CELEBRITY NEWS

MRTV-4 မင်းသမီးချောလေး သွန်းသစ္စာဇော်ရဲ့မိခင်ဆေးကုသမှူ့ခံယူရင်း သေဆုံးသွားတဲ့ အကြောင်းအရင်း

MRTV-4 မင်းသမီးချောလေး သွန်းသစ္စာဇော်ရဲ့မိခင်ဆေးကုသမှူ့ခံယူရင်း သေဆုံးသွားတဲ့ အကြောင်းအရင်း

ချစ်လှစွာသော ပရိသတ်ကြီးရေ သွန်းသစ္စာဇော်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ဝမ်းနည်းစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။

သွန်းသစ္စာဇော် ရဲ့ မိခင်ကြီးကတော့ ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရာကနေ ဒီနေ့မနက်မှာပဲဆုံးပါးကွယ်လွန်သွားခဲ့တဲ့ အကြောင်းလေး ပဲဖြစ်ပါတယ်။ “ ဘယ်တော့မှ ချစ်လို့မဝဘူးနော် မေကြီးသမီးကို အချစ်ဆုံးပဲ မဟုတ်လား။ဒီလောက်ဆိုးရွားတဲ့ အခြေအနေကြီးကနေ မေကြီးကောင်းဖို့ထွက် သွားခဲ့တာဆိုရင် သမီးခံစားရလည်း တန်ပါတယ်လေ ” ဟုဆိုပြီး မိခင်ကြီးရဲ့ ကွယ်လွန်သွားတဲ့ အကြောင်းလေးကို မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင် သွန်းသစ္စာဇော် ရဲ့ မိခင်ကြီး ဆုံးပါးသွားတဲ့ သတင်းလေးကြောင့် လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတွေနဲ့ သူ့ရဲ့ပရိသတ်တွေကလည်း ထပ်တူ စိတ်မကောင်းဖြစ်ကြကြောင်းနဲ့အားမငယ်ဖို့ အားပေးစကားတွေပြောဆိုနေကြပါသေးတယ်။ပရိသတ်ကြီးတွေထဲက သွန်းသစ္စာဇော်ရဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းစရာသတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ; CeleZone

Zawgyi

 






Credit ; CeleZone