Articles

(၇)နှစ်သမီးလေး မှားယွင်းပြီးမှာလိုက်တဲ့အော်ဒါကို Delivery သမား(၄၂)ယောက် သွားရောက်ပို့ဆောင်ခဲ့ရသောဖြစ်ရပ်

Unicode ဖြင့်ဖတ်ရန်

နှေးကွေးတဲ့အင်တာနက်လိုင်းဆွဲအားနဲ့ အပ်ပလီကေးရှင်း

စနစ်ချို့ယွင်းမှုတွေဟာ သင့်ကို ကံကောင်းဆိုးမှု

တစ်ခုနဲ့ ကြုံတွေ့သွားစေနိုင်ပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၅)ရက်နေ့က

ဖိလစ်ပိုင်နိုင်ငံမှာ အသက်ခုနနှစ်အရွယ်သာရှိသေးတဲ့

ကလေးမလေးတစ်ယောက်ဟာ

 

အစားအသောက်တွေကို ဖုန်းအပ်ပလီကေးရှင်းက

တစ်ဆင့် မှားယွင်းပြီးအော်ဒါမှာခဲ့မိတာကြောင့်

 

food panda အစားအသောက်ပို့ဆောင်ရေး

သမား(၄၂)ယောက်ခန့်ဟာ တစ်ပြိုင်နက်တည်း အိမ်

ကိုရောက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။

 

ထိုအဖြစ်အပျက်ဟာ Dan Kayne Suarez ဆိုသူရဲ့

ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်ရိုက်

ရိုက်ကူးထုတ်လွှင့်ခဲ့မှုကြောင့် တနှင့်တပိုး

ကြောက်မက်ဖွယ် food panda ပို့ဆောင်ရေးသမား

များစုဝေးပွဲကြီးအဖြစ် ပျံ့နှံသွားခဲ့ပါတယ်။

 

ထိုသူရဲ့အဆိုအရ က‌လေးမလေးဟာ မိဘနှစ်ပါး

အလုပ်သွားနေချိန် သူမနဲ့ သူမရဲ့အဘွားအတွက်

ကြက်ကြော်နှစ်ဘူးကို မှာယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး

သူမရဲ့မိဘတွေကလည်း သူမကို အပ်ပလီကေးရှင်း

အသုံးပြုပုံကို သင်ကြားပေးခဲ့ဖူးတာကြောင့်ဖြစ်တယ်

လို့ဆိုပါတယ်။

 

 

ကံမကောင်းစွာနဲ့ပဲ အလွန်နှေးတဲ့အင်တာနက်လိုင်းဆွဲ

အားကြောင့် အဆိုပါအပ်ပလီကေးရှင်းဟာ သူမရဲ့

အော်ဒါမှာယူမှု၌ ချို့ယွင်းမှုတစ်ခုဖြစ်ခဲ့ကြောင်း

ထပ်တလဲလဲပြနေခဲ့ပါတယ်။

 

အကြိမ်လေးဆယ်ကျော်ကြိုးစား အော်ဒါမှာခဲ့ပြီး

နောက်မှာ အောင်မြင်ခဲ့ပေမဲ့ ကလေးမလေး သတိမ

ထားလိုက်မိတာက ရှေ့ကမှာယူခဲ့တဲ့အော်ဒါတွေ

လည်း အောင်မြင်သွားခဲ့တယ်ဆိုတာပါပဲ။

သူမဟာ ပို့ဆောင်ရေးသမားတွေ အစုလိုက်ကြီးကို

မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ ငိုပါတော့တယ်။

ကြက်ကြော်တစ်ဘူးအတွက် (189)ပီဆိုးနဲ့ သူမရဲ့

များပြားလှတဲ့မှာယူမှုတွေအတွက် (7938)ပီဆိုးပေး

ဆောင်ရမှာဖြစ်ပြီး သူမအတွက်တော့ မှာယူမှုတစ်ခု

အတွက်သာ ပေးချေဖို့ငွေရှိခဲ့တာဖြစ်ပါတယ်။

 

