AMAZING

ဆာဂျရီ အစွမ်းနဲ့ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ပြောင်းလဲသွားတဲ့ ချစ်စရာမိန်းကလေး

ဆာဂျရီ အစွမ်းနဲ့ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ပြောင်းလဲသွားတဲ့ ချစ်စရာမိန်းကလေး

ဒီနေ့ခေတ်က တေ့ာ ပိုက်ဆံရှိရင် လူတိုင်းလှတဲ့ ခေတ် ဖြစ်လာပါပြီ။မွေးရာပါ မလှ လည်း ငွေ ရှိရင် ဒါတွေ အားလုံးက ပြင် ယူလို့ရပါတယ်။ဒီလို ပြင်ယူလိုက်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျပန် မိန်းက လေး တစ်ယောက်က တော့ အွန်လိုင်း ပေါ် မှာ နာမည်ကြီး နေပါတယ်။သူမရဲ့ နာမည်က တော့ Mikishi ပါ။

ဘယ်လောက် အထိ ပင်ကိုယ်ရုပ်နဲ့ ပြင်ပြီး ရုပ်က ကွာ ခြား လဲ ဆိုရင် တော့ နတ်ရေကန်ထဲ ခုန် ဆင်းလိုက်သလို ကို ပြောင်းလဲ သွားတာပါ။ သူမရဲ့ ပြောင်းလဲ မှု ပုံရိပ်တွေ က တော့ ဆိုရှယ်မီဒီယာ ပေါ် မှာ လူ ပြော များ နေပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

Mikishi က တော့ အခုဆိုရင် ပလတ်စတစ်ဆာဂျရီ အတွက် ကြော်ငြာ ပိုစတာ မှာ ပါဝင် ပေးတဲ့ မိန်းက လေး ဖြစ် လာခဲ့ပါတယ်။သူမ အရင်ဆုံး လုပ်တဲ့ ခွဲစိတ်ပြင်ဆင်မှု ကတော့ မျက်နှာရဲ့ Shape ကို ပုံပြင် သွင်းတာ ပါ။အထက် တန်း ကျောင်းပြီးတော့ ဒီပြင်ဆင်မှုကို လုပ်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့ ဆာဂျရီ ခွဲစိတ်ပြင်ဆင်မှုတွေ အများကြီးကို ဆက်တိုက် လုပ် ခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ (၄)သောင်း လောက် အကုန် ခံပြီးတော့ ကို ဒီလို ခွဲ စိတ်ပြင်ဆင်မှုတွေ ကို လုပ်ခဲ့တာပါ။ဒါပေမယ့် သူမ ငွေကုန်ရ ကျိုး နပ်ခဲ့ပါတယ်။အရင် ပျောက်ဆုံး နေခဲ့တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ပြန် ရခဲ့ကာ လက်ရှိ အသစ် ရလာတဲ့ သူမရဲ့ ရုပ်ရည်ကို အားရ ကျေနပ် ပျော်ရွှင် နေပါတယ်။ Mikishi ကိုယ်တိုင် ကလည်း တကယ် ပလတ်စတစ် ဆာဂျရီ လုပ်ဖို့ လိုအပ်တယ်လို့ ခံစားနေရသူတွေ အနေနဲ့ ခွဲ စိတ်ပြုပြင်မှု တွေကို လုပ် ကြ ဖို့ အကြံ ပြု ခဲ့ပါတယ်။

အထက်တန်း ကျောင်းသူဘဝတည်းက ဒီလို ပြုပြင် ခွဲစိတ်မှုတွေ ကို လုပ်ချင်ခဲ့တာပါ။သူမရဲ့ အိမ်မက်က မော်ဒယ် ဖြစ် ချင် တာပါ။ဒီအ ကြောင်းကို သူငယ်ချင်းတွေကို ပြောပြ တော့ သူမကို လှောင် ပြောင်ခဲ့ ကြပါတယ်။ သူငယ်ချင်း တစ်ယောက်က ဆိုရင် မှန်ကြည့်ပြီးမှ ပြောလို့ တောင် သူမကို ပြန် ပြော ခဲ့တာပါ။

