AMAZING

လူသေကောင်၏အနံ့နဲ့ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တဲ့ တောင်တက်သမား

လူသေကောင်၏အနံ့နဲ့ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တဲ့ တောင်တက်သမား

သြစတြေးလျနိုင်ငံက Queensland ပြည်နယ်ရှိ တောင်တက်သမားတစ်ဦးဟာ လမ်းကြောင်းတစ်လျှောက်မှာ သူမမျှော်လင့်ထားတဲ့ ထူးထူးဆန်းဆန်းအရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ထိုလူဟာ ဓာတ်ပုံရိုက်ပြီး ၎င်းဟာ လူသေကောင်လိုအနံ့ရှိကြောင့် ပြောကာ အွန်လိုင်းပေါ် တင်ခဲ့ပါတယ် ။

ထိုအချိန်မှာ Netizen တွေက ၎င်းအရာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါ တစ်မျိုးဘဲ လို့ တုံ့ပြန်ခဲ့ပါတယ် ။အခြားတစ်ဦးက Stranger Things ရဲ့ သိပ္ပံဝတ္ထုကိုရည်ညွှန်းပြီး“ ၎င်းဟာ ဇောက်ထိုးဖြစ်ဟန်တူတယ် ” လို့ မှတ်ချက်ပြုခဲ့ပါတယ် ။

ဤအတောအတွင်း ထိုသတ္တဝါကို ချက်ချင်းအသိအမှတ်ပြုပြီး အခြားသူများလည်း “ မှိုတစ်မျိုးဘဲ လို့ ထင်ပါတယ် ။ အနံ့ကတော့ ဝတ်မှုန်ကူးဖို့အတွက် ယင်ကောင်တွေကိုဆွဲဆောင်တာပဲ ဖြစ်နိုင်တယ် ” လို့ရေးခဲ့ပါတယ်။နောက်ဆုံးမှာ ဆစ်ဒနီတော်ဝင်ရုက္ခဗေဒဥယျာဉ်မှ အကြီးအကဲရုက္ခဗေဒပညာရှင် နဲ့ သုတေသနဒါရိုက်တာ Brett Summerel က ထိုသတ္တဝါဟည သိပ္ပံပညာအရ Aseroe Rubra လို့ ခေါ်တဲ့ ‘ကြယ်ငါးမှို’ ဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ် ။

DailyMail ဆောင်းပါးတစ်ပုဒ်အရ ၎င်းကြယ်ငါးမှိုများဟာ အများအားဖြင့်“ Queensland အရှေ့တောင်ဘက်၊ New South Wales အရှေ့ပိုင်း၊ ဗစ်တိုးရီးယားပြည်နယ်အရှေ့ပိုင်း၊ Tasmania နဲ့ သြစတြေးလျတောင်ပိုင်းတို့မှာ” တွေ့နိုင်ပါတယ် ။

Crd

Zawgyi






Crd