“ကလေးမလေးကငိုနေတာ သူမ ဘာဖြစ်ခဲ့တယ်ဆို

တာတောင်မသိဘူး အရမ်းသနားဖို့ကောင်းတယ်”လို့

Suarez က Sun Star သတင်းစာတိုက်ကို ဖြေကြားခဲ့

ပါတယ်။ အခြားတစ်ယောက်ရဲ့ပြောကြားချက်အရ

Suarez အပါအဝင် ကလေးမလေးရဲ့အိမ်နီးနားချင်း

တွေဟာ ပို့ဆောင်ရေးသမားတွေဆီက ကြက်ကြော်

ဘူးတွေကို ခွဲဝေဝယ်ခဲ့ကြတယ်လို့သိရပါတယ်။

 

အိမ်နီးနားချင်းတွေဝယ်နေစဉ်မှာ အချို့ပို့ဆောင်ရေး

သမားတွေဟာ ငွေပေးချေမှုတောင် လက်မခံတော့ဘဲ

သူတို့ရဲ့နောက်ထပ်အမှာတွေကိုပို့ဆောင်ဖို့ထွက်ခွာ

သွားခဲ့တယ်လို့လည်းသိရပါတယ်။

မိနစ်နှစ်ဆယ်အကြာ ဗီဒီယိုအဆုံးမှာတော့ လမ်းတစ်ခု

လုံးမှာ ပန်းရောင် food panda သမားတွေ ရှင်းသွားခဲ့

ပါပြီ။ Suarez ကတော့ မိဘတွေ ကိုယ့်ကလေးတွေ

ဖုန်းသုံးနေတာဖြစ်ဖြစ် တစ်ခုခုမှာယူတော့မှာဖြစ်ဖြစ်

စောင့်ကြည့်ပေးကြပါလို့ ပြောခဲ့ပါတယ်။

 

Zawgyi code ဖြင့်ဖတ်ရန်

ေႏွးေကြးတဲ့အင္တာနက္လိုင္းဆြဲအားနဲ႕ အပ္ပလီေကးရွင္း

စနစ္ခ်ိဳ႕ယြင္းမႈေတြဟာ သင့္ကို ကံေကာင္းဆိုးမႈ

တစ္ခုနဲ႕ ႀကဳံေတြ႕သြားေစနိုင္ပါတယ္။

 

အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ နိုဝင္ဘာ(၂၅)ရက္ေန႕က

ဖိလစ္ပိုင္နိုင္ငံမွာ အသက္ခုနႏွစ္အ႐ြယ္သာရွိေသးတဲ့

ကေလးမေလးတစ္ေယာက္ဟာ

အစားအေသာက္ေတြကို ဖုန္းအပ္ပလီေကးရွင္းက

တစ္ဆင့္ မွားယြင္းၿပီးေအာ္ဒါမွာခဲ့မိတာေၾကာင့္

 

food panda အစားအေသာက္ပို႔ေဆာင္ေရး

သမား(၄၂)ေယာက္ခန႔္ဟာ တစ္ၿပိဳင္နက္တည္း အိမ္

ကိုေရာက္ရွိလာတာေၾကာင့္ပဲျဖစ္ပါတယ္။

 

ထိုအျဖစ္အပ်က္ဟာ Dan Kayne Suarez ဆိုသူရဲ႕

ေဖ့စ္ဘုတ္လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ တိုက္ရိုက္

ရိုက္ကူးထုတ္လႊင့္ခဲ့မႈေၾကာင့္ တႏွင့္တပိုး

ေၾကာက္မက္ဖြယ္ food panda ပို႔ေဆာင္ေရးသမား

မ်ားစုေဝးပြဲႀကီးအျဖစ္ ပ်ံ့ႏွံသြားခဲ့ပါတယ္။

ထိုသူရဲ႕အဆိုအရ က‌ေလးမေလးဟာ မိဘႏွစ္ပါး

အလုပ္သြားေနခ်ိန္ သူမနဲ႕ သူမရဲ႕အဘြားအတြက္

ၾကက္ေၾကာ္ႏွစ္ဘူးကို မွာယူဖို႔ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး

