AMAZING

ဖိနပ်ခိုးကျွမ်းတဲ့ ကြောင်လေးကြောင့် သခင်က အိမ်နီးချင်းတွေပြန်လာရွေးလို့ရအောင် Facebook Page ပါဖွင့်ထားရတဲ့ အဖြစ်

ဖိနပ်ခိုးကျွမ်းတဲ့ ကြောင်လေးကြောင့် သခင်က အိမ်နီးချင်းတွေပြန်လာရွေးလို့ရအောင် Facebook Page ပါဖွင့်ထားရတဲ့ အဖြစ်

ကြောင်လေးများနှင့်ပတ်သက်လာလျှင် လူအများက ကြောင်လေးတွေဟာ တစ်ခါတစ်ရံမှာ အိမ်နီးချင်းတွေရဲ့ အစားအစာတွေကို ယူစားတတ်တယ်လို့ ထင်တတ်ကြပါတယ်။တကယ်လည်း ကြောင်တွေက ခိုးယူစားတတ်ကြတာပါ။ကြောင်လေးတွေဟာ သူတို့ရဲ့ပိုင်ရှင် သို့မဟုတ် အိမ်နီးချင်းတို့ထံမှာ အစာစားရဖို့ အမြဲလိုလို ၎င်းတို့အား အစာကျွေးမယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် စားပွဲခုံတွေပေါ်မှာ ထိုင်စောင့်နေတတ်ကြပါတယ်။

ကြောင်တွေရဲ့ စားပွဲပေါ်က အစာကို ခိုးယူတတ်တဲ့ meme တွေကိုလည်း social media တခွင်မှာ တွေ့ဖူးကြမှာပါ။သို့သော် ဖိလစ်ပိုင်နိုင်ငံရှိ ကြောင်တစ်ကောင်ဟာ အစာတွေ ခိုးယူရမှာကို ငြီးငွေ့လာပြီး အစာအစား ဖိနပ်တွေကို ခိုးယူလာခဲ့ပါတယ်။ဖိနပ်တွေဟာ ၎င်းတို့ရဲ့အိမ်မှာ စုပုံလာတဲ့အခါ ကြောင်ရဲ့ပိုင်ရှင်ဖြစ်တဲ့ BJ Rose က အတော်လေး အံ့အားသင့်သွားခဲ့ပါတယ်။သူတို့အိမ်မှာ ဘာကြောင့်ဖိနပ်တွေများနေရတာလဲဆိုတာကို BJ က သေချာမသိခဲ့ပါဘူး။

ထို့ပြင် ဖိနပ်တွေကလည်း တစ်ဖက်ချင်းစီဖြစ်မနေဘဲ အစုံလိုက်အတူတူရှိနေခဲ့ပါတယ်။BJ က သူတို့ရဲ့အိမ်ရှေ့တံခါးမှာ တစ်ယောက်ယောက်ကများ ဖိနပ်တွေကို လာလှူခဲ့တာ သို့မဟုတ် မေ့ကျန်ခဲ့တာလည်းလို့ဘဲ ထင်နေခဲ့ပါတယ်။ထို့နောက် တစ်နေ့ တစ်ခြား ဖိနပ်တွေက များများလာတာကြောင့် အိမ်ရှေ့ကCCTV ကို စစ်ဆေးကြည့်လိုက်တဲ့အခါ BJ ဟာ အတော်လေး အံ့အားသင့်သွားခဲ့ရပါတယ်။

သူတို့ရဲ့အချစ်တော် ကြောင်ကြီး Jordan က သူတို့ရဲ့အိမ်သို့ ဖိနပ်တွေကို ယူဆောင်နေခဲ့ပြီး ညတိုင်းလိုလို ဖိနပ်တစ်စုံစီကို သယ်ဆောင်နေခဲ့ပါတယ်။ထို့နောက် BJ က ကြောင်လေးရဲ့ကိုယ်ပေါ်မှာ ခြေရာခံစက် တပ်ဆင်ပေးလိုက်ကာ ကြောင်လေးဟာ ဖိနပ်တွေကို စုဆောင်းဖို့ အခြားအိမ်နီးချင်းအိမ်များသို့သွားခဲ့တာကြောင့် ခြေရာခံစက်ပေါ်က မြေပုံကလည်း ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။

