AMAZING

သိန်း ၉,၀၀၀ ကျော်အကုန်ကျခံတည်ဆောက်ထားတဲ့ မြန်မာပြည်က ကိုဗစ်စင်တာ

သိန်း ၉,၀၀၀ ကျော်အကုန်ကျခံတည်ဆောက်ထားတဲ့ မြန်မာပြည်က ကိုဗစ်စင်တာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လူဦးရေ ၁၂၀၀ ဝန်းကျင်ဆံ့ ကွာရန်တင်းစင်တာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး ကိုဗစ် Positive လူနာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက ယနေ့ (ဇူလိုင် ၁၅ ရက်) သတင်းထုတ်ပြန်သည်။

အဆိုပါ ကွာရန်တင်းစင်တာ (Container House Quarantine Center) ကို ကွန်တိန်နာ အလုံးရေ ၂၀၀ ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး လူဦးရေ ၁၂၀၀ ဝန်းကျင် ထားရှိနိုင်ကြောင်း၊ စင်တာ၏ အခန်းတခန်းစီတွင် ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီး၊ Air Con များ ပါဝင်ကြောင်း သိရသည်။

စင်တာရဲ့ တစ်ခန်းချင်းဆီမှာ ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီးနဲ့ Air Con တွေ ပါဝင်ပြီး လက်ရှိမှာတော့ လူနာတွေကို လက်ခံနေပြီဖြစ်ပါတယ်။

ယင်း စင်တာကို Hanley Group Limited ၏ မန်နေဂျင်းဒါရိုက်တာ၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ချောချောအေးက ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်သည်ဟုလည်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Container House တလုံးကို တရုတ် ယွမ်ငွေ ၂၀,၀၀၀ (ပျမ်းမျှ မြန်မာငွေကျပ် ၅၀ သိန်း ဝန်းကျင်) ကုန်ကျပြီး အလုံးရေ ၂၀၀ ဖြစ်ရာ မြန်မာငွေကျပ် သိန်း ၉,၀၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။

မနေ့ ဇူလိုင် ၁၄ ရက်အထိ လောက်ကိုင်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာ (၁,၈၇၀)ဦးထဲက သက်သာလာသူ (၃၈၆)ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိနေပါတယ်။

ဒီစင်တာမှာ ကွာရန်တင်းဝင်လိုသူတွေအနေနဲ့ သာမန်အရပ်သားဆိုရင်အခမဲ့ဖြစ်ပြီးတော့ ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ တစ်ဦးကို တစ်ရက် စားသောက်စရိတ် ယွမ် ၁၀၀ (မြန်မာငွေကျပ် ၂၀၀၀၀ ဝန်းကျင်) ပေးဆောင်ရမှာဖြစ်ပါတယ်။ crd

Zawgyi

သိန္း ၉,၀၀၀ ေက်ာ္အကုန္က်ခံတည္ေဆာက္ထားတဲ့ ျမန္မာျပည္က ကိုဗစ္စင္တာ

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕တြင္ လူဦးေရ ၁၂၀၀ ဝန္းက်င္ဆံ့ ကြာရန္တင္းစင္တာ တည္ေဆာက္ၿပီးစီးသြားၿပီျဖစ္ၿပီး ကိုဗစ္ Positive လူနာမ်ားကို စတင္လက္ခံေနၿပီျဖစ္ေၾကာင္း ကိုးကန႔္လူမႈဖြံ႕ၿဖိဳးေရးအသင္းက ယေန႕ (ဇူလိုင္ ၁၅ ရက္) သတင္းထုတ္ျပန္သည္။

အဆိုပါ ကြာရန္တင္းစင္တာ (Container House Quarantine Center) ကို ကြန္တိန္နာ အလုံးေရ ၂၀၀ ျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး လူဦးေရ ၁၂၀၀ ဝန္းက်င္ ထားရွိနိုင္ေၾကာင္း၊ စင္တာ၏ အခန္းတခန္းစီတြင္ ေရခ်ိဳးခန္း၊ အိမ္သာ၊ ေဘစင္၊ ေရပူေရေအး၊ ကုတင္၊ မီး၊ Air Con မ်ား ပါဝင္ေၾကာင္း သိရသည္။

စင္တာရဲ႕ တစ္ခန္းခ်င္းဆီမွာ ေရခ်ိဳးခန္း၊ အိမ္သာ၊ ေဘစင္၊ ေရပူေရေအး၊ ကုတင္၊ မီးနဲ႕ Air Con ေတြ ပါဝင္ၿပီး လက္ရွိမွာေတာ့ လူနာေတြကို လက္ခံေနၿပီျဖစ္ပါတယ္။

ယင္း စင္တာကို Hanley Group Limited ၏ မန္ေနဂ်င္းဒါရိုက္တာ၊ ကိုးကန႔္လူမႈဖြံ႕ၿဖိဳးေရးအသင္း၏ ဥကၠ႒၊ ေလာက္ကိုင္ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ေဒၚေခ်ာေခ်ာေအးက ေဆာက္လုပ္လႉဒါန္းေပးျခင္း ျဖစ္သည္ဟုလည္း ကိုးကန႔္လူမႈဖြံ႕ၿဖိဳးေရးအသင္း၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Container House တလုံးကို တ႐ုတ္ ယြမ္ေငြ ၂၀,၀၀၀ (ပ်မ္းမွ် ျမန္မာေငြက်ပ္ ၅၀ သိန္း ဝန္းက်င္) ကုန္က်ၿပီး အလုံးေရ ၂၀၀ ျဖစ္ရာ ျမန္မာေငြက်ပ္ သိန္း ၉,၀၀၀ ေက်ာ္ တန္ဖိုးရွိေၾကာင္း သိရသည္။

မေန႕ ဇူလိုင္ ၁၄ ရက္အထိ ေလာက္ကိုင္ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ လူနာ (၁,၈၇၀)ဦးထဲက သက္သာလာသူ (၃၈၆)ဦးနဲ႕ ေသဆုံးသူ ၅ ဦး ရွိေနပါတယ္။

ဒီစင္တာမွာ ကြာရန္တင္းဝင္လိုသူေတြအေနနဲ႕ သာမန္အရပ္သားဆိုရင္အခမဲ့ျဖစ္ၿပီးေတာ့ ကုမၸဏီဝန္ထမ္းဆိုရင္ေတာ့ တစ္ဦးကို တစ္ရက္ စားေသာက္စရိတ္ ယြမ္ ၁၀၀ (ျမန္မာေငြက်ပ္ ၂၀၀၀၀ ဝန္းက်င္) ေပးေဆာင္ရမွာျဖစ္ပါတယ္။ crd