AMAZING

နှစ်ပေါင်း ၁၃၀၀ကျော် ရှိနေပြီး ဂင်းနစ်စံချိန်ဝင် ဂျပန်နိုင်ငံက ရိုးရာဟိုတယ်လေးအကြောင်း

နှစ်ပေါင်း ၁၃၀၀ကျော် ရှိနေပြီး ဂင်းနစ်စံချိန်ဝင် ဂျပန်နိုင်ငံက ရိုးရာဟိုတယ်လေးအကြောင်း

ဂျပန်နိုင်ငံ ယာမာနာရှီ စီရင်စုရှိ အလွန်လှပတဲ့ တောင်ခြေ နေရာလေးမှာ နီရှီးယားမ ဟိုတယ်လေး ရှိနေခဲ့တာဟာ နှစ်ပေါင်း ၁၃၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒီ ဟိုတယ်လေးကို အေဒီ ၇၀၅ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ တလွှား ခရီးသွားလောကမှာ အလွန် ကျော်ကြားပါတယ်။

Nishiyama Onsen Keiunkan ဟိုတယ်ဟာ ဂျပန်ရိုးရာ ဟိုတယ်တခုဖြစ်ပြီး စတင် တည်ဆောက် ကတည်းက ယခုအချိန်ထိ မိသားစု တခုထဲမှ ပိုင်ဆိုင်ခဲ့တာ မျိုးဆက် ၅၂ ဆက်တိုင်နေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ပေါ်မှာ သက်တမ်း အကြာရှည်ဆုံး ဟိုတယ်အဖြစ် ဂင်းနစ်စံချိန်တင်ထား ဖြစ်ကာ အေဒီ ၇၁၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ၎င်းကဲ့သို့ ဟိုတယ်ဖြစ်တဲ့ Hoshi Ryokan ဟာလည်း ဒုတိယအနေဖြင့် ရပ်တည်နေပါတယ်။

နီရှီယာမ အိုစန် နီးရုက ဟိုတယ် အာကိုင်းရှိ တောင်ခြေမှာ တည်ရှိတာဖြစ်ပြီး ဟကူဟို စမ်းချောင်းမှ ရေပူကို တိုက်ရိုက် အလွယ်တကူ ရရှိထားပါတယ်။

ပိုင်ရှင်ဟာလည်း နယ်နယ်ရရ ထဲမှ မဟုတ်ဘဲ ဂျပန်အင်ပါယာ ၃၈ ဆက်မြောက် ဘုရင် တန်းဂျီထံတွင် အမှုထမ်းသည့် လက်ရုံးတော်၏ သားဖြစ်သည့် ဖူဂျီဝါယာ မာဟီတို မှ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ခြေတွင် ရေပူစမ်းနှင့်အတူ တောင်ခြေတွင် ဖွင့်လှစ်ခဲ့ရာ ဒီရေပူစမ်း၏ အနာရောဂါ ပျောက်ကင်းနိုင်မှုကြောင့် ဂျပန်နိုင်ငံ တဝှမ်းမှာ ကျော်ကြားခဲ့ပါတယ်။

အဆိုပါ ရိုးရာ ဟိုတယ်သို့ တည်းခိုခဲ့သည့် နာမည်ကြီး ပုဂ္ဂိုလ်များတွင် ဂျပန်နိုင်ငံ၏ ပထမဆုံး ရှိုးဂန် တည်ဆောင်သူ တိုကူဂါဝါ လီယာဆူ နှင့် ဒိုင်မီယို တာကီဒါး ရှင်းဂန် တို့ ပါဝင်ပါတယ်။

ဒီဟော်တယ်လေးမှာ အခန်းပေါင်း ၃၇ ခန်း ပါဝင်ပြီး ကိုင်ဆက်ကီ စာသောက်ဆိုင်နှင့် လသာဆောင်တို့ ပါဝင်ပါတယ်။

၁၉၉၇ ခုနှစ်က အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ယခင် ရိုးရာမပျက် အဆင်အပြင်အတိုင်း ဆက်လက်ထားရှိခဲ့ပါတယ်။

ဒီလို လှပတဲ့ တောင်ကြား ဒေသလေးမှာ ရေပူစမ်း နှင့် သာယာလှတဲ့ နှစ် ၁,၃၀၀ ကျော်ပြီဖြစ်တဲ့ ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ဂျပန်ရိုးရာ ဟိုတယ်လေး အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

Crd

Zawgyi

ႏွစ္ေပါင္း ၁၃၀၀ေက်ာ္ ရွိေနၿပီး ဂင္းနစ္စံခ်ိန္ဝင္ ဂ်ပန္နိုင္ငံက ရိုးရာဟိုတယ္ေလးအေၾကာင္း