ကြောင်လေးဟာ ဖိနပ်တွေကို အစုံလိုက်စုဆောင်းရမှန်းကို ကောင်းကောင်းသိနေသော်လည်း တစ်ချိန်တည်းမှာ ဖိနပ်တစ်ဖက်ကိုသာ အိမ်သို့ ယူသွားနိုင်တာကြောင့် ကြောင်လေးဟာ ၎င်းတို့အိမ်မှာ သူခိုးခဲ့တဲ့အိမ်သို့ တစ်ခေါက်ပြန်သွားရပေမဲ့ သူဟာ လမ်းကြောကို ကောင်းကောင်းမှတ်မိနေခဲ့ပါတယ်။အတော်လေးကို ဥာဏ်ကောင်းတဲ့ကြောင်လေးပါဘဲ။

ထို့နောက် BJ ဟာ ကြောင်လေးရဲ့ကျေးဇူးဖြင့် သူအိမ်မှာ ဖိနပ်အရံပေါင်း ၅၀ အထိရှိလာတာကြောင့် အိမ်နီးချင်းများက ၎င်းတို့ရဲ့ပျောက်ဆုံးသွားတဲ့ဖိနပ်ကို ပြန်လာယူနိုင်ရန် Facebook page ဖွင့်ရတဲ့အထိတောင် ဖြစ်သွားခဲ့ရပါတယ်။ကြောင်လေးရဲ့ဝါသနာကလည်း အဆန်းပါလားနော်။အတော့်ကို ချစ်ဖို့ကောင်းတဲ့ကြောင်လေးပါဘဲ သခင့်ကို ဒုက္ခလေးပေးလိုက်ရလို့ ဝမ်းသာနေရှာမှာပါလေ။

Crd – Mia (kbdailynews)

Zawgyi

ဖိနပ္ခိုးကြၽမ္းတဲ့ ေၾကာင္ေလးေၾကာင့္ သခင္က အိမ္နီးခ်င္းေတြျပန္လာေ႐ြးလို႔ရေအာင္ Facebook Page ပါဖြင့္ထားရတဲ့ အျဖစ္

ေၾကာင္ေလးမ်ားႏွင့္ပတ္သက္လာလွ်င္ လူအမ်ားက ေၾကာင္ေလးေတြဟာ တစ္ခါတစ္ရံမွာ အိမ္နီးခ်င္းေတြရဲ႕ အစားအစာေတြကို ယူစားတတ္တယ္လို႔ ထင္တတ္ၾကပါတယ္။တကယ္လည္း ေၾကာင္ေတြက ခိုးယူစားတတ္ၾကတာပါ။ေၾကာင္ေလးေတြဟာ သူတို႔ရဲ႕ပိုင္ရွင္ သို႔မဟုတ္ အိမ္နီးခ်င္းတို႔ထံမွာ အစာစားရဖို႔ အၿမဲလိုလို ၎တို႔အား အစာေကြၽးမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ စားပြဲခုံေတြေပၚမွာ ထိုင္ေစာင့္ေနတတ္ၾကပါတယ္။

ေၾကာင္ေတြရဲ႕ စားပြဲေပၚက အစာကို ခိုးယူတတ္တဲ့ meme ေတြကိုလည္း social media တခြင္မွာ ေတြ႕ဖူးၾကမွာပါ။သို႔ေသာ္ ဖိလစ္ပိုင္နိုင္ငံရွိ ေၾကာင္တစ္ေကာင္ဟာ အစာေတြ ခိုးယူရမွာကို ၿငီးေငြ႕လာၿပီး အစာအစား ဖိနပ္ေတြကို ခိုးယူလာခဲ့ပါတယ္။ဖိနပ္ေတြဟာ ၎တို႔ရဲ႕အိမ္မွာ စုပုံလာတဲ့အခါ ေၾကာင္ရဲ႕ပိုင္ရွင္ျဖစ္တဲ့ BJ Rose က အေတာ္ေလး အံ့အားသင့္သြားခဲ့ပါတယ္။သူတို႔အိမ္မွာ ဘာေၾကာင့္ဖိနပ္ေတြမ်ားေနရတာလဲဆိုတာကို BJ က ေသခ်ာမသိခဲ့ပါဘူး။

