Daily News

မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်

မိသားစုဓါတ်ပုံလေးကိုကိုင်ပြီး ငိုနေတဲ့ ကိုရင်လေးရဲ့အဖြစ်

 

လွမ်းတယ် အမေ

နဖူးလေးစမ်းပြီးအပူတိုင်းတတ်တဲ့

အမေ့ ရဲ့လက်တစ်စုံကို လွမ်းတယ်

 

ဘာစားချင်လည်းလို့ခဏခဏ မေးတဲ့

အမေ့ ရဲ့စကားသံလေးလေးကို လွမ်းတယ်

 

လေစိမ်းတွေ ထွက်မခံပါနဲ့ဆိုတဲ့

အမေ့ ရဲ့သတိပေးသံလေးကိုလည်း လွမ်းတယ်

ပူပူနွေးနွေးနဲ့အမေ့ လက်ရာဆန်ပြုတ်တစ်ခွက်ကိုလည်း လွမ်းတယ်

 

ငယ်ဘဝ ငယ်ညတွေက

အမေ နဲ့ပတ်သက်သမျှ

အရာအားလုံးကိုလွမ်းတယ် အမေ

 

အခုတော့ အမေ ——

ဝေးတစ်မြေ နယ်တစ်ခြားက

စာသင်သားတစ်ယောက်ဘဝရဲ့ အဖြစ်ကို

အမေ သိလေမလား

 

အမေ့ အမြင်မှာ မသိသာပေမယ့်

သား ရင်မှာ အထိနာခဲ့ရသူပါ အမေ

မိုးထိလို့အဖျားမိနေပေမယ့်

မရပ်နားနိုင် ဆွမ်းထွက်ရပြန်တယ် အမေ

 

သဒ္ဓါဆွမ်းမရပ်ရင်

တစ်ထွာဝမ်းငတ်တဲ့အဖြစ် အမေ သိလေမလား

ဝိကာလနေအလွဲမှာ

လူတကာလို စားသောက်ပိုင်ခွင့်ကမရှိ

ဗိုက်ဆာဆာနဲ့စာတွေအော်ကျတ်ခဲ့ရတဲ့အဖြစ်

အမေ သိလေမလား

 

ရွယ်တူသူငယ်ချင်းတွေပျော်ပါးနေခိုက်

ပျော်စရာဘေးကပ်

အဋ္ဌကထာတွေ တိုးကျပ်နေရတဲ့အဖြစ်

အမေ သိလေမလား

 

ယုယမဲ့သူမရှိ..ပြုစုမဲ့သူမရှိ

အရွယ်နဲ့မမျှအောင် ရင့်ကျတ်နေ ရတဲ့သားအဖြစ်

အမေ မြင်လှည့်ပါတော့ အမေ

 

“သာသနာက အေးချမ်းပါတယ်” ဆိုတဲ့ အမေ့စကား

သား ဘယ်လိုနားလည်ရမလဲ အမေ

တကယ်တော့ အမေ

ထင်သလောက်မလွယ် တဲ့ဒီသာသနာမှာ

ပျော်လို့နေတာတော့ မဟုတ်ပါဘူး အမေ

 

အမေ့ ရည်မှန်းချက်တွေတွက်

ဝေဒနာတွေကို ကွယ်ဝှက်

ဒေသနာတွေနဲ့နေတတ်အောင်ကြိုးစားနေသူပါ အမေ

ဒါတွေ အမေ သိပါစေ ။ ။

လွမ်းတယ်အမေ…

အမေ့ ကျေးဇူးဆပ်နိုင်ကြပါစေ …

 

Zawgyi code :

မိသားစုဓါတ္ပုံေလးကိုကိုင္ၿပီး ငိုေနတဲ့ ကိုရင္ေလးရဲ႕အျဖစ္

 

လြမ္းတယ္ အေမ

နဖူးေလးစမ္းၿပီးအပူတိုင္းတတ္တဲ့

အေမ့ ရဲ႕လက္တစ္စုံကို လြမ္းတယ္

 

ဘာစားခ်င္လည္းလို႔ခဏခဏ ေမးတဲ့

အေမ့ ရဲ႕စကားသံေလးေလးကို လြမ္းတယ္

 

ေလစိမ္းေတြ ထြက္မခံပါနဲ႕ဆိုတဲ့

အေမ့ ရဲ႕သတိေပးသံေလးကိုလည္း လြမ္းတယ္

ပူပူေႏြးေႏြးနဲ႕အေမ့ လက္ရာဆန္ျပဳတ္တစ္ခြက္ကိုလည္း လြမ္းတယ္

 

ငယ္ဘဝ ငယ္ညေတြက

အေမ နဲ႕ပတ္သက္သမွ်

အရာအားလုံးကိုလြမ္းတယ္ အေမ

 

အခုေတာ့ အေမ ——

ေဝးတစ္ေျမ နယ္တစ္ျခားက

စာသင္သားတစ္ေယာက္ဘဝရဲ႕ အျဖစ္ကို

အေမ သိေလမလား

 

အေမ့ အျမင္မွာ မသိသာေပမယ့္

သား ရင္မွာ အထိနာခဲ့ရသူပါ အေမ

မိုးထိလို႔အဖ်ားမိေနေပမယ့္

မရပ္နားနိုင္ ဆြမ္းထြက္ရျပန္တယ္ အေမ

 

သဒၶါဆြမ္းမရပ္ရင္

တစ္ထြာဝမ္းငတ္တဲ့အျဖစ္ အေမ သိေလမလား

ဝိကာလေနအလြဲမွာ

လူတကာလို စားေသာက္ပိုင္ခြင့္ကမရွိ

ဗိုက္ဆာဆာနဲ႕စာေတြေအာ္က်တ္ခဲ့ရတဲ့အျဖစ္

အေမ သိေလမလား

 

႐ြယ္တူသူငယ္ခ်င္းေတြေပ်ာ္ပါးေနခိုက္

ေပ်ာ္စရာေဘးကပ္

အ႒ကထာေတြ တိုးက်ပ္ေနရတဲ့အျဖစ္

အေမ သိေလမလား

 

ယုယမဲ့သူမရွိ..ျပဳစုမဲ့သူမရွိ

အ႐ြယ္နဲ႕မမွ်ေအာင္ ရင့္က်တ္ေန ရတဲ့သားအျဖစ္

အေမ ျမင္လွည့္ပါေတာ့ အေမ

 

“သာသနာက ေအးခ်မ္းပါတယ္” ဆိုတဲ့ အေမ့စကား

သား ဘယ္လိုနားလည္ရမလဲ အေမ

တကယ္ေတာ့ အေမ

ထင္သေလာက္မလြယ္ တဲ့ဒီသာသနာမွာ

ေပ်ာ္လို႔ေနတာေတာ့ မဟုတ္ပါဘူး အေမ

 

အေမ့ ရည္မွန္းခ်က္ေတြတြက္

ေဝဒနာေတြကို ကြယ္ဝွက္

ေဒသနာေတြနဲ႕ေနတတ္ေအာင္ႀကိဳးစားေနသူပါ အေမ

ဒါေတြ အေမ သိပါေစ ။ ။

လြမ္းတယ္အေမ…

အေမ့ ေက်းဇူးဆပ္နိုင္ၾကပါေစ …