CELEBRITY NEWS

ဖမ်းဆီးခံရထားတဲ့ခင်ပွန်းဖြစ်သူ ကိုလူမင်းကိုလွမ်းဆွတ်တမ်းတနေကြောင်း ပြောလာတဲ့ဇနီးခင်စံပယ်ဦး

ဖမ်းဆီးခံရထားတဲ့ခင်ပွန်းဖြစ်သူ ကိုလူမင်းကိုလွမ်းဆွတ်တမ်းတနေကြောင်း ပြောလာတဲ့ဇနီးခင်စံပယ်ဦး

သရုပ်ဆောင်လူမင်းကတော့တစ်ခေတ်တစ်ခါကအောင်မြင်ပြီးသားဖြစ်တဲ့အပြင်ပီပြင်ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့အားပေးမှုကို

ယနေ့ထက်ထိရရှိနေဆဲဖြစ်ပြီးအကယ်ဒမီတွေကိုလဲပိုင်ဆိုင်ထားပါတယ်၊အန်ကယ်လေးကိုအများကခေါ်ကြတဲ့လူမင်းကချစ်စရာကောင်းတဲ့ဇနီးနဲ့သားသားမီးမီးကိုလဲပိုင်ဆိုင်ထားပါသေးတယ်။

လူမင်းကတော့ဖေဖော်ဝါရီလကတည်းကစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာစစ်အာဏာရှင်ကိုတော်လှန်ခဲ့ပါတယ်၊ဝန်ထမ်းတွေအတွက်လဲအလှူငွေကောက်ခံတဲ့နေရာမှာလဲအားတက်သရောပါဝင်ခဲ့ပါသေးတယ်၊ဒါကြောင့်လဲပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ခံရပြီးနေအိမ်မှာပဲမတရားအဖမ်းဆီခံလိုက်ရကြောင်းဇနီးဖြစ်သူခင်စံပယ်ဦးကပြောကြားထားပါတယ်။

ယနေ့ထက်ထိဖမ်းဆီထားဆဲဖြစ်တဲ့ကိုလူမင်းအတွက်ဇနီးဖြစ်သူကလွမ်းဆွတ်နေတဲ့အကြောင်းလေးပြောကြားလာပါတယ်၊အနုပညာရှင်ညီအစ်ကိုမောင်နှမများအပြင်ပရိတ်သတ်တွေနဲ့ပြည်သူများကပါမတရားဖမ်းဆီးထားတဲ့သူတွေအားလုံးပြန်လွှတ်ပေးကြဖို့ဆုတောင်းပေးနေကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လ၃၀ရက်နေ့ကမတရားဖမ်းဆီးထားတဲ့အနုပညာရှင်အပါအဝင်ပြည်သူများကိုလွှတ်ပေးခဲ့ပါသေးတယ်၊ကျန်ရှိနေသေးတဲ့ပြည်သူတွေအားလုံးလဲအမြန်ဆုံးလွှတ်မြောက်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Zawgyi Version





