AMAZING

မားစ္ၿဂိဳဟ္သို႔ ျမန္မာ အင္ဂ်င္နီယာ ဦးေဆာင္ေစလႊတ္ခဲ့တဲ့ ရဟတ္ယာဥ္ ၉ ႀကိမ္ေျမာက္ပ်ံသန္းနိုင္ၿပီ

မားစ္ၿဂိဳဟ္သို႔ ျမန္မာ အင္ဂ်င္နီယာ ဦးေဆာင္ေစလႊတ္ခဲ့တဲ့ ရဟတ္ယာဥ္ ၉ ႀကိမ္ေျမာက္ပ်ံသန္းနိုင္ၿပီ

ျမန္မာအမ်ိဳးသမီး မမီမီေအာင္ ဦးေဆာင္မႈနဲ႕ NASA မွ မားစ္ၿဂိဳဟ္သို႔ ေစလႊတ္ထားတဲ့ Ingenuity ရဟတ္ယာဥ္ေလးဟာ ၿဂိဳဟ္ေပၚမွာ ပ်ံသန္းေနရင္း ဇူလိုင္လ ၅ ရက္ေန႕က ရိုက္ကူးခဲ့တဲ့ ၿဂိဳဟ္မ်က္ႏွာျပင္ရွိ ေက်ာက္သားေျမျပင္ ဓာတ္ပုံမ်ားကို ေပးပို႔လိုက္ပါတယ္။

အေလးခ်ိန္ ၄ ေပါင္ေလာက္သာရွိတဲ့ ဒီ ေမာင္းသူမဲ့ ရဟတ္ယာဥ္ေလးဟာ တနလၤာေန႕က ၎၏ ၉ ႀကိမ္ေျမာက္ ပ်ံသန္းမႈကို ျပဳလုပ္ခဲ့တာပါ။
အဆိုပါ ပ်ံသန္းခ်ိန္ႏွင့္ အျမန္ႏႈန္းကို မွတ္တမ္းတင္ခဲ့တယ္လို႔ ၎ကို ထိန္းခ်ဳပ္ေမာင္းႏွင္ေနသူ အႀကီးအကဲ Havard Grip က ဇူလိုင္လ ၇ ရက္ေန႕က ဘေလာ့ဂ္မွာ ေရးသားခဲ့ပါတယ္။

ဒီရဟတ္ယာဥ္ေလးဟာ ၂,၀၅၁ ေပေလာက္ရွိကာ ၾကမ္းတမ္းၿပီး စိန္ေခၚမႈေတြရွိတဲ့ ေျမမ်က္ႏွာျပင္ ပမာဏေလာက္ကို ပ်ံသန္းခဲ့ၿပီး အဲဒါဟာ ေလယာဥ္ကြင္း ႏွစ္ခုၾကား အကြာအေဝး ေလးျပန္ေလာက္ ရွိပါတယ္။

ပ်ံသန္းေနစဥ္အတြင္းမွာ ဓာတ္ပုံေပါင္းမ်ားစြာ ရိုက္ကူးခဲ့ၿပီး ကာလာ ေျမျပင္ ဓာတ္ပုံမ်ား ႏွင့္ NASA ၏ Perseverance rover ယာဥ္ငယ္သြားခဲ့သည့္ ဘီးရာမ်ားပါသည့္ ဓာတ္ပုံမ်ားကို ေပးပို႔ ေပးခဲ့ပါတယ္။

Grip ကေတာ့ ဒါဟာ ယခင္က ပ်ံသန္းမႈမ်ားႏွင့္ ႏွိုင္းယွဥ္ပါက ႀကီးမားတဲ့ တိုးတက္မႈ ျဖစ္တယ္လို႔ The Verge မီဒီယာကို ေျပာၾကားခဲ့ပါတယ္။

ဟုတ္ပါတယ္။ ဒီတႀကိမ္ကေတာ့ NASA ရဲ႕ Jet Propulsion သုေတသနစင္တာမွ ထိန္းခ်ဳပ္ေမာင္းႏွင္ေနတဲ့ Ingenuity ရဟတ္ယာဥ္ေလးရဲ႕ ပထမဆုံး ေျမျပန႔္မဟုတ္တဲ့ ေျမျပင္ေပၚမွာ ပ်ံသန္းမႈ ျဖစ္ပါတယ္။

