CELEBRITY NEWS

ကမ္ဘာတစ်ဝန်းက သူ့ပရိသတ်တွေဆီကနေ အလှူငွေတွေ ကောက်ခံပြီး မြန်မာပြည်အတွက် အောက်ဆီဂျင် လှူဒါန်းပေးမယ့် Sinon

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ ။

Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေလည်းလုပ်တတ်ပါသေးတယ်။ လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ အရမ်းကို အခက်အခဲဖြစ်နေတဲ့ အောက်ဆီဂျင် လိုအပ်နေတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးမယ့်အကြောင်းလေးဝေမျှလာပါတယ် ။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သူရဲ့ ပရိသတ်တွေ ဆီကနေပြီး အလှူငွေများကောက်ခံကာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ နေရာတွေကို အောက်ဆီဂျင် လှူဒါန်းပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ် ။

ဒီအလှူနဲ့ ပတ်သက်ပြီး ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေ အခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVEကြောင့် တော်တော်ဆိုးဆိုးဒုက္ခရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ် ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ကျတော့် ပရိတ်သတ်တွေ ဆီက ကျတော် အလှူငွေ ကောက်ခံပါ့မယ် ရလာတဲ့ ပိုက်ဆံတွေကို

မြန်မာ မှာ အောက်ဆီဂျင်လိုအပ်နေတဲ့သူတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်ရအားတင်းထားပါအုံး မြန်မာ ပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ် ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ကြမယ် ဆိုပြီးရေးသားဖော်ပြထားရာ တကယ်ကို လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Unicode