Local News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၀ရာခိုင်နှုန်းပြီးစီး

Unicode ဖြင့်ဖတ်ရန်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့်

ရန်ကုန်-ဒလတံတားစီမံကိန်း ၂၀ရာခိုင်နှုန်းပြီးစီးဖြစ်ကြောင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

 

ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံ

အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ

ကြီးမှူးကျင်းပသည့် 8th Global Infrastructure

Cooperation Conference ( GlCC 2020 )

အခမ်းအနားသို့

နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီး ဌာနမှ

Online ဖြင့်တက်ရောက်ရာတွင် ဆောက်လုပ်ရေး

ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဦးဟန်ဇော်ကပြောကြားခဲ့သည်။

 

“မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားသည်

စုစုပေါင်းအရှည် (၁၈၆၈) မီတာ ရှိပြီး၊

လေးလမ်းသွား Cable – Stayed Bridge အမျိုး

အစား ဖြစ်ပါကြောင်း ၊

 

စီမံကိန်းတန်ဖိုးမှာ ကိုရီးယား သမ္မတနိုင်ငံဘက်မှ

ချေးငွေအမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၈၃)သန်းနှင့်

မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ

(၃၀ ဒသမ ၃၄)သန်း စုစုပေါင်းစီမံကိန်း တန်းဖိုး

အမေရိကန် ဒေါ်လာ(၁၈၈ ဒသမ ၁၇)သန်း ဖြစ်ပါကြောင်း၊

 

တည်ဆောက်ရေးလုပ်ငန်း များအား(၂၀၁၉ မေလ

၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊

အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွား

ရန် မျှော်မှန်းထားပါကြောင်း၊

သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး

အတွက် တည်ဆောက်ရေး လုပ်ငန်းများအားနေ့၊

ညဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စုစုပေါင်း တံတား

တစ်စင်းလုံးအနေဖြင့် လုပ်ငန်းအားလုံး၏

၂၀ ရာခိုင်နှုန်းပြီး စီးပြီဖြစ်ပါကြောင်း”ပြည်ထောင်စု

ဝန်ကြီးကပြောကြားခဲ့သည်။

 

ရန်ကုန်-ဒလတံတားအား စတင်တည်ဆောက်ရန်

ပန္နက်ရိုက်တင်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီးတံတား

ပြီးစီးပါက ဖွံဖြိုးတိုးတက်မည့်အခြေအနေများကို

လည်းပြည်သူများထံ ပြောကြားထားသည်။

 

ဒလမြို့သစ်စီမံကိန်း အနေဖြင့် ရန်ကုန်မြို့ CBD

ဧရိယာနှင့် နီးကပ်စွာရှိသော ဒလမြို့သည် ဒလ

တံတားစီမံကိန်း ပြီးစီးပါက အလားအလာ

ကောင်းသော မြို့သစ်စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊

 

ဒလတံတားစီမံကိန်းတိုးတက်မှုနှင့်အတူ ဒလမြို့

သစ်၏ Spatial Development မှာလည်း စနစ်တကျ

စတင်နိုင်မည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦး

ဟန်ဇော်ကထပ်မံပြောသည်။

 

Zawgyi codeဖြင့်ဖတ်ရန်

၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလတြင္ အၿပီးသတ္တည္ ေဆာက္သြားမည့္

ရန္ကုန္-ဒလတံတားစီမံကိန္း ၂၀ရာခိုင္ႏႈန္းၿပီးစီးျဖစ္ေၾကာင္း

ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွသိရသည္။

 

ကိုရီးယားသမၼတနိုင္ငံ၊ ေျမယာ၊ အေျခခံ

အေဆာက္အအုံႏွင့္ ပို႔ေဆာင္ေရးဝန္ႀကီးဌာနမွ

ႀကီးမႉးက်င္းပသည့္ 8th Global Infrastructure

Cooperation Conference ( GlCC 2020 )

