Love & Relationship

ချစ်သူရည်စား မဟုတ်တော့ပေမဲ့ ကောင်မလေးကို ပေးထားခဲ့တဲ့ ကတိကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား

ချစ်သူရည်စား မဟုတ်တော့ပေမဲ့ ကောင်မလေးကို ပေးထားခဲ့တဲ့ ကတိကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသား

Pao Atienza အမည်ရှိအမျိုးသား ဟာ သူ့ရည်စားဟောင်းရဲ့ ကျောင်းဆင်းပွဲကို အတူတူတက်ရောက်မယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ Atienza တို့ချစ်သူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းက ပြီးခဲ့ပြီဆိုပေမဲ့လည်း Atienza ဟာ သူတို့နှစ်ဦးအတူရှိခဲ့တုန်းကထားရှိခဲ့တဲ့ ကတိကို ပြီးမြောက်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

ထိုအချိန်မှ စပြီး Atienza တို့ဇာတ်လမ်းဟာ Facebook မှာ ပျံ့နှံ့သွားခဲ့ပြီး Atienza အား လူအများက ချီးမွမ်းခဲ့ကြပါတယ်။Atienza ဟာ သူ အဆိုပါကျောင်းပွဲသို့တက်ရောက်ရန် ထပ်ခါတလဲလဲနှင့် အတွေးများခဲ့ရကြောင်း၊ သူတို့ဟာ အတူတကွရှိနေတာမဟုတ်တော့ကြောင်း နှင့် တစ်လကျော်ကြာ သူတို့နှစ်ဦးစကားပြောဆိုခဲ့ခြင်း မရှိတော့ပေမဲ့လည်း Atienza က သူ့ရဲ့ကတိတစ်ခုကိုအကောင်အထည်ဖော်ဖို့ သူမရဲ့ ကျောင်းဆင်းပွဲသို့သွားရန် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမစတင်မီ Atienza ဟာ သူမရဲ့ ဖခင်နှင့် အစ်ကိုဖြစ်သူတို့နှင့်အတူ စကားစမြည်ပြောဆိုခဲ့ပါတယ်။အခမ်းအနားစတင်တာနဲ့ Atienza ဟာ သူမ မိသားစုနားမှ ထွက်ခွါပြီး အစီအစဉ်များကို ကြည့်နေခဲ့ပါတယ်။သူမရဲ့ဒီပလိုမာဘွဲ့အား လက်ခံနေတာကိုကြည့်နေချိန်မှာဘဲ Atienza ဟာ သူ့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်တော့ဘဲ သူမရဲ့ အိမ်မက်များကို သူမအကောင်အထည်ဖော်နိုင်ပြီလို့ ဂုဏ်ယူကာ မျက်ရည်များ စီးကျနေခဲ့ပါတယ်။

ထိုအချိန်မှာ သူမရဲ့အစ်မကြီး က သူ့ကိုတွေ့လိုက်ပြီး “ မင်း အဆင်ပြေရဲ့လား၊ မင်း ဒါကို ကျော်ဖြတ်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။Atienza ကလည်း သူတို့အတူတူရှိနေစဉ်ကထားခဲ့တဲ့ ကတိကိုပြီးမြောက်အောင်လုပ်နိုင်ခဲ့လို့ ဝမ်းသာပြီး မျက်ရည်ကျတာလို့ ဝန်ခံခဲ့ပါတယ်။ခဏလေးအကြာတော့ ကောင်မလေးက သူ့ဆီသို့ သူမအတွက် လက်ဆောင်ကဘာလဲဆိုပြီး စနောက်ကာ စာပို့ခဲ့ပါတယ်။

Atienza က သူမအား ချီးကျူးဂုဏ်ပြုခဲ့ပြီး သူ ဘယ်လောက်ပျော်ရွှင်ခဲ့တာကို ပြောပြခဲ့ပါတယ်။သူမဟာ သူမရဲ့မိသားစုတချို့နှင့်ဓာတ်ပုံရိုက်ပြီးတဲ့အခါ Atienza က သူနဲ့ဓာတ်ပုံအတူတူရိုက်လို့ရလားလို့ သူမအား မေးလိုက်တဲ့အခါ သူမကလည်း သဘောတူခဲ့ပါတယ်။ထို့နောက် သူတို့ဟာ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြပါတယ်။Atienza က သူမကို သူ့ထံနောက်ထပ်တစ်ကြိမ်ပြန်လာစေဖို့ မျှော်လင့်ထားခဲ့ခြင်းမျိုး မဟုတ်ဘဲ သူပေးခဲ့တဲ့ကတိကို သူတည်အောင်လုပ်နိုင်ခဲ့လို့ ဝမ်းသာရကြောင်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။

crd -Mia (kbdailynews)

Zawgyi Version

ခ်စ္သူရည္စား မဟုတ္ေတာ့ေပမဲ့ ေကာင္မေလးကို ေပးထားခဲ့တဲ့ ကတိကို ၿပီးေျမာက္ေအာင္ ျဖည့္ဆည္းေပးခဲ့တဲ့ အမ်ိဳးသား

