Local News

ကျောက်မြောင်း တာမွေ နားတစ်ဝိုက် ” ပေါင်မုန့် ပေါင်မုန့်” ဆိုပြီး ရောင်းတဲ့ ဦးလေးကြီး

ကျောက်မြောင်း တာမွေ နားတစ်ဝိုက် ” ပေါင်မုန့် ပေါင်မုန့်” ဆိုပြီး ရောင်းတဲ့ ဦးလေးကြီး

ကျောက်မြောင်း တာမွေ နားတစ်ဝိုက် “ပေါင်မုန့် ပေါင်မုန့်”ဆိုပြီး ရောင်းတဲ့ ဉီးလေးကြီးဆို မသိတဲ့သူ ခပ်ရှားရှားရယ်ပါ။ပေါင် မုန့် တစ်လုံးရောင်းရင် ၁၀၀ မြတ်တယ်ပြောပြီး စကားပြောရင် အရမ်းရိုးသားတဲ့ ဦးလေးကြီးပါ။

မနက်၆နာရီလောက်ကနေ ည၁ဝနာရီလောက်ထိရောင်းတတ်တယ် ။အခုလို ကာလမှာ တစ်နေ့ ၅လုံးတောင် မရောင်းရဘူးလို့ပြောပြပါတယ်။နေ့လည်ထမင်းကိုတော့သရက်သီးလေးနဲ့စားနေတာ တွေ့ရတယ်လို့ ပြည်သူတစ်ဦးကပြောပြပါတယ်။ အိမ်ဌားနေရတာဖြစ်တာကြောင့် အခုလိုကာလမှာ အိမ်လခပေးဖို့တောင် မနည်းရှာရတယ်လို့သိရပါတယ်။

ပေါင်မုန့်တစ်လုံးရောင်းရမှ တစ်ရာမြတ်တယ်လို့လည်း သိရပြန်ပါတယ်။လမ်းကြုံလို့တွေ့တဲ့အခါ ဝယ်ယူအားပေးနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Crd

Zawgyi





Crd