AMAZING

လက်နှစ်ဖက်လုံးမသန်စွမ်းဖြစ်သော်လည်း ခြေထောက်နှင့် သားလေးအား ပြုစုစောင့်ရှောက်ခဲ့သော ကြင်ဖော်မဲ့မိခင်

လက်နှစ်ဖက်လုံးမသန်စွမ်းဖြစ်သော်လည်း ခြေထောက်နှင့် သားလေးအား ပြုစုစောင့်ရှောက်ခဲ့သော ကြင်ဖော်မဲ့မိခင်

မိဘတို့၏ မေတ္တာဟာ အလွန်နွေးထွေးမှုရှိကာ သားသမီးအတွက်ဆိုရင် မျက်နှာတစ်ချက်မငြိုးအောင် ပြည့်စုံအောင်ထားသည့် ကျေးဇူးတရားတွေက ကြီးမားလှပေပေသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၆နှစ်အရွယ် မသန်စွမ်းသူ ကြင်ဖော်မဲ့မိခင်တစ်ဦးရဲ့ သားလေးအပေါ် ပြုစုယုယပေးနေသည့် ပုံရိပ်လေးသည် လူတိုင်း၏ရင်ထဲကို မိဘမေတ္တာမည်မျှ နက်ရှိုင်းကြောင်း နားလည်စေခဲ့ပါတယ်။

အဆိုပါ မိန်းကလေးဟာအသက် ၈နှစ်အရွယ်တွင် အပြင်းဖျားနာပြီးနောက် သူမ၏ လက်နှစ်ဖက်မှာ ကြီးထွားမှုနှုန်း ရပ်တန့်သွားသည့်အပြင် ပို၍တောင် ငယ်လို့သွားခဲ့ရပါတယ်။

ထို့ကြောင့် ငယ်စဥ်ကတည်းက လက်နှစ်ဖက်အစား ခြေထောက်ကိုသာ အားကိုးခဲ့ရပြီး သာမန်လူကောင်းတစ်ယောက် လုပ်ဆောင်နိုင်သော အတိုင်းအတာထိကို သူမလည်း လုပ်နိုင်သည့်အပြင် ချောမောလှပကာ ပြင်တတ်ဆင်တတ်၍ လူကြိုက်လည်း များခဲ့ပါတယ်။

မိန်းကလေးသည် လူမဆန်သူတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး၍ အန္တရာယ်များသည့်ကြားက သားလေးအားမွေးဖွားခဲ့ပြီး ခြေထောက်နှင့်သာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့တာပဲဖြစ်ပါတယ်။

Zawgyi