Pao Atienza အမည္ရွိအမ်ိဳးသား ဟာ သူ႕ရည္စားေဟာင္းရဲ႕ ေက်ာင္းဆင္းပြဲကို အတူတူတက္ေရာက္မယ္လို႔ ကတိေပးခဲ့ဖူးပါတယ္။ Atienza တို႔ခ်စ္သူႏွစ္ဦးရဲ႕အခ်စ္ဇာတ္လမ္းက ၿပီးခဲ့ၿပီဆိုေပမဲ့လည္း Atienza ဟာ သူတို႔ႏွစ္ဦးအတူရွိခဲ့တုန္းကထားရွိခဲ့တဲ့ ကတိကို ၿပီးေျမာက္ေအာင္ ျဖည့္ဆည္းေပးနိုင္ခဲ့ပါတယ္။

ထိုအခ်ိန္မွ စၿပီး Atienza တို႔ဇာတ္လမ္းဟာ Facebook မွာ ပ်ံ့ႏွံ႕သြားခဲ့ၿပီး Atienza အား လူအမ်ားက ခ်ီးမြမ္းခဲ့ၾကပါတယ္။Atienza ဟာ သူ အဆိုပါေက်ာင္းပြဲသို႔တက္ေရာက္ရန္ ထပ္ခါတလဲလဲႏွင့္ အေတြးမ်ားခဲ့ရေၾကာင္း၊ သူတို႔ဟာ အတူတကြရွိေနတာမဟုတ္ေတာ့ေၾကာင္း ႏွင့္ တစ္လေက်ာ္ၾကာ သူတို႔ႏွစ္ဦးစကားေျပာဆိုခဲ့ျခင္း မရွိေတာ့ေပမဲ့လည္း Atienza က သူ႕ရဲ႕ကတိတစ္ခုကိုအေကာင္အထည္ေဖာ္ဖို႔ သူမရဲ႕ ေက်ာင္းဆင္းပြဲသို႔သြားရန္ ေ႐ြးခ်ယ္ခဲ့တယ္လို႔ ဆိုပါတယ္။

အခမ္းအနားမစတင္မီ Atienza ဟာ သူမရဲ႕ ဖခင္ႏွင့္ အစ္ကိုျဖစ္သူတို႔ႏွင့္အတူ စကားစျမည္ေျပာဆိုခဲ့ပါတယ္။အခမ္းအနားစတင္တာနဲ႕ Atienza ဟာ သူမ မိသားစုနားမွ ထြက္ခြါၿပီး အစီအစဥ္မ်ားကို ၾကည့္ေနခဲ့ပါတယ္။သူမရဲ႕ဒီပလိုမာဘြဲ႕အား လက္ခံေနတာကိုၾကည့္ေနခ်ိန္မွာဘဲ Atienza ဟာ သူ႕ရဲ႕စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ေတာ့ဘဲ သူမရဲ႕ အိမ္မက္မ်ားကို သူမအေကာင္အထည္ေဖာ္နိုင္ၿပီလို႔ ဂုဏ္ယူကာ မ်က္ရည္မ်ား စီးက်ေနခဲ့ပါတယ္။

ထိုအခ်ိန္မွာ သူမရဲ႕အစ္မႀကီး က သူ႕ကိုေတြ႕လိုက္ၿပီး “ မင္း အဆင္ေျပရဲ႕လား၊ မင္း ဒါကို ေက်ာ္ျဖတ္နိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။Atienza ကလည္း သူတို႔အတူတူရွိေနစဥ္ကထားခဲ့တဲ့ ကတိကိုၿပီးေျမာက္ေအာင္လုပ္နိုင္ခဲ့လို႔ ဝမ္းသာၿပီး မ်က္ရည္က်တာလို႔ ဝန္ခံခဲ့ပါတယ္။ခဏေလးအၾကာေတာ့ ေကာင္မေလးက သူ႕ဆီသို႔ သူမအတြက္ လက္ေဆာင္ကဘာလဲဆိုၿပီး စေနာက္ကာ စာပို႔ခဲ့ပါတယ္။

Atienza က သူမအား ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး သူ ဘယ္ေလာက္ေပ်ာ္႐ႊင္ခဲ့တာကို ေျပာျပခဲ့ပါတယ္။သူမဟာ သူမရဲ႕မိသားစုတခ်ိဳ႕ႏွင့္ဓာတ္ပုံရိုက္ၿပီးတဲ့အခါ Atienza က သူနဲ႕ဓာတ္ပုံအတူတူရိုက္လို႔ရလားလို႔ သူမအား ေမးလိုက္တဲ့အခါ သူမကလည္း သေဘာတူခဲ့ပါတယ္။ထို႔ေနာက္ သူတို႔ဟာ တစ္ဦးႏွင့္တစ္ဦး ႏႈတ္ဆက္ကာ လမ္းခြဲခဲ့ၾကပါတယ္။Atienza က သူမကို သူ႕ထံေနာက္ထပ္တစ္ႀကိမ္ျပန္လာေစဖို႔ ေမွ်ာ္လင့္ထားခဲ့ျခင္းမ်ိဳး မဟုတ္ဘဲ သူေပးခဲ့တဲ့ကတိကို သူတည္ေအာင္လုပ္နိုင္ခဲ့လို႔ ဝမ္းသာရေၾကာင္း ျပန္လည္ေျပာျပခဲ့ပါေသးတယ္။

crd -Mia (kbdailynews)