အဲ့ဒါ ကြောင့် ရှက်လဲ ရှက် ၊အားလဲ ငယ်ခဲ့ရပါတယ်။ဘေး ပတ်ဝန်းကျင် က မိန်းကလေးတွေ နဲ့ ယှဉ်လိုက်တိုင်း သူမ ကိုယ် သူမ အားငယ်၊စိတ်ဓါတ်ကျ ၊သိမ်ငယ် ခဲ့ ရပါတယ်။ “ကျွန်မရဲ့ မျက်နှာကို အရမ်းမုန်းတယ်။လူတွေ ကျွန်မ မျက်နှာကို ကြည့်တာ မမြင် ချင်ဘူး။အပြင် သွား ရတာ၊ရထား စီးရတာ ကို မုန်းတယ်။ဒါကြောင့် ကျွန်မ မိဘ တွေက ကျွန်မကို ကျောင်းလာကြို ပေး ကြတာ..” လို့ Mikishi က ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကြောင့် စိတ်ပါ မတည်မငြိမ် ဖြစ်လာခဲ့ သူမ ဟာ နောက်ဆုံး မိခင်ဖြစ်သူကို ပလတ်စတစ် ဆာဂျရီ လုပ်ချင် တဲ့ အကြောင်း ဝန်ခံခဲ့ပါတယ်။မိခင်ကလည်း ရုပ်ရည်နဲ့ ပတ်သက်ပြီး အရူးအမူး ဖြစ်နေတဲ့ သမီး ရဲ့ ဆန္ဒ ကို လိုက် လျော ပေးခဲ့ပါတယ်။စလုပ်ခါ စ က တော့ သုံးလ လောက် အပြင် မထွက်ပဲ လူတွေ သူမကို မြင်ရင် ဘာ တွေး ကြမလဲ ဆိုတာကို စိတ်ပူ ပန် နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အစိုးရ ရုံးတစ်ရုံးမှာ Part Time အလုပ် လုပ်ခဲ့ပါတယ်။

ခွဲစိတ်မှု တွေ လုပ် ပြီး တော့ လည်း ယုံကြည်မှု မရ သေးတဲ့ သူမဟာ နောက်ပိုင်းမှာတော့ မေး၊နှာခေါင်း၊မျက်လုံး .. အကုန် ခွဲ စိတ်မှု တွေ ထပ် လုပ် ခဲ့ပါတယ်။
ခွဲစိတ်မှု အကြီးစား အ နေနဲ့ ဆိုရင် တော့ လေးကြိမ် တောင် လုပ်ခဲ့ပါတယ်။ခွဲစိတ် ခ တစ်ချို့ကိုတော့ အ ကြွေးယူ ပြီး တော့ ပြုလုပ်ခဲ့တာပါ။ပလတ်စတစ် ဆာဂျရီ ကို ဘယ်လောက်ထိ ရူးသွပ် လဲဆိုရင် တော့ နောက် ဆုံး မှာတော့ သူမဟာ Popelka Co. Ltd. ကို ထူထောင်ခဲ့ပါတယ်။

အဲ့ဒီ ကုမ္ပဏီ က တော့ ပလတ်စတစ် ဆာဂျရီ လုပ် ချင် တဲ့ သူတွေကို တိုင်ပင်ဆွေးနွေး ပေးတဲ့ ကုမ္ပဏီပါ။

Credit – shwemom

Zawgyi Version

ဆာဂ်ရီ အစြမ္းနဲ႕ နတ္ေရကန္ထဲ ခုန္ဆင္းလိုက္သလို ေျပာင္းလဲသြားတဲ့ ခ်စ္စရာမိန္းကေလး

ဒီေန႕ေခတ္က ေတ့ာ ပိုက္ဆံရွိရင္ လူတိုင္းလွတဲ့ ေခတ္ ျဖစ္လာပါၿပီ။ေမြးရာပါ မလွ လည္း ေငြ ရွိရင္ ဒါေတြ အားလုံးက ျပင္ ယူလို႔ရပါတယ္။ဒီလို ျပင္ယူလိုက္တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ဂ်ပန္ မိန္းက ေလး တစ္ေယာက္က ေတာ့ အြန္လိုင္း ေပၚ မွာ နာမည္ႀကီး ေနပါတယ္။သူမရဲ႕ နာမည္က ေတာ့ Mikishi ပါ။

