AMAZING

ကြက်သားပြားကြော်ဆိုတဲ့ အသံကြားတာနဲ့ ၆၂ ရက်ကြာ သတိလစ်မေ့မြောနေရာကနေ ချက်ချင်းနိုးထလာနိုင်ခဲ့တဲ့ ကောင်လေး

ကြက်သားပြားကြော်ဆိုတဲ့ အသံကြားတာနဲ့ ၆၂ ရက်ကြာ သတိလစ်မေ့မြောနေရာကနေ ချက်ချင်းနိုးထလာနိုင်ခဲ့တဲ့ ကောင်လေး

ထိုင်ဝမ်ရှိ ယာဉ်တိုက်မှုကြောင့်သတိလစ်မေ့မြောနေခဲ့တဲ့ ၁၈ နှစ်အရွယ်ကောင်လေး Chiu ဟာ ” မင်းအရမ်းကြိုက်တဲ့ကြက်အသားပြား ဝယ်လာတယ်ဆိုတဲ့”အစ်ကိုဖြစ်သူရဲ့စကားကိုကြားပြီးနောက် Chiu ဟာ မယုံကြည်နိုင်လောက်အောင်ဘဲ နိုးထလာခဲ့ပါတယ်။

ထိုင်ဝမ်သတင်းများဖော်ပြချက်အရ အဆိုပါChiu ဟာ စကူဘီဘီးဆိုင်ကယ်မောင်းနေတုန်း မတော်တဆယာဉ်တိုက်မှုတစ်ခုမှာ

ပါဝင်ပတ်သက်သွားခဲ့ရပြီး သူ့ရဲ့ကိုယ်တွင်းင်္အဂါ subdural hydrops, pneumothorax၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ အသည်းတို့ရဲ့

ယိုယွင်းပျက်စီးမှု၊ဝမ်းဗိုက်ပိုင်းဒဏ်ရာရမှု စတဲ့ဒဏ်ရာများစွာ အပြင်းအထန်ရရှိခဲ့တာကြေ¼ာင့် သူဟာComa ဖြစ်သွားခဲ့ရပါတယ်။TonYen အထွေထွေရောဂါကုဆေးရုံကြီးရှိ ICU ဌာနရဲ့ညွှန်ကြားရေးမှူး Hsieh tsung-hsin အဆိုအရ Chiu ကို ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ ပြီး အရေးပေါ်ခွဲစိတ်ကုသမှုချက်ချင်းခံယူခဲ့ပေမဲ့လည်း သူဟာအချိန်အတော်ကြာကြာ မေ့မြောသွားခဲ့ပါတယ်။

နှစ်လတာကာလအတွင်း Chiu ဟာခွဲစိတ်ကုသမှုခြောက်ကြိမ် ခံယူခဲ့ရကာ မိသားစုတွေကလည်း သူ့အနားအမြဲရှိနေခဲ့ပြီး သူပြန်လည်

နာလန်ထူနိုင်ဖို့အမြဲဆုတောင်းနေခဲ့ကြပါတယ်။Coma ခံစားနေရတဲ့ Chiu ရဲ့၆၂ရက်မြောက်နေ့မှာ သတိလစ်နေတဲ့သူ့ညီအား မင်း

အရမ်းကြိုက်တဲ့ကြက်အသားပြားဝယ်လာတယ် လို့စနောက်ပြောခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့စကားကြောင့် အံ့ဩစရာကောင်းလောက်အောင်ဘဲ Chiu ရဲ့သွေးခုန်နှုန်းရုတ်တရက်အရှိန်မြင့်လာခဲ့ပြီး သူဟာသတိပြန်ရဖို့စတင်လာခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက Chiu ရဲ့အဆုံးစွန်ပြန်လည်နာလန်ထူမှုဟာ ရှင်သန်ဖို့သူ့ရဲ့ခိုင်မာတဲ့အလိုတော်ဖြစ်တယ် လို့ မယုံမကြည်နဲ့မှတ်ယူစွပ်စွဲခဲ့ကြပါတယ်။ပြန်လည်ကျန်းမာလာတဲ့ Chiu ဟာ အချိန်အတော်ကြာ ဆေးရုံဆင်းပြီးနောက် သူ့အားကယ်တင်

ပေးခဲ့တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ ကိတ်မုန့်တစ်လုံးနဲ့ ဆေးရုံကိုပြန်သွားခဲ့ပါသေးတယ်။ကြက်သားအသားပြားဆိုတဲ့အသံ

ကြားပြီးပြီချင်း နိုးလာတဲ့ ကြက်သားချစ်သူ Chiuလည်း ဒီလိုပြန်လည်နာလန်ထူပြီးနောက် အသက်ရှည်ရှည်နဲ့ကျန်းမာစွာဆက်လက်

နေထိုင်နေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Zawgyi

ၾကက္သားျပားေၾကာ္ဆိုတဲ့ အသံၾကားတာနဲ႕ ၆၂ ရက္ၾကာ သတိလစ္ေမ့ေျမာေနရာကေန ခ်က္ခ်င္းနိုးထလာနိုင္ခဲ့တဲ့ ေကာင္ေလး