သူမရဲ႕မိဘေတြကလည္း သူမကို အပ္ပလီေကးရွင္း

အသုံးျပဳပုံကို သင္ၾကားေပးခဲ့ဖူးတာေၾကာင့္ျဖစ္တယ္

လို႔ဆိုပါတယ္။

 

ကံမေကာင္းစြာနဲ႕ပဲ အလြန္ေႏွးတဲ့အင္တာနက္လိုင္းဆြဲ

အားေၾကာင့္ အဆိုပါအပ္ပလီေကးရွင္းဟာ သူမရဲ႕

ေအာ္ဒါမွာယူမႈ၌ ခ်ိဳ႕ယြင္းမႈတစ္ခုျဖစ္ခဲ့ေၾကာင္း

ထပ္တလဲလဲျပေနခဲ့ပါတယ္။

အႀကိမ္ေလးဆယ္ေက်ာ္ႀကိဳးစား ေအာ္ဒါမွာခဲ့ၿပီး

ေနာက္မွာ ေအာင္ျမင္ခဲ့ေပမဲ့ ကေလးမေလး သတိမ

ထားလိုက္မိတာက ေရွ႕ကမွာယူခဲ့တဲ့ေအာ္ဒါေတြ

လည္း ေအာင္ျမင္သြားခဲ့တယ္ဆိုတာပါပဲ။

 

သူမဟာ ပို႔ေဆာင္ေရးသမားေတြ အစုလိုက္ႀကီးကို

ျမင္ေတြ႕လိုက္ရတဲ့အခ်ိန္မွာေတာ့ ငိုပါေတာ့တယ္။

ၾကက္ေၾကာ္တစ္ဘူးအတြက္ (189)ပီဆိုးနဲ႕ သူမရဲ႕

မ်ားျပားလွတဲ့မွာယူမႈေတြအတြက္ (7938)ပီဆိုးေပး

ေဆာင္ရမွာျဖစ္ၿပီး သူမအတြက္ေတာ့ မွာယူမႈတစ္ခု

အတြက္သာ ေပးေခ်ဖိဳ႕ေငြရွိခဲ့တာျဖစ္ပါတယ္။

 

“ကေလးမေလးကငိုေနတာ သူမ ဘာျဖစ္ခဲ့တယ္ဆို

တာေတာင္မသိဘူး အရမ္းသနားဖို႔ေကာင္းတယ္”လို႔

Suarez က Sun Star သတင္းစာတိုက္ကို ေျဖၾကားခဲ့

ပါတယ္။ အျခားတစ္ေယာက္ရဲ႕ေျပာၾကားခ်က္အရ

Suarez အပါအဝင္ ကေလးမေလးရဲ႕အိမ္နီးနားခ်င္း

ေတြဟာ ပို႔ေဆာင္ေရးသမားေတြဆီက ၾကက္ေၾကာ္

ဘူးေတြကို ခြဲေဝဝယ္ခဲ့ၾကတယ္လို႔သိရပါတယ္။

 

အိမ္နီးနားခ်င္းေတြဝယ္ေနစဥ္မွာ အခ်ိဳ႕ပို႔ေဆာင္ေရး

သမားေတြဟာ ေငြေပးေခ်မႈေတာင္ လက္မခံေတာ့ဘဲ

သူတို႔ရဲ႕ေနာက္ထပ္အမွာေတြကိုပို႔ေဆာင္ဖို႔ထြက္ခြာ

သြားခဲ့တယ္လို႔လည္းသိရပါတယ္။

 

မိနစ္ႏွစ္ဆယ္အၾကာ ဗီဒီယိုအဆုံးမွာေတာ့ လမ္းတစ္ခု

လုံးမွာ ပန္းေရာင္ food panda သမားေတြ ရွင္းသြားခဲ့

ပါၿပီ။ Suarez ကေတာ့ မိဘေတြ ကိုယ့္ကေလးေတြ

ဖုန္းသုံးေနတာျဖစ္ျဖစ္ တစ္ခုခုမွာယူေတာ့မွာျဖစ္ျဖစ္

ေစာင့္ၾကည့္ေပးၾကပါလို႔ ေျပာခဲ့ပါတယ္။