ဘယ္ေလာက္ အထိ ပင္ကိုယ္႐ုပ္နဲ႕ ျပင္ၿပီး ႐ုပ္က ကြာ ျခား လဲ ဆိုရင္ ေတာ့ နတ္ေရကန္ထဲ ခုန္ ဆင္းလိုက္သလို ကို ေျပာင္းလဲ သြားတာပါ။ သူမရဲ႕ ေျပာင္းလဲ မႈ ပုံရိပ္ေတြ က ေတာ့ ဆိုရွယ္မီဒီယာ ေပၚ မွာ လူ ေျပာ မ်ား ေနပါတယ္။ဒီအ ေၾကာင္းကိုေတာ့ odditycentral မွာ ေဖာ္ျပထားတာပါ။

Mikishi က ေတာ့ အခုဆိုရင္ ပလတ္စတစ္ဆာဂ်ရီ အတြက္ ေၾကာ္ျငာ ပိုစတာ မွာ ပါဝင္ ေပးတဲ့ မိန္းက ေလး ျဖစ္ လာခဲ့ပါတယ္။သူမ အရင္ဆုံး လုပ္တဲ့ ခြဲစိတ္ျပင္ဆင္မႈ ကေတာ့ မ်က္ႏွာရဲ႕ Shape ကို ပုံျပင္ သြင္းတာ ပါ။အထက္ တန္း ေက်ာင္းၿပီးေတာ့ ဒီျပင္ဆင္မႈကို လုပ္ခဲ့တာပါ။အဲ့ဒီေနာက္မွာေတာ့ ဆာဂ်ရီ ခြဲစိတ္ျပင္ဆင္မႈေတြ အမ်ားႀကီးကို ဆက္တိုက္ လုပ္ ခဲ့ပါတယ္။

အေမရိကန္ ေဒၚလာ (၄)ေသာင္း ေလာက္ အကုန္ ခံၿပီးေတာ့ ကို ဒီလို ခြဲ စိတ္ျပင္ဆင္မႈေတြ ကို လုပ္ခဲ့တာပါ။ဒါေပမယ့္ သူမ ေငြကုန္ရ က်ိဳး နပ္ခဲ့ပါတယ္။အရင္ ေပ်ာက္ဆုံး ေနခဲ့တဲ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြကို ျပန္ ရခဲ့ကာ လက္ရွိ အသစ္ ရလာတဲ့ သူမရဲ႕ ႐ုပ္ရည္ကို အားရ ေက်နပ္ ေပ်ာ္႐ႊင္ ေနပါတယ္။ Mikishi ကိုယ္တိုင္ ကလည္း တကယ္ ပလတ္စတစ္ ဆာဂ်ရီ လုပ္ဖို႔ လိုအပ္တယ္လို႔ ခံစားေနရသူေတြ အေနနဲ႕ ခြဲ စိတ္ျပဳျပင္မႈ ေတြကို လုပ္ ၾက ဖို႔ အႀကံ ျပဳ ခဲ့ပါတယ္။

အထက္တန္း ေက်ာင္းသူဘဝတည္းက ဒီလို ျပဳျပင္ ခြဲစိတ္မႈေတြ ကို လုပ္ခ်င္ခဲ့တာပါ။သူမရဲ႕ အိမ္မက္က ေမာ္ဒယ္ ျဖစ္ ခ်င္ တာပါ။ဒီအ ေၾကာင္းကို သူငယ္ခ်င္းေတြကို ေျပာျပ ေတာ့ သူမကို ေလွာင္ ေျပာင္ခဲ့ ၾကပါတယ္။ သူငယ္ခ်င္း တစ္ေယာက္က ဆိုရင္ မွန္ၾကည့္ၿပီးမွ ေျပာလို႔ ေတာင္ သူမကို ျပန္ ေျပာ ခဲ့တာပါ။