ဂ်ပန္နိုင္ငံ ယာမာနာရွီ စီရင္စုရွိ အလြန္လွပတဲ့ ေတာင္ေျခ ေနရာေလးမွာ နီရွီးယားမ ဟိုတယ္ေလး ရွိေနခဲ့တာဟာ ႏွစ္ေပါင္း ၁၃၀၀ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

ဒီ ဟိုတယ္ေလးကို ေအဒီ ၇၀၅ ခုႏွစ္ ကတည္းက စတင္ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ကမာၻ႔ တလႊား ခရီးသြားေလာကမွာ အလြန္ ေက်ာ္ၾကားပါတယ္။

Nishiyama Onsen Keiunkan ဟိုတယ္ဟာ ဂ်ပန္ရိုးရာ ဟိုတယ္တခုျဖစ္ၿပီး စတင္ တည္ေဆာက္ ကတည္းက ယခုအခ်ိန္ထိ မိသားစု တခုထဲမွ ပိုင္ဆိုင္ခဲ့တာ မ်ိဳးဆက္ ၅၂ ဆက္တိုင္ေနၿပီ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ကမာၻ႔ေပၚမွာ သက္တမ္း အၾကာရွည္ဆုံး ဟိုတယ္အျဖစ္ ဂင္းနစ္စံခ်ိန္တင္ထား ျဖစ္ကာ ေအဒီ ၇၁၈ ခုႏွစ္မွာ ဖြင့္လွစ္ခဲ့တဲ့ ၎ကဲ့သို႔ ဟိုတယ္ျဖစ္တဲ့ Hoshi Ryokan ဟာလည္း ဒုတိယအေနျဖင့္ ရပ္တည္ေနပါတယ္။

နီရွီယာမ အိုစန္ နီး႐ုက ဟိုတယ္ အာကိုင္းရွိ ေတာင္ေျခမွာ တည္ရွိတာျဖစ္ၿပီး ဟကူဟို စမ္းေခ်ာင္းမွ ေရပူကို တိုက္ရိုက္ အလြယ္တကူ ရရွိထားပါတယ္။

ပိုင္ရွင္ဟာလည္း နယ္နယ္ရရ ထဲမွ မဟုတ္ဘဲ ဂ်ပန္အင္ပါယာ ၃၈ ဆက္ေျမာက္ ဘုရင္ တန္းဂ်ီထံတြင္ အမႈထမ္းသည့္ လက္႐ုံးေတာ္၏ သားျဖစ္သည့္ ဖူဂ်ီဝါယာ မာဟီတို မွ ဖြင့္လွစ္ခဲ့တာ ျဖစ္ပါတယ္။

ေတာင္ေျခတြင္ ေရပူစမ္းႏွင့္အတူ ေတာင္ေျခတြင္ ဖြင့္လွစ္ခဲ့ရာ ဒီေရပူစမ္း၏ အနာေရာဂါ ေပ်ာက္ကင္းနိုင္မႈေၾကာင့္ ဂ်ပန္နိုင္ငံ တဝွမ္းမွာ ေက်ာ္ၾကားခဲ့ပါတယ္။

အဆိုပါ ရိုးရာ ဟိုတယ္သို႔ တည္းခိုခဲ့သည့္ နာမည္ႀကီး ပုဂၢိဳလ္မ်ားတြင္ ဂ်ပန္နိုင္ငံ၏ ပထမဆုံး ရွိုးဂန္ တည္ေဆာင္သူ တိုကူဂါဝါ လီယာဆူ ႏွင့္ ဒိုင္မီယို တာကီဒါး ရွင္းဂန္ တို႔ ပါဝင္ပါတယ္။

ဒီေဟာ္တယ္ေလးမွာ အခန္းေပါင္း ၃၇ ခန္း ပါဝင္ၿပီး ကိုင္ဆက္ကီ စာေသာက္ဆိုင္ႏွင့္ လသာေဆာင္တို႔ ပါဝင္ပါတယ္။

၁၉၉၇ ခုႏွစ္က အႀကီးစား ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ၿပီး ယခင္ ရိုးရာမပ်က္ အဆင္အျပင္အတိုင္း ဆက္လက္ထားရွိခဲ့ပါတယ္။

ဒီလို လွပတဲ့ ေတာင္ၾကား ေဒသေလးမွာ ေရပူစမ္း ႏွင့္ သာယာလွတဲ့ ႏွစ္ ၁,၃၀၀ ေက်ာ္ၿပီျဖစ္တဲ့ ကမာၻ႔ သက္တမ္းအရင့္ဆုံး ဂ်ပန္ရိုးရာ ဟိုတယ္ေလး အေၾကာင္းကို ဗဟုသုတအေနနဲ႕ မွ်ေဝလိုက္ပါတယ္။

Crd