ၾကာခ်ိန္ ၁၆၆.၄ စကၠန႔္ (၃ မိနစ္ နီးပါး) အျမင့္ ၃၃ ေပခန႔္ တြင္ တနာရီလွ်င္ ၁၁ မိုင္ႏႈန္း အလွ်င္ျဖင့္ ပ်ံသန္းခဲ့တယ္လို႔ သိရပါတယ္။

ပ်ံသန္းေနခ်ိန္မွာ Ingenuity ရဟတ္ယာဥ္ေလး၏ လမ္းၫႊန္စနစ္ဟာ ေျမမ်က္ႏွာျပင္ကို ဖတ္ကာ တည္ေနရာကို ခြဲျခားၿပီး ပ်ံသန္းခဲ့တာ ျဖစ္ပါတယ္။

“ဒီလို ပ်ံသန္းခဲ့မႈဟာ အေျပာင္းအလဲ မ်ားေၾကာင့္ ရဟတ္ယာဥ္ငယ္ကို ျပသနာမ်ား ျဖစ္လာေစနိုင္တဲ့ အေၾကာင္းအရာမ်ားကို ရွင္းျပနိုင္ဖို႔ အ တြက္ အေကာင္းဆုံး လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္” လို႔ Grip က ေျပာပါတယ္။

ရဟတ္ယာဥ္ငယ္ဟာ Perseverance rover ယာဥ္ငယ္ ဆင္းသက္ခဲ့သည့္ တခ်ိန္က ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ခဲ့ၿပီး ျမစ္ဝကြၽန္းေပၚ ေဒသတခု ျဖစ္ခဲ့သည္ဟု ယုံၾကည္ရတဲ့ ေနရာတဝိုက္ကို ဓာတ္ပုံရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

အဆိုပါေနရာကို Jezero Crater ဟုေခၚၿပီး ၂၈ မိုင္ခန႔္ က်ယ္ဝန္းကာ Isidis Planita လို႔ေခၚတဲ့ ေျမျပန႔္၏ အေနာက္ဘက္ အစြန္မွာ တည္ရွိကာ မားစ္ အီေကြတာ၏ ေျမာက္ဖက္တြင္ တည္ရွိပါတယ္။

အဲဒီ့ေနရာဟာ ယခင္ Curiosity ေျမျပင္သြားယာဥ္ငယ္ ဆင္းသက္ခဲ့သည့္ေနရာ ျဖစ္သည့္ Gale Crater မွ မိုင္ေပါင္း ၂၃၀၀ ေလာက္ ကြာေဝးပါတယ္။

ရရွိခဲ့ေသာ ဓာတ္ပုံမ်ားဟာ သိပၸံပညာရွင္မ်ား၏ မားစ္ၿဂိဳဟ္ေပၚ လုပ္ငန္းစဥ္မ်ားအတြက္ အလြန္အေရးပါၿပီး Perseverance ယာဥ္ငယ္ဟာ ဒီလို က်ယ္ျပန႔္သည့္ ဓာတ္ပုံမ်ိဳး ရိုက္ကူးနိုင္ဖို႔ စြမ္းေဆာင္ရည္မရွိပါဘူး။

မူရင္း crd

Unicode

မားစ်ဂြိုဟ်သို့ မြန်မာ အင်ဂျင်နီယာ ဦးဆောင်စေလွှတ်ခဲ့တဲ့ ရဟတ်ယာဉ် ၉ ကြိမ်မြောက်ပျံသန်းနိုင်ပြီ

မြန်မာအမျိုးသမီး မမီမီအောင် ဦးဆောင်မှုနဲ့ NASA မှ မားစ်ဂြိုဟ်သို့ စေလွှတ်ထားတဲ့ Ingenuity ရဟတ်ယာဉ်လေးဟာ ဂြိုဟ်ပေါ်မှာ ပျံသန်းနေရင်း ဇူလိုင်လ ၅ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်မျက်နှာပြင်ရှိ ကျောက်သားမြေပြင် ဓာတ်ပုံများကို ပေးပို့လိုက်ပါတယ်။

အလေးချိန် ၄ ပေါင်လောက်သာရှိတဲ့ ဒီ မောင်းသူမဲ့ ရဟတ်ယာဉ်လေးဟာ တနင်္လာနေ့က ၎င်း၏ ၉ ကြိမ်မြောက် ပျံသန်းမှုကို ပြုလုပ်ခဲ့တာပါ။
အဆိုပါ ပျံသန်းချိန်နှင့် အမြန်နှုန်းကို မှတ်တမ်းတင်ခဲ့တယ်လို့ ၎င်းကို ထိန်းချုပ်မောင်းနှင်နေသူ အကြီးအကဲ Havard Grip က ဇူလိုင်လ ၇ ရက်နေ့က ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။

