Daily News










Unicode

ကိုဗစ်လူနာတွေ အရမ်းများပြားလွန်းတာကြောင့် ဦးဇင်းလဲ မနေနိုင်တော့ပဲ PPE ဝတ်စုံဝတ်ကာ ကူညီပေးနေရတဲ့အဖြစ်


မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေ၊ အသက်ရှူကြပ်လူနာတွေ၊ ကိုဗစ်ရောဂါကြောင့်သေဆုံးသွားတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများပြားလာနေခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုအခြေအနေက တော်တော်လေးဆိုးရွားနေပြီး ဆေးရုံမတင်လိုက်ရဘဲ သေဆုံးသွားသူတွေရှိသလို အောက်ဆီဂျင်စက်မရရှိဘဲ အသက်ရှူကြပ်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ကိုဗစ်ကုသရေးစင်တာတွေကောင်းကောင်းမရှိတော့တာကြောင့် ပြည်သူတွေချင်း အချင်းချင်းကူညီပေးနေကြရတာဖြစ်ပါတယ်။

ဆရာ၀န်တွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ online ကနေတစ်ဆင့်အခမဲ့ဆွေးနွေးမှုတွေပြုလုပ်ပေးနေသလို ပြည်သူချင်းလည်းလှူဒါန်းမှုတွေပြုလုပ်ပေးနေပြီး ပရဟိတအဖွဲ့အစည်းတွေကလည်း တတ်နိုင်သရွေ့ကူညီပေးနေကြတာဖြစ်ပါတယ်။

သို့သော်လည်း ကိုဗစ်လူနာအရေအတွက်ဟာ တစ်ဆထက်တစ်ဆများပြားနေတာကြောင့် ကူညီပေးနေကြတဲ့ပရဟိတလူတွေလည်း ပင်ပန်းနေကြရပြီဖြစ်ပါတယ်။

အခုလိုများပြားလာတဲ့ ကိုဗစ်လူနာတွေကို ကူညီဖို့အတွက် ဦးဇင်းတစ်ပါးဟာကိုယ်တိုင် PPE၀တျကာ တတ်အားသရွေ့တစ်ထောင့်တစ်နေရာကနေ ပါ၀င်ကူညီနေတာကို တွေ့ရပါတယ်။

အခုလိုလုပ်ရပ်လေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချက်ချင်းပျံ့နှံ့လာခဲ့ပြီး လေးစားချီးကျူးမှုတွေနဲ့အတူ ဆရာ့တော်အပေါ်ကြည်ညိုသူတွေများပြားနေတာတွေ့ရပါတယ်။ အခုလိုလေးစားဖွယ်ကောင်းတဲ့ ဆရာတော်ရဲ့ဖြစ်စဉ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။