အခမ္းအနားသို႔

ေနျပည္ေတာ္ရွိေဆာက္လုပ္ေရးဝန္ႀကီး ဌာနမွ

Online ျဖင့္တက္ေရာက္ရာတြင္ ေဆာက္လုပ္ေရး

ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး

ဦးဟန္ေဇာ္ကေျပာၾကားခဲ့သည္။

 

“ျမန္မာ-ကိုရီးယားခ်စ္ၾကည္ေရး (ဒလ)တံတားသည္

စုစုေပါင္းအရွည္ (၁၈၆၈) မီတာ ရွိၿပီး၊

ေလးလမ္းသြား Cable – Stayed Bridge အမ်ိဳး

အစား ျဖစ္ပါေၾကာင္း ၊

 

စီမံကိန္းတန္ဖိုးမွာ ကိုရီးယား သမၼတနိုင္ငံဘက္မွ

ေခ်းေငြအေမရိကန္ေဒၚလာ (၁၅၇ ဒသမ ၈၃)သန္းႏွင့္

ျမန္မာနိုင္ငံဘက္မွ ထည့္ဝင္ေငြ အေမရိကန္ေဒၚလာ

(၃၀ ဒသမ ၃၄)သန္း စုစုေပါင္းစီမံကိန္း တန္းဖိုး

အေမရိကန္ ေဒၚလာ(၁၈၈ ဒသမ ၁၇)သန္း ျဖစ္ပါေၾကာင္း၊

တည္ေဆာက္ေရးလုပ္ငန္း မ်ားအား(၂၀၁၉ ေမလ

၂၉ ရက္မွ စတင္ေဆာင္႐ြက္ခဲ့ၿပီး၊ ၂၀၂၂ ခုႏွစ္၊

ေအာက္တိုဘာလတြင္ အၿပီးသတ္တည္ ေဆာက္သြား

ရန္ ေမွ်ာ္မွန္းထားပါေၾကာင္း၊

 

သတ္မွတ္ကာလအတြင္း အခ်ိန္မီ ၿပီးစီးနိုင္ေရး

အတြက္ တည္ေဆာက္ေရး လုပ္ငန္းမ်ားအားေန႕၊

ညေဆာင္႐ြက္လ်က္ရွိပါ ေၾကာင္း၊ စုစုေပါင္း တံတား

တစ္စင္းလုံးအေနျဖင့္ လုပ္ငန္းအားလုံး၏

၂၀ ရာခိုင္ႏႈန္းၿပီး စီးၿပီျဖစ္ပါေၾကာင္း”ျပည္ေထာင္စု

ဝန္ႀကီးကေျပာၾကားခဲ့သည္။

 

ရန္ကုန္-ဒလတံတားအား စတင္တည္ေဆာက္ရန္

ပႏၷက္ရိုက္တင္ရာတြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္

ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္ခဲ့ၿပီးတံတား

ၿပီးစီးပါက ဖြံၿဖိဳးတိုးတက္မည့္အေျခအေနမ်ားကို

လည္းျပည္သူမ်ားထံ ေျပာၾကားထားသည္။

 

ဒလၿမိဳ႕သစ္စီမံကိန္း အေနျဖင့္ ရန္ကုန္ၿမိဳ႕ CBD

ဧရိယာႏွင့္ နီးကပ္စြာရွိေသာ ဒလၿမိဳ႕သည္ ဒလ

တံတားစီမံကိန္း ၿပီးစီးပါက အလားအလာ

ေကာင္းေသာ ၿမိဳ႕သစ္စီမံကိန္းတစ္ခု ျဖစ္ေၾကာင္း၊

 

ဒလတံတားစီမံကိန္းတိုးတက္မႈႏွင့္အတူ ဒလၿမိဳ႕

သစ္၏ Spatial Development မွာလည္း စနစ္တက်

စတင္နိုင္မည္ ျဖစ္ပါေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦး

ဟန္ေဇာ္ကထပ္မံေျပာသည္။