသားစုလုံးကို လှပစွာဂလဲ့စားချေပြလိုက်တဲ့ကောင်မလေး

အချစ်မှာရုပ်ရည်ဂုဏ်ပကာသနစတဲ့အရာတွေဟာ၊အချစ်စစ်ရှိတဲ့သူတွေအတွက်မလိုပေမဲ့အတုယောင်အချစ်တွေမှာတော့အဓိကလိုကိုဖြစ်နေတတ်ပါတယ်။ထိုနည်းတူပဲ ယခုဖော်ပြပေးမဲ့ဗီယက်နမ်နိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ၊သစ္စာမဲ့တဲ့ချစ်သူကြောင့်ဘဝကိုနာကျဉ်းပီးလှပတဲ့ဂလဲ့စားချေပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အသက်(28)နှစ်အရွယ်Huyenဆိုတဲ့အမျိုးသမီးဟာ၊အတူနေချစ်သူနဲ့ခလေးတစ်ယောက်ရခဲ့ပီးလက်ထပ်ဖို့အတွက်စီစဉ်ခဲ့ကြပါတယ်။ထို့နောက်သူမဟာချစ်သူရဲ့မိသားစုဝင်တွေနဲ့သွားတွေ့တဲ့အခါမှာတော့၊ကောင်လေးရဲ့မိသားစုဝင်တွေကသူမဟာရုပ်ဆိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့သဘောမတူခဲ့ပါဘူး။

နောက်ဆုံးမှာတော့သူမရဲ့အတူနေချစ်သူကလဲ၊မိသားစုရဲ့ပြောစကားကိုနားထောင်ပီး၊သူမနဲ့သမီးဖြစ်သူကိုစွန့်ခွာခဲ့ပါတယ်။ ထိုအဖြစ်ပျက်ကြောင့်Huyenဟာ၊single momတစ်ယောက်အနေနဲ့သမီးဖြစ်သူကိုဆက်လက်ပြုစုပျိုးထောင်ဖို့အတွက်၊အလုပ်ကြိုးစားလုပ်ပီးပိုက်ဆံရှာခဲ့ပါတယ်။

ထို့နောက် Huyenဟာပိုကောင်းတဲ့အလုပ်ကိုမြို့ကြီးမှာရှာရအောင်လို့ဆိုပီး၊သမီးဖြစ်သူကိုမိဘလက်ထဲအပ်ပီးပိုက်ဆံရှာခဲ့ပါတယ်။နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ Huyenဟာ($4,3500)လောက်စုဆောင်းမိခဲ့ပါတယ်။

ပီးနောက်တချိန်ကသူမကိုနာကျဉ်းအောင်လုပ်ခဲ့တဲ့သူတွေကိုဂလဲ့စားချေရအောင်လို့ဆိုပီး၊မျက်နှာတခုလုံးကိုplastic surgeryပြုလုပ်ပြောင်းလဲခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမဟာရုပ်ရည်မှာရော၊ငွေရေးကြေးရေးမှာရောပြည့်စုံသွားပီဆိုတာကိုကြားသိခဲ့တဲ့၊ယခင်ချစ်သူနဲ့မိသားစုကသူမကိုလက်ခံဖို့ကြောင်းလှမ်းလာခဲ့ကြပါတယ်။

ဒါပေမဲ့ သူမမှာ သူမသမီးသာအဓိကဆိုတာကြောင့်လုံးဝလက်မခံတဲ့အခါမှာတော့သူမရဲ့ယခင်ချစ်သူခမျာ အသဲဟက်တက်ကွဲခဲ့ရပါတော့တယ်။ကြီးတဲ့ငါးမှသွားလွတ်တဲ့ငနှဲလေးပါပဲလေ။

Crd – Bam Bam (Gabar News)

Zawgyi

လက္ထပ္ဖို႔ ပယ္ပယ္နယ္နယ္ ျငင္းဆန္ခံရၿပီးေနာက္တစ္မိသားစုလုံးကို လွပစြာဂလဲ့စားေခ်ျပလိုက္တဲ့ေကာင္မေလး