အဲ့ဒါ ေၾကာင့္ ရွက္လဲ ရွက္ ၊အားလဲ ငယ္ခဲ့ရပါတယ္။ေဘး ပတ္ဝန္းက်င္ က မိန္းကေလးေတြ နဲ႕ ယွဥ္လိုက္တိုင္း သူမ ကိုယ္ သူမ အားငယ္၊စိတ္ဓါတ္က် ၊သိမ္ငယ္ ခဲ့ ရပါတယ္။ “ကြၽန္မရဲ႕ မ်က္ႏွာကို အရမ္းမုန္းတယ္။လူေတြ ကြၽန္မ မ်က္ႏွာကို ၾကည့္တာ မျမင္ ခ်င္ဘူး။အျပင္ သြား ရတာ၊ရထား စီးရတာ ကို မုန္းတယ္။ဒါေၾကာင့္ ကြၽန္မ မိဘ ေတြက ကြၽန္မကို ေက်ာင္းလာႀကိဳ ေပး ၾကတာ..” လို႔ Mikishi က ေျပာပါတယ္။

႐ုပ္ပိုင္းဆိုင္ရာ ေၾကာင့္ စိတ္ပါ မတည္မၿငိမ္ ျဖစ္လာခဲ့ သူမ ဟာ ေနာက္ဆုံး မိခင္ျဖစ္သူကို ပလတ္စတစ္ ဆာဂ်ရီ လုပ္ခ်င္ တဲ့ အေၾကာင္း ဝန္ခံခဲ့ပါတယ္။မိခင္ကလည္း ႐ုပ္ရည္နဲ႕ ပတ္သက္ၿပီး အ႐ူးအမူး ျဖစ္ေနတဲ့ သမီး ရဲ႕ ဆႏၵ ကို လိုက္ ေလ်ာ ေပးခဲ့ပါတယ္။စလုပ္ခါ စ က ေတာ့ သုံးလ ေလာက္ အျပင္ မထြက္ပဲ လူေတြ သူမကို ျမင္ရင္ ဘာ ေတြး ၾကမလဲ ဆိုတာကို စိတ္ပူ ပန္ ေနခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ အစိုးရ ႐ုံးတစ္႐ုံးမွာ Part Time အလုပ္ လုပ္ခဲ့ပါတယ္။

ခြဲစိတ္မႈ ေတြ လုပ္ ၿပီး ေတာ့ လည္း ယုံၾကည္မႈ မရ ေသးတဲ့ သူမဟာ ေနာက္ပိုင္းမွာေတာ့ ေမး၊ႏွာေခါင္း၊မ်က္လုံး .. အကုန္ ခြဲ စိတ္မႈ ေတြ ထပ္ လုပ္ ခဲ့ပါတယ္။
ခြဲစိတ္မႈ အႀကီးစား အ ေနနဲ႕ ဆိုရင္ ေတာ့ ေလးႀကိမ္ ေတာင္ လုပ္ခဲ့ပါတယ္။ခြဲစိတ္ ခ တစ္ခ်ိဳ႕ကိုေတာ့ အ ေႂကြးယူ ၿပီး ေတာ့ ျပဳလုပ္ခဲ့တာပါ။ပလတ္စတစ္ ဆာဂ်ရီ ကို ဘယ္ေလာက္ထိ ႐ူးသြပ္ လဲဆိုရင္ ေတာ့ ေနာက္ ဆုံး မွာေတာ့ သူမဟာ Popelka Co. Ltd. ကို ထူေထာင္ခဲ့ပါတယ္။

အဲ့ဒီ ကုမၸဏီ က ေတာ့ ပလတ္စတစ္ ဆာဂ်ရီ လုပ္ ခ်င္ တဲ့ သူေတြကို တိုင္ပင္ေဆြးေႏြး ေပးတဲ့ ကုမၸဏီပါ။

Credit – shwemom