KNOWLEDGE

Vanilla ရေခဲမုန့်လို အရသာရှိပြီး ရှားပါးအပြာရောင်ငှက်ပျောသီးဆိုတာ

Vanilla ရေခဲမုန့်လို အရသာရှိပြီး ရှားပါးအပြာရောင်ငှက်ပျောသီးဆိုတာ

ကျွန်တော်တို့က ငှက်ပျောသီးကို အဝါရောင်ငှက်ပျောသီးနဲ့ အစိမ်းရောင်ငှက်ပျောသီးကိုတော့မြင်ဖူးကြမာပါ ။ ယခုဖော်ပြပေးမယ့် ငှက်ပျောသီးက ၎င်းတို့အရောင် မဟုတ်ဘဲ အပြာရောင်ငှက်ပျောသီး ဖြစ်ပါတယ် ။ ငှက်ပျောသီးတွေကို တောင်အာရှ၊ Australianစတြေးလျနဲ့ ဟာဝိုင်ယီမြေများမှ ရရှိတဲ့ သဘာဝအသီးတွေဖြစ်ပါတယ် ။

သို့ပေမဲ့လည်း အပြာရောင်ငှက်ပျောသီးကတော့ တွေ့နိုင်ဖို့ အလွန်းရှာပါးပါတယ် ။ အပြာရောင်ငှက်ပျောသီးရဲ့ နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ချက်ကတော့ ထိုအပြာရောင်ငှက်ပျောသီးကို စားသုံးဖူးသူတွေက ၎င်းဟာ vanilla ရေခဲမုန့်ကဲ့သို့ အရသာရှိကြောင်း ဆိုကြပါတယ် ။

၎င်းငှက်ပျောသီးဟာ အပူပိုင်းအသီးဖြစ်သော်လည်း၊ အနုတ် ၇ ဒီဂရီစင်တီဂရိတ်ရှိရင် ကြီးထွားနိုင်ပါတယ် ။ နောက်ပြီး သူတို့ဟာ ကောင်းမွန်စွာကြီးထွားနိုင်ဖို့အတွက် နေရောင်ခြည်များစွာ လိုအပ်ပါတယ် ။

Blue Java Bananas တွေက ယေဘုယျအားဖြင့် အခြားငှက်ပျောသီးတွေထက် ပျော့ပျောင်း ချိုမြိန်ပြီး ၁၀၀ ဂရမ်မှာ အဆီ ၀.၃ ဂရမ်၊ အသား ၂၂.၈ ဂရမ် နဲ့ ၈၉ ကယ်လိုရီ ပါရှိပါတယ် ။ ‘ရေခဲမုန့်ငှက်ပျောသီး’ လို့ နာမည်ကောင်းမှည့်ခေါ်ပြီး ထိုအပြာရောင်အသီးများကို စားသုံးရန် ဦးစားပေးတဲ့နည်းလမ်းမှာ ဖျော်ရည် သို့မဟုတ် ရေခဲမုန့် နောက်ပြီး ပိုမိုကျန်းမာစေရန်အတွက် မြေပဲ၊ ထောပတ် နဲ့ ရောစပ်ပြီး စားသုံးနိုင်ပါတယ် ။ ၎င်းငှက်ပျောသီးဟာ သင်အတွက် အံ့အားသင့်စရာဖြစ်သော်လည်း အမေဇုန်မှာ Blue Java Bananas ကို သင်အမှန်တကယ်ရှာတွေ့နိုင်ပါတယ် ။

Crd

Zawgyi






Crd