KNOWLEDGE

သူလပေါင်းများစွာစုခဲ့တဲ့ စုဘူးလေးထဲက ပိုက်ဆံတွေကို ပရဟိတအသင်းကိုလှူ ဒါန်းလိုက်တဲ့ ၈ နှစ်သမီးလေး

သူလပေါင်းများစွာစုခဲ့တဲ့ စုဘူးလေးထဲက ပိုက်ဆံတွေကို ပရဟိတအသင်းကိုလှူ ဒါန်းလိုက်တဲ့ ၈ နှစ်သမီးလေး

သမီးကလေး ၀င့်ဝါနိုင်က နွားထိုးကြီးမြို့ အမှတ် (၁) ရပ်မှာ ချစ်ရ တဲ့ သူ့အဖေ ၊ အမေ တို့နဲ့ အတူနေထိုင် နေတဲ့ (၈) နှစ် သမီး လေး ။ လွန်ခဲ့တဲ့ လပေါင်း များစွာက တည်းက စပြီး မြေအိုး စုဘူးကလေးနဲ့ သူ့မုန့်ဖိုး လေးတွေ စုလာတာ ။ ခုဆို ငါးသောင်း ခြောက်သောင်း ရှိရောပေါ့လို့ သူ့မှန်းသ တဲ့။

အ၀တ်အစား အသစ်ဆို ၄ စုံ ၅ စုံ ရနိုင် မှာပေါ့။ ဖိနပ်လေး လည်း၀ယ်လို့ ရနိုင်တာပဲ။ မိန်းက လေးမို့ အမွေးပွ ရုပ်လေးတွေ၊ ကစားစရာ ဘိုမရုပ် လေးတွေ ရောပေါ့။ အမေ့ကို ခေါ်ပြီး လိုချ င်တာတွေ ဈေးထဲ ပတ်၀ယ် လိုက်မယ် ဆိုတဲ့ အ တွေးမျိုးနဲ့ သူစုခဲ့တာ ။

၀င့်ဝါနိုင့် စိတ်ထဲမှာတော့ပရဟိတ ဆိုတဲ့အလုပ်၊ အများအကျိုး ပြုခြင်း ဆိုတဲ့ အဓိပ္ပာယ် ၊ ကိုယ်ချင်းစာ တရားရဲ့‌ နွေးထွေးမှု တွေကို အရိပ်အမြွက်တော့ နားလည် သ လိုလိုရှိနေပြီ။ ဘေးက ခြံ၀န်းကြီးထဲမှာ ပရဟိတအဖွဲ့တစ်ခု ကယာယီ ရုံးဖွင့်ပြီး လုပ်နေတာ သူမြ င်တယ်။ ကြားလည်း ကြားတယ် ။နေ့တိုင်း အဖွဲ့ သား ဦးဦး တွေ ပျားတွေ ၀တ်ရည် သယ်သလို လူးလာခေါက်တုံ ကူးနေတာ။

“ ‌အမေ..သမီးစုဘူကို ဟိုဘက်က ဦးဦး တို့အဖွဲ့ကို အကုန်လုံး လှူပစ် လိုက်ချင်တယ် ” လည်းဆိုရော ..။ သူ့စုဘူး ၊ သူစုထားတာ ၊ သူ့သဘောပေါ့။ လှူချင်သပ ဆို အမေဖြစ်သူက ခေါ်ပေးရုံ ။ အလှူခံမယ့် ပရဟိတအဖွဲ့က ဦးဦးတွေ ရောက်တော့ မြေအိုးစုဘူး အ ကွဲ ကလေးဘေးမှာ ပိုက်ဆံ အခေါက် လေးတွေ ဖြည်ပြီး ရေနေတဲ့ ၀င့်ဝါနိုင်။ အားလုံးပေါင်း ၆၂၀၀၀ ( ခြောက်သောင်း နှစ်ထောင်ကျပ်တိတိ)ရ သတဲ့ ။

တစ်ပြားမှ သူ့ဖို့မချန်ဘူး။ အကုန်လုံး လှူမယ်ဆိုတဲ့ ဝိသာခါ မလေး။ ပြတ်လိုက်တဲ့သ ဒ္ဓါတရား။ ကြီးလိုက်တဲ့ စေတနာ အဟုန်။ပိုက်ဆံစုဘူးဆိုတာ သံသရာထိ ယူသွားလို့ မရဘူး ။

ကုသိုလ် စုဘူးကမှ သံသရာထိ ပါတာ လို့ သိများသိလေရော့သလား။ ငယ်သာ ငယ်တာ အသိကြွ ယ်တဲ့၀င့်ဝါနိုင်။ ဉာဏ် သိပ်ကြီးတဲ့ ၀င့်ဝါနိုင်လေး ကောင်းပြီး တော်မယ့် အတိဇာတ သမီးလေးဖြစ်ပါစေ။ အတ္တ၊ ပရ မျှတဲ့ ဘ၀ကို အောင်မြင်စွာ နဲ့တည်ဆောက် နိုင်ပါစေ။ အသက်ရှည်ပါစေ။ အ ဆင်းလှပါစေ။ ခွန်အားကြီးပါစေ။ ဉာဏ်ပညာကြီးပါစေ..လို့ ဆုတောင်း ပါတယ်ကွယ် ။

ခရက်ဒစ်