ထိုင္ဝမ္ရွိ ယာဥ္တိုက္မႈေၾကာင့္သတိလစ္ေမ့ေျမာေနခဲ့တဲ့ ၁၈ ႏွစ္အ႐ြယ္ေကာင္ေလး Chiu ဟာ ” မင္းအရမ္းႀကိဳက္တဲ့ၾကက္အသားျပား ဝယ္လာတယ္ဆိုတဲ့”အစ္ကိုျဖစ္သူရဲ႕စကားကိုၾကားၿပီးေနာက္ Chiu ဟာ မယုံၾကည္နိုင္ေလာက္ေအာင္ဘဲ နိုးထလာခဲ့ပါတယ္။

ထိုင္ဝမ္သတင္းမ်ားေဖာ္ျပခ်က္အရ အဆိုပါChiu ဟာ စကူဘီဘီးဆိုင္ကယ္ေမာင္းေနတုန္း မေတာ္တဆယာဥ္တိုက္မႈတစ္ခုမွာ

ပါဝင္ပတ္သက္သြားခဲ့ရၿပီး သူ႕ရဲ႕ကိုယ္တြင္းအၤဂါ subdural hydrops, pneumothorax၊ သရက္႐ြက္၊ ေက်ာက္ကပ္နဲ႕ အသည္းတို႔ရဲ႕

ယိုယြင္းပ်က္စီးမႈ၊ဝမ္းဗိုက္ပိုင္းဒဏ္ရာရမႈ စတဲ့ဒဏ္ရာမ်ားစြာ အျပင္းအထန္ရရွိခဲ့တာေၾကာင့္ သူဟာComa ျဖစ္သြားခဲ့ရပါတယ္။TonYen အေထြေထြေရာဂါကုေဆး႐ုံႀကီးရွိ ICU ဌာနရဲ႕ၫႊန္ၾကားေရးမႉး Hsieh tsung-hsin အဆိုအရ Chiu ကို ေဆး႐ုံသို႔အျမန္ပို႔ေဆာင္ခဲ့ ၿပီး အေရးေပၚခြဲစိတ္ကုသမႈခ်က္ခ်င္းခံယူခဲ့ေပမဲ့လည္း သူဟာအခ်ိန္အေတာ္ၾကာၾကာ ေမ့ေျမာသြားခဲ့ပါတယ္။

ႏွစ္လတာကာလအတြင္း Chiu ဟာခြဲစိတ္ကုသမႈေျခာက္ႀကိမ္ ခံယူခဲ့ရကာ မိသားစုေတြကလည္း သူ႕အနားအၿမဲရွိေနခဲ့ၿပီး သူျပန္လည္

နာလန္ထူနိုင္ဖို႔အၿမဲဆုေတာင္းေနခဲ့ၾကပါတယ္။Coma ခံစားေနရတဲ့ Chiu ရဲ႕၆၂ရက္ေျမာက္ေန႕မွာ သတိလစ္ေနတဲ့သူ႕ညီအား မင္း

အရမ္းႀကိဳက္တဲ့ၾကက္အသားျပားဝယ္လာတယ္ လို႔စေနာက္ေျပာခဲ့တဲ့ အစ္ကိုျဖစ္သူရဲ႕စကားေၾကာင့္ အံ့ဩစရာေကာင္းေလာက္ေအာင္ဘဲ Chiu ရဲ႕ေသြးခုန္ႏႈန္း႐ုတ္တရက္အရွိန္ျမင့္လာခဲ့ၿပီး သူဟာသတိျပန္ရဖို႔စတင္လာခဲ့ပါတယ္။

ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက Chiu ရဲ႕အဆုံးစြန္ျပန္လည္နာလန္ထူမႈဟာ ရွင္သန္ဖို႔သူ႕ရဲ႕ခိုင္မာတဲ့အလိုေတာ္ျဖစ္တယ္ လို႔ မယုံမၾကည္နဲ႕မွတ္ယူစြပ္စြဲခဲ့ၾကပါတယ္။ျပန္လည္က်န္းမာလာတဲ့ Chiu ဟာ အခ်ိန္အေတာ္ၾကာ ေဆး႐ုံဆင္းၿပီးေနာက္ သူ႕အားကယ္တင္

ေပးခဲ့တဲ့လူေတြကို ေက်းဇူးတင္ေၾကာင္းေျပာဖို႔ ကိတ္မုန႔္တစ္လုံးနဲ႕ ေဆး႐ုံကိုျပန္သြားခဲ့ပါေသးတယ္။ၾကက္သားအသားျပားဆိုတဲ့အသံ

ၾကားၿပီးၿပီခ်င္း နိုးလာတဲ့ ၾကက္သားခ်စ္သူ Chiuလည္း ဒီလိုျပန္လည္နာလန္ထူၿပီးေနာက္ အသက္ရွည္ရွည္နဲ႕က်န္းမာစြာဆက္လက္

ေနထိုင္ေနလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္။