CELEBRITY NEWS
ပြည်သူတွေကို သူမဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သက်သေပြလိုက်တဲ့ သင်ဇာဝင့်ကျော်
ပြည်သူတွေကို သူမဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သက်သေပြလိုက်တဲ့ သင်ဇာဝင့်ကျော်
သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ချောမောလှပလွန်းတဲ့ရုပ်ရည်၊အမိုက်စားခန္ဓာကိုယ်နဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့
အားပေးမှုကိုယနေ့ထက်ထိအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်၊သင်ဇာဝင့်ကျော်ကဒီနောက်ပိုင်းမှာဆိုရင်အဝတ်အစားတွေနဲ့ပတ်သတ်ပြီးအလွန်ကြမ်းလွန်းလှတာကြောင့်ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုလဲခံရပါသေးတယ်။
သူမကတော့ပွဲအရဝတ်ကကြောင်းပြန်လည်ရှင်းပြထားပါတယ်၊မြန်မာဝတ်စုံနဲ့လဲအလွန့်အလွန်လိုက်ဖက်လွန်းတဲ့သူမကတော့အလှူအတန်းမှာလဲအင်မတန်ရက်ရောသူတစ်ယောက်ဖြစ်ပါတယ်။
တော်လှန်ရေးကြီးမှာဆိုရင်လဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါတယ်၊အကြောင်းအမျိုးမျိုးကြောင့်လူထုလှုပ်ရှားမှုတွေမှာမပါဝင်နိုင်ပေမယ့်လဲသူမတတ်နိုင်တဲ့နေရာကနေအကောင်းဆုံးပါဝင်နေတာလဲတွေ့ရပါတယ်၊
ယခုတစ်ခါမှာလဲလက်ရှိဖြစ်ပေါ့နေတဲ့ကပ်ရောဂါကြောင့်အောက်ဆီဂျင်လိုအပ်နေပြီးအောက်စီဂျင်စက်ကိုဝယ်ယူလှူဒါန်းပေးဖို့ရှိကြောင်းကိုသူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလာပါတယ်။
သင်ဇာဝင့်ကျော်ကတော့ဒီလိုအောက်ဆီဂျင်စက်မျိုးမြန်မာနိုင်ငံကစျေးကွက်ထဲမှာဝယ်ယူလို့ရမဲ့နေရာလေးရှိရင်သိချင်ပါ
တယ်၊ထိုင်းကတစ်ဆင့် လှူဒါန်းမဲ့အလှူရှင်ရှိလို့ပါ၊ဒီမှာဝယ်လို့ရတယ်ဆိုရင် လိပ်စာနဲ့ဆက်သွယ်ရမဲ့ဖုန်းနံပါတ်လေးတွေမန့်ခဲ့ပေးပါကျေးဇူးပါဆိုပြီးတော့အလှူရှင်ရှိကြောင်းနဲ့လှုဒါန်းမယ့်အကြောင်းကိုရေးသားဖော်ပြလာပါတယ်။
ပရိတ်သတ်တွေအားလုံးလဲဒီလိုကပ်ဆိုးကြီးကနေအမြန်ဆုံးကင်းလွှတ်ပြီးသာအေးချမ်းတဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်လိုက်ရပါတယ်။ crd
Zawgyi Version
သူမကတော့ပွဲအရဝတ်ကကြောင်းပြန်လည်ရှင်းပြထားပါတယ်၊မြန်မာဝတ်စုံနဲ့လဲအလွန့်အလွန်လိုက်ဖက်လွတဲ့သူမကတော့အလှူအတန်းမှာလဲအင်မတန်ရက်ရောသူတစ်ယောက်ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ဒီလိုအောက်ဆီဂျင်စက်မျိုးမြန်မာနိုင်ငံကဈေးကွက်ထဲမှာဝယ်ယူလို့ရမဲ့နေရာလေးရှိရင်သိချင်ပါ