ဒီရဟတ်ယာဉ်လေးဟာ ၂,၀၅၁ ပေလောက်ရှိကာ ကြမ်းတမ်းပြီး စိန်ခေါ်မှုတွေရှိတဲ့ မြေမျက်နှာပြင် ပမာဏလောက်ကို ပျံသန်းခဲ့ပြီး အဲဒါဟာ လေယာဉ်ကွင်း နှစ်ခုကြား အကွာအဝေး လေးပြန်လောက် ရှိပါတယ်။

ပျံသန်းနေစဉ်အတွင်းမှာ ဓာတ်ပုံပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကာလာ မြေပြင် ဓာတ်ပုံများ နှင့် NASA ၏ Perseverance rover ယာဉ်ငယ်သွားခဲ့သည့် ဘီးရာများပါသည့် ဓာတ်ပုံများကို ပေးပို့ ပေးခဲ့ပါတယ်။

Grip ကတော့ ဒါဟာ ယခင်က ပျံသန်းမှုများနှင့် နှိုင်းယှဉ်ပါက ကြီးမားတဲ့ တိုးတက်မှု ဖြစ်တယ်လို့ The Verge မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီတကြိမ်ကတော့ NASA ရဲ့ Jet Propulsion သုတေသနစင်တာမှ ထိန်းချုပ်မောင်းနှင်နေတဲ့ Ingenuity ရဟတ်ယာဉ်လေးရဲ့ ပထမဆုံး မြေပြန့်မဟုတ်တဲ့ မြေပြင်ပေါ်မှာ ပျံသန်းမှု ဖြစ်ပါတယ်။

ကြာချိန် ၁၆၆.၄ စက္ကန့် (၃ မိနစ် နီးပါး) အမြင့် ၃၃ ပေခန့် တွင် တနာရီလျှင် ၁၁ မိုင်နှုန်း အလျှင်ဖြင့် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

ပျံသန်းနေချိန်မှာ Ingenuity ရဟတ်ယာဉ်လေး၏ လမ်းညွှန်စနစ်ဟာ မြေမျက်နှာပြင်ကို ဖတ်ကာ တည်နေရာကို ခွဲခြားပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

“ဒီလို ပျံသန်းခဲ့မှုဟာ အပြောင်းအလဲ များကြောင့် ရဟတ်ယာဉ်ငယ်ကို ပြသနာများ ဖြစ်လာစေနိုင်တဲ့ အကြောင်းအရာများကို ရှင်းပြနိုင်ဖို့ အ တွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” လို့ Grip က ပြောပါတယ်။

ရဟတ်ယာဉ်ငယ်ဟာ Perseverance rover ယာဉ်ငယ် ဆင်းသက်ခဲ့သည့် တချိန်က ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ဒေသတခု ဖြစ်ခဲ့သည်ဟု ယုံကြည်ရတဲ့ နေရာတဝိုက်ကို ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနေရာကို Jezero Crater ဟုခေါ်ပြီး ၂၈ မိုင်ခန့် ကျယ်ဝန်းကာ Isidis Planita လို့ခေါ်တဲ့ မြေပြန့်၏ အနောက်ဘက် အစွန်မှာ တည်ရှိကာ မားစ် အီကွေတာ၏ မြောက်ဖက်တွင် တည်ရှိပါတယ်။

အဲဒီ့နေရာဟာ ယခင် Curiosity မြေပြင်သွားယာဉ်ငယ် ဆင်းသက်ခဲ့သည့်နေရာ ဖြစ်သည့် Gale Crater မှ မိုင်ပေါင်း ၂၃၀၀ လောက် ကွာဝေးပါတယ်။

ရရှိခဲ့သော ဓာတ်ပုံများဟာ သိပ္ပံပညာရှင်များ၏ မားစ်ဂြိုဟ်ပေါ် လုပ်ငန်းစဉ်များအတွက် အလွန်အရေးပါပြီး Perseverance ယာဉ်ငယ်ဟာ ဒီလို ကျယ်ပြန့်သည့် ဓာတ်ပုံမျိုး ရိုက်ကူးနိုင်ဖို့ စွမ်းဆောင်ရည်မရှိပါဘူး။

မူရင်း crd