KNOWLEDGE

လူ့လောကကြီးမှာ အမှန်တစ်ကယ်ကိုတည်ရှိနေတဲ့ ပဟေဠိဆန်လွန်းတဲ့သတ္တဝါတွေရဲ့ အရိုးစုများ (ပုံ ၁၁ ပုံ ပါရှိ)

လူ့လောကကြီးမှာ အမှန်တစ်ကယ်ကိုတည်ရှိနေတဲ့ ပဟေဠိဆန်လွန်းတဲ့သတ္တဝါတွေရဲ့ အရိုးစုများ (ပုံ ၁၁ ပုံ ပါရှိ)

လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့အရာတွေကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာမြင်ဖူးတွေ့ဖူးကြမှာပါ ။ အထူးသဖြင့် နဂါး နဲ့ ရေသူမ စတာတွေပေါ့ ။ သို့ပေမဲ့လည်း အဆိုပါ ပဟေဠိဆန်လွန်းတဲ့ သတ္တဝါတွေ အမှန်တကယ်တည်ရှိနေခဲ့တာကို သူတို့ရဲ့ကြွင်ကျန်ရစ်ခဲ့တဲ့ အရိုးစုကိုကြည့်ရုံနဲ့သိနိုင်ပါတယ် ။ လန်ဒန်မှာရှိတဲ့ နေအိမ်တစ်ခုမှာတော့ အဆိုပါစိတ်ဝင်စားစရာကောင်းလွန်းတဲ့အရိုးစုတွေကို ထုတ်ဖော်ပြသခဲ့ပါတယ် ။

ကိုယ်တွေ သာမှန်အတိုင်းတွေးထင်ထားလို့မရတဲ့ ထူးဆန်းတဲ့အရိုးစုပေါင်း 5000 ကျော်ခန့်ကို ခင်းကျင်းပြသထားတာပါ ။ အဆိုပါအရိုးစုတွေကိုရှာဖွေတွေ့ရှိခဲ့သူမှာ Thomas Merrylin အမည်ရှိတဲ့ အမျိုးသားဖြစ်ပြီး ၊ လျို့ဝှက်နက်နဲတဲ့အရာတွေကိုဖော်ထုတ်သူ နဲ့ သတ္တဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ် ။ 1782 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၊ အသက် 76 နှစ်အရွယ်မှာတော့ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။

Zawgyi

.

.