ထို႔ျပင္ ဖိနပ္ေတြကလည္း တစ္ဖက္ခ်င္းစီျဖစ္မေနဘဲ အစုံလိုက္အတူတူရွိေနခဲ့ပါတယ္။BJ က သူတို႔ရဲ႕အိမ္ေရွ႕တံခါးမွာ တစ္ေယာက္ေယာက္ကမ်ား ဖိနပ္ေတြကို လာလႉခဲ့တာ သို႔မဟုတ္ ေမ့က်န္ခဲ့တာလည္းလို႔ဘဲ ထင္ေနခဲ့ပါတယ္။ထို႔ေနာက္ တစ္ေန႕ တစ္ျခား ဖိနပ္ေတြက မ်ားမ်ားလာတာေၾကာင့္ အိမ္ေရွ႕ကCCTV ကို စစ္ေဆးၾကည့္လိုက္တဲ့အခါ BJ ဟာ အေတာ္ေလး အံ့အားသင့္သြားခဲ့ရပါတယ္။

သူတို႔ရဲ႕အခ်စ္ေတာ္ ေၾကာင္ႀကီး Jordan က သူတို႔ရဲ႕အိမ္သို႔ ဖိနပ္ေတြကို ယူေဆာင္ေနခဲ့ၿပီး ညတိုင္းလိုလို ဖိနပ္တစ္စုံစီကို သယ္ေဆာင္ေနခဲ့ပါတယ္။ထို႔ေနာက္ BJ က ေၾကာင္ေလးရဲ႕ကိုယ္ေပၚမွာ ေျခရာခံစက္ တပ္ဆင္ေပးလိုက္ကာ ေၾကာင္ေလးဟာ ဖိနပ္ေတြကို စုေဆာင္းဖို႔ အျခားအိမ္နီးခ်င္းအိမ္မ်ားသို႔သြားခဲ့တာေၾကာင့္ ေျခရာခံစက္ေပၚက ေျမပုံကလည္း ရႈပ္ယွက္ခတ္ေနခဲ့ပါတယ္။

ေၾကာင္ေလးဟာ ဖိနပ္ေတြကို အစုံလိုက္စုေဆာင္းရမွန္းကို ေကာင္းေကာင္းသိေနေသာ္လည္း တစ္ခ်ိန္တည္းမွာ ဖိနပ္တစ္ဖက္ကိုသာ အိမ္သို႔ ယူသြားနိုင္တာေၾကာင့္ ေၾကာင္ေလးဟာ ၎တို႔အိမ္မွာ သူခိုးခဲ့တဲ့အိမ္သို႔ တစ္ေခါက္ျပန္သြားရေပမဲ့ သူဟာ လမ္းေၾကာကို ေကာင္းေကာင္းမွတ္မိေနခဲ့ပါတယ္။အေတာ္ေလးကို ဥာဏ္ေကာင္းတဲ့ေၾကာင္ေလးပါဘဲ။

ထို႔ေနာက္ BJ ဟာ ေၾကာင္ေလးရဲ႕ေက်းဇူးျဖင့္ သူအိမ္မွာ ဖိနပ္အရံေပါင္း ၅၀ အထိရွိလာတာေၾကာင့္ အိမ္နီးခ်င္းမ်ားက ၎တို႔ရဲ႕ေပ်ာက္ဆုံးသြားတဲ့ဖိနပ္ကို ျပန္လာယူနိုင္ရန္ Facebook page ဖြင့္ရတဲ့အထိေတာင္ ျဖစ္သြားခဲ့ရပါတယ္။ေၾကာင္ေလးရဲ႕ဝါသနာကလည္း အဆန္းပါလားေနာ္။အေတာ့္ကို ခ်စ္ဖို႔ေကာင္းတဲ့ေၾကာင္ေလးပါဘဲ သခင့္ကို ဒုကၡေလးေပးလိုက္ရလို႔ ဝမ္းသာေနရွာမွာပါေလ။

Crd – Mia (kbdailynews)