အခ်စ္မွာ႐ုပ္ရည္ဂုဏ္ပကာသနစတဲ့အရာေတြဟာ၊အခ်စ္စစ္ရွိတဲ့သူေတြအတြက္မလိုေပမဲ့အတုေယာင္အခ်စ္ေတြမွာေတာ့အဓိကလိုကိုျဖစ္ေနတတ္ပါတယ္။ထိုနည္းတူပဲ ယခုေဖာ္ျပေပးမဲ့ဗီယက္နမ္နိုင္ငံကအမ်ိဳးသမီးတစ္ေယာက္ဟာ၊သစၥာမဲ့တဲ့ခ်စ္သူေၾကာင့္ဘဝကိုနာက်ဥ္းပီးလွပတဲ့ဂလဲ့စားေခ်ျပခဲ့ပါတယ္။

ဗီယက္နမ္နိုင္ငံကအသက္(28)ႏွစ္အ႐ြယ္Huyenဆိုတဲ့အမ်ိဳးသမီးဟာ၊အတူေနခ်စ္သူနဲ႕ခေလးတစ္ေယာက္ရခဲ့ပီးလက္ထပ္ဖို႔အတြက္စီစဥ္ခဲ့ၾကပါတယ္။ထို႔ေနာက္သူမဟာခ်စ္သူရဲ႕မိသားစုဝင္ေတြနဲ႕သြားေတြ႕တဲ့အခါမွာေတာ့၊ေကာင္ေလးရဲ႕မိသားစုဝင္ေတြကသူမဟာ႐ုပ္ဆိုးတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕သေဘာမတူခဲ့ပါဘူး။

ေနာက္ဆုံးမွာေတာ့သူမရဲ႕အတူေနခ်စ္သူကလဲ၊မိသားစုရဲ႕ေျပာစကားကိုနားေထာင္ပီး၊သူမနဲ႕သမီးျဖစ္သူကိုစြန့္ခြာခဲ့ပါတယ္။ ထိုအျဖစ္ပ်က္ေၾကာင့္Huyenဟာ၊single momတစ္ေယာက္အေနနဲ႕သမီးျဖစ္သူကိုဆက္လက္ျပဳစုပ်ိဳးေထာင္ဖို႔အတြက္၊အလုပ္ႀကိဳးစားလုပ္ပီးပိုက္ဆံရွာခဲ့ပါတယ္။

ထို႔ေနာက္Huyenဟာပိုေကာင္းတဲ့အလုပ္ကိုၿမိဳ႕ႀကီးမွာရွာရေအာင္လို႔ဆိုပီး၊သမီးျဖစ္သူကိုမိဘလက္ထဲအပ္ပီးပိုက္ဆံရွာခဲ့ပါတယ္။ႏွစ္အနည္းငယ္ၾကာတဲ့အခါမွာေတာ့Huyenဟာ($4,350)ေလာက္စုေဆာင္းမိခဲ့ပါတယ္။

ပီးေနာက္တခ်ိန္ကသူမကိုနာက်ဥ္းေအာင္လုပ္ခဲ့တဲ့သူေတြကိုဂလဲ့စားေခ်ရေအာင္လို႔ဆိုပီး၊မ်က္ႏွာတခုလုံးကိုplastic surgeryျပဳလုပ္ေျပာင္းလဲခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့သူမဟာ႐ုပ္ရည္မွာေရာ၊ေငြေရးေၾကးေရးမွာေရာျပည့္စုံသြားပီဆိုတာကိုၾကားသိခဲ့တဲ့၊ယခင္ခ်စ္သူနဲ႕မိသားစုကသူမကိုလက္ခံဖို႔ေၾကာင္းလွမ္းလာခဲ့ၾကပါတယ္။ဒါေပမဲ့ သူမမွာသူမသမီးသာအဓိကဆိုတာေၾကာင့္၊လုံးဝလက္မခံတဲ့အခါမွာေတာ့သူမရဲ႕ယခင္ခ်စ္သူခမ်ာ၊အသဲဟက္တက္ကြဲခဲ့ရပါေတာ့တယ္။ႀကီးတဲ့ငါးမွသြားလြတ္တဲ့ငႏွဲေလးပါပဲေလ။

Crd – Bam Bam (Gabar News)