AMAZING

ဘဏ်တွင် အဖွားအိုတစ်ဦး ငွေလာအပ်သည့် ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးမိလိုက်သောအခါ

ဘဏ်တွင် အဖွားအိုတစ်ဦး ငွေလာအပ်သည့် ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးမိလိုက်သောအခါ

ဘဏ်မန်နေဂျာကို ဘောင်းဘီချွတ်ခိုင်းပြီး ပါးပါးလေးပုတ်ပြီး ပညာပြသွားတဲ့ အဘွားအို

အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်သည်။

ငွေပမာဏ က အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးသည်။

“အဘွား အဲ့လောက်ငွေအများကြီး ဘယ်လိုရှာလာတာလဲ”

“ေဩာ်..လောင်းကစားလုပ်လို့ နိုင်လာတာပါ”

“အာ..မဖြစ်နိုင်ပါဘူး..လူတစ်ယောက်က အမြဲကံကောင်းပါ့မလား”

“မယုံရင် မင်းနဲ့ငါနဲ့လောင်းမလား…တနင်္လာနေ့ ဘဏ်ဖွင့်ချိန်

ရောက်ရင် မင်းဖင်မှာ tattoo ထိုးပြီးသားဖြစ်နေရမယ်”

“အာ..ဘာလို့ tattoo ထိုးရမလဲ..လောင်းမယ်ဗျာ ဘာကြေးလဲ”

“ဒေါ်လာ ၅၀၀ ကြေးလောင်းမယ်”

“ရတယ် စိန်လိုက်…”

တနင်္လာနေ့ မနက်စောစော အဖွားအို ဘဏ်သို့ရောက်လာသည်။

မြို့မျက်နှာဖုံး လူကြီး ၂ ယောက်ခန့်လည်း ပါလာသည်။

“ကဲ..မန်နေဂျာ မင်းဖင်မှာ တက်တူးထိုးထားတယ်မဟုတ်လား”

“ဘာမှ မထိုးထားဘူး ဒီမှာကြည့်”

မန်နေဂျာက ဘောင်းဘီကို ချွတ်ပြရင်းပြောသည်။ထိုစဉ် အဖွားအိုနှင့် အတူပါလာသည့် လူတစ်ဦး မူးလဲ ကျသွားသည်။

“ကဲ အဖွား ရှုံးပြီ ဒေါ်လာ ၅၀၀ ပေးတော့..ဒါနဲ့ ဟိုလူကဘာလို့

မူးလဲ သွားရတာလဲ”

“ရော့ ဒီမှာငါရှုံးတဲ့အတွက် ဒေါ်လာ၅၀၀ ဟိုလူက ဘာလို့မူးလဲ

သွားတာလဲ ဆိုတော့ ဘဏ်မန်နေဂျာကြီး ဖင်လှန်ပြမယ်ဆိုတာကို

မယုံဘူး ဆိုလို့ ဒေါ်လာတစ်သောင်းကြေးလောင်းထားမိလို့လေ..”

‘ ဟိုက် ‘