AMAZING

သြားမယ့္ ခရီးလမ္းေခ်ာေမြ႕ကံေကာင္းေစဖို႔ဆိုၿပီးေလယာဥ္ထဲကို အေႂကြေစ့ပစ္ထည့္ခဲ့တဲ့အဖြားတစ္ဦးရဲ႕ ေနာက္ဆက္တြဲ ျဖစ္ရပ္

သြားမယ့္ ခရီးလမ္းေခ်ာေမြ႕ကံေကာင္းေစဖို႔ဆိုၿပီးေလယာဥ္ထဲကို အေႂကြေစ့ပစ္ထည့္ခဲ့တဲ့အဖြားတစ္ဦးရဲ႕ ေနာက္ဆက္တြဲ ျဖစ္ရပ္

ရွန္ဟိုင္းကေနကြမ္က်ဳံကိုပ်ံသန္းမဲ့ေလယာဥ္ခရီးစဥ္မွာ၊ခရီးသည္(150)နဲ႕အတူအဖြားတစ္ဦးဟာလဲစီးနင္းလိုက္ပါဖို႔၊ေလယာဥ္ကြင္းကိုေရာက္ရွိေနခဲ့ပါတယ္။သို႔ေပမဲ့၊၎အဖြားတစ္ဦးရဲ႕ေရွးရိုးစြဲလုပ္ရပ္တခုေၾကာင့္၊အခ်ိန္မီအတြင္းသိလိုက္ရတဲ့အရာတခုဟာ၊ေလယာဥ္ပါခရီးသည္အားလုံးကို၊ေသေဘးကလြတ္ေျမာက္ခဲ့ရတဲ့အျဖစ္ေလးျဖစ္ခဲ့ပါတယ္။

အေၾကာင္းကေတာ့အမည္မေဖာ္လိုသူအဖြားတစ္ဦးဟာ၊ခရီးစဥ္အတြင္းအႏၲရာယ္ကင္းေဘးရွင္းပီးခရီးလမ္းေခ်ာေမြ႕ေအာင္ဆိုပီး၊ေလယာဥ္အင္ဂ်င္ထဲကိုအေႂကြေစ့(8)ေစ့ပစ္ထည့္ခဲ့တာကို၊ေလယာဥ္စစ္ေဆးတဲ့ဝန္ထမ္းမ်ားကေလယာဥ္မထြက္ခြာခင္မွာရွာေတြ႕ခဲ့တဲ့အတြက္၊ေလယာဥ္ပါခရီးသည္အားလုံးအသက္ေဘးကလြတ္ေျမာက္ခဲ့တယ္လို႔ဆိုရမွာပါ။

ထိုအျဖစ္ေၾကာင့္ေလယာဥ္ခ်ိန္ကိုငါးနာရီေနာက္ဆုတ္လိုက္ရတဲ့အတြက္၊အခ်ိဳ႕ေသာခရီးသည္ေတြကစိတ္ဆိုးပီး၊၎အဖြားကိုသက္ဆိုင္ရာကေပးတဲ့ပစ္ဒဏ္ကိုခံသင့္တယ္ဆိုပီးျပစ္တင္ခဲ့ၾကပါတယ္။သို႔ေပမဲ့အဖြားရဲ႕ေရွးရိုးစြဲလုပ္ရပ္ေလးကိုေနာက္ထပ္မလုပ္ေအာင္ေသခ်ာေျပာျပခဲ့ပီး၊ခရီးစဥ္မွာျပန္လည္လိုက္ပါစီးနင္းေစခဲ့တယ္လို႔သိရပါတယ္။

crd -Gabar News

Unicode

သွားမယ့် ခရီးလမ်းချောမွေ့ကံကောင်းစေဖို့ဆိုပြီးလေယာဉ်ထဲကို အကြွေစေ့ပစ်ထည့်ခဲ့တဲ့အဖွားတစ်ဦးရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်

ရှန်ဟိုင်းကနေကွမ်ကျုံကိုပျံသန်းမဲ့လေယာဉ်ခရီးစဉ်မှာ၊ခရီးသည်(150)နဲ့အတူအဖွားတစ်ဦးဟာလဲစီးနင်းလိုက်ပါဖို့၊လေယာဉ်ကွင်းကိုရောက်ရှိနေခဲ့ပါတယ်။သို့ပေမဲ့၊၎င်းအဖွားတစ်ဦးရဲ့ရှေးရိုးစွဲလုပ်ရပ်တခုကြောင့်၊အချိန်မီအတွင်းသိလိုက်ရတဲ့အရာတခုဟာ၊လေယာဉ်ပါခရီးသည်အားလုံးကို၊သေဘေးကလွတ်မြောက်ခဲ့ရတဲ့အဖြစ်လေးဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့အမည်မဖော်လိုသူအဖွားတစ်ဦးဟာ၊ခရီးစဉ်အတွင်းအန္တရာယ်ကင်းဘေးရှင်းပီးခရီးလမ်းချောမွေ့အောင်ဆိုပီး၊လေယာဉ်အင်ဂျင်ထဲကိုအကြွေစေ့(8)စေ့ပစ်ထည့်ခဲ့တာကို၊လေယာဉ်စစ်ဆေးတဲ့ဝန်ထမ်းများကလေယာဉ်မထွက်ခွာခင်မှာရှာတွေ့ခဲ့တဲ့အတွက်၊လေယာဉ်ပါခရီးသည်အားလုံးအသက်ဘေးကလွတ်မြောက်ခဲ့တယ်လို့ဆိုရမှာပါ။

ထိုအဖြစ်ကြောင့်လေယာဉ်ချိန်ကိုငါးနာရီနောက်ဆုတ်လိုက်ရတဲ့အတွက်၊အချို့သောခရီးသည်တွေကစိတ်ဆိုးပီး၊၎င်းအဖွားကိုသက်ဆိုင်ရာကပေးတဲ့ပစ်ဒဏ်ကိုခံသင့်တယ်ဆိုပီးပြစ်တင်ခဲ့ကြပါတယ်။သို့ပေမဲ့အဖွားရဲ့ရှေးရိုးစွဲလုပ်ရပ်လေးကိုနောက်ထပ်မလုပ်အောင်သေချာပြောပြခဲ့ပီး၊ခရီးစဉ်မှာပြန်လည်လိုက်ပါစီးနင်းစေခဲ့တယ်လို့သိရပါတယ်။

crd -Gabar News