AMAZING

စာနာ အသိတရားရှိစွာနဲ့ သူများ ခြံထဲက ဖရဲသီးကိုခိုးယူသွားခဲ့တဲ့ သူခိုး

စာနာ အသိတရားရှိစွာနဲ့ သူများ ခြံထဲက ဖရဲသီးကိုခိုးယူသွားခဲ့တဲ့ သူခိုး

ဒီလို သူခိုးတစ်ယောက်ရဲ့ လုပ်ရပ်ကအတော်ရှားတယ်လို့ ပြောရမှာပါပဲ ။ အကြောင်းရင်းကတော့ အပင်က ဖရဲသီးကို ခိုးယူသွားခဲ့ပြီး အဆိုပါဖြုတ်ယူသွားတဲ့ ဖရဲသီးရဲ့နေရာမှာ ကျသင့်ငွေတန်ဖိုး ချန်ထားရစ်ခဲ့လို့ပါပဲ။

အဲ့ဒါကြောင့် ဖရဲသီးပိုင်ရှင်က အဆိုပါအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ပြီး social media ပေါ်မှာ ဝေမျှပေးခဲ့ပါတယ် ။ တစ်ကယ့်ကို အသိတရားရှိလွန်းတဲ့ သူခိုးလို့ပဲပြောရမလဲ ၊ ဒါမှမဟုတ် ဆိုင်အထိ သွားဝယ်ဖို့ အပျင်ထူလွန်းတဲ့ သူလို့ပြောရမလား ပါပဲ ။

ဒါပေမဲ့ ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ ပိုင်ရှင်မသိဘဲ ယူတဲ့လုပ်ရပ်က မကောင်းတဲ့လုပ်ရပ်လို့ ပြောရမှာပါပဲလေ ။

Crd – (Mckzone Daily)

Zawgyi





Crd – (Mckzone Daily)