Knowledge

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအလိုက် ရိုးရာ လက်ထပ်ပွဲ ဝတ်စုံများ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအလိုက် ရိုးရာ လက်ထပ်ပွဲ ဝတ်စုံများ

နိုင်ငံတစ်နိုင်ငံချင်းစီက ရိုးရာ မင်္ဂလာဆောင် ဝတ်စုံတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ၁၉ ရာစု နောက်ပိုင်းကာလတွေမှာ မင်္ဂလာပွဲကျင်းပတဲ့အခါ အနောက်တိုင်း ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကျင်းပကြတာများလာပါတယ် ။

ဒါပေမယ့်လည်း ရိုးရာဝတ်စုံတွေ ဝတ်ပြီး ကျင်းပတဲ့ မင်္ဂလာပွဲတွေဟာ အရေအတွက် နည်းပါးသွားကြသော်လည်း မပျောက်ကွယ်ကြသေးပါဘူး ။ ဒါ့ကြောင့် အောက်ကပုံလေးတွေမှာ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု မင်္ဂလာပွဲဝတ်စုံတွေကို ဖော်ပြပေးထားလို့ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

တောင်ကိုရီးယား နိုင်ငံ

အိန္ဒိယ နိုင်ငံ

Java နိုင်ငံ

မွန်ဂိုးလီးယား နိုင်ငံ

ဟန်ဂေရီ နိုင်ငံ

ပီရူး နိုင်ငံ

ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံက မင်္ဂလာပွဲ အများစုဟာ အနောက်တိုင်း ဝတ်စုံတွေ ဝတ်ပြီး ကျင်းပလာကြပေမယ့် ရိုးရာဝတ်စုံတွေကိုလည်း ဝတ်ဆင်ပြီး ကျင်းပတဲ့ မင်္ဂလာပွဲတွေလည်း ရှိကြပါသေးတယ်။ ဂျပန်နိုင်ငံရဲ့ ရိုးရာ မင်္ဂလာပွဲ ဝတ်စုံမှာဆိုရင် သတို့သမီးရဲ့ ဝတ်စုံကို uchikake လို့ခေါ်ပြီး ဂါဝန်ကို ပိုးသား ( ဒါမှဟုတ် ) တစ်ခြား နူးညံ့တဲ့ ပိတ်စ အသားနဲ့ ပြုလုပ်ထားကာ အရောင်ကတော့ များသောအားဖြင့် အဖြူရောင်ကိုပဲ သုံးကြပါတယ် ။ သတို့သားတွေရဲ့ ဝတ်စုံကတော့ အနက်ရောင်ကို အသုံးပြုထားပြီး Yukata လို့လည်း ခေါ်ကြပါတယ် ။

ရိုမေးနီးယား နိုင်ငံ

ကင်ညာနိုင်ငံ

ဘူဂေးရီးယား နိုင်ငံ

နိုက်ဂျီးရီးယား နိုင်ငံ

တရုတ် နိုင်ငံ

ဂါနာနိုင်ငံ

ဂါနာနိုင်ငံရဲ့ ရိုးရာ မင်္ဂလာပွဲ ဝတ်စုံကတော့ အရောင်စုံ ပါဝင်တယ်လို့ပဲ ပြောရမှာပါ ။ ဝတ်စုံ တစ်ခုလုံးကို ရောင်စုံ ကာလာခြယ်ထားပြီး မတူညီတဲ့ Pattern တွေ ပါဝင်ပါတယ် ။ နောက်ထပ်ထူးခြားတစ်ခုက မိသားစုဝင် တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် အကျီ pattern ဒီဇိုင်းတွေ ရှိကြပါတယ်တဲ့ ။

နော်ဝေးနိုင်ငံ

စကော့တလန် နိုင်ငံ

အီသီယိုးပီးယားနိုင်ငံ

မြန်မာနိုင်ငံ (ဗမာလူမျိုး)

အင်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှား နိုင်ငံဟာဆိုရင် တိုင်းရင်းသား လူမျိုးစုပေါင်း ၃၀၀ ကျော် ရှိပြီး အဓိက ကိုးကွယ်တဲ့ ဘာသာကြီး ( ၆ ) ခု ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ မင်္ဂလာပွဲတွေဟာ နယ်မြေတစ်ခုနဲ့ တစ်ခု ၊ ကျွန်းတစ်ကျွန်းနဲ့ မတူပဲ ပုံစံကွဲပြားစွာ ကျင်းပကြလေ့ရှိပါတယ် ။
အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ရိုးရာဝတ်စုံ တစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

Daily Thadin (JAZZ)