INTERNATIONAL NEWS

နာမကျန်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မီးသဂြိုလ်တဲ့ အလုပ် လုပ်နေရတဲ့ ၁၁နှစ်ရွယ် ကောင်လေး

နာမကျန်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မီးသဂြိုလ်တဲ့ အလုပ် လုပ်နေရတဲ့ ၁၁နှစ်ရွယ် ကောင်လေး

၁၁ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တွေဆိုရင် သူတို့ရဲ့ဘဝက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပျော်ပေါးပါး ကစားရမယ့်အရွယ်သာ ရှိပါသေးတယ် ။ သို့ပေမဲ့ ယခုဖော်ပြပေးမဲ့ ၁၁ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အိပ်ရာပေါ်လှဲနေတဲ့မိခင်ကိုထောက်ပံ့ရန် မီးသင်္ဂြိုဟ်ခြင်းအလုပ်ကို လုပ်ရပါတယ်။

ကောင်လေးရဲ့ ဖခင်ဟာ သုကလေးဘဝတုန်းက ကွယ်လွန်ပြီးနောက် မကြာမီမှာပင် မိခင်ဖြစ်သူက ဖျားနာခဲ့ပါတယ် ။ယခင်တုန်းကဆို သူ့အမေက မီးသင်္ဂြိုဟ်ခြင်းအလုပ် လုပ်ခဲ့ပါတယ် ။

ယခုမှာ သူမအလုပ်မလုပ်နိုင်တော့တာကြောင့် သားဖြစ်သူကို ထိုတွင် အလုပ်လုပ်ရန် စေလွှတ်ခဲ့ပါတယ် ။ ကလေးငယ်ဟာ မီးသင်္ဂြိုဟ်ခြင်းမှာ ပထမဆုံးအလုပ်လုပ်တဲ့အခါမှာ သူဘယ်လိုဖြတ်သန်းမယ်ဆိုတာကို ခဗျားစဉ်းစားကြည့်ပါ ။

သူဟာ အလောင်းများကို မီးရှို့ရန် တာဝန်ရှိသူဖြစ်ပြီး နေ့စဉ်မီးသင်္ဂြိုဟ်နေဆဲဖြစ်ပါတယ် ။ အရွယ်ရောက်ပြီးသားလူကြီးတွေတောင်မှ အလောင်းကို တစ်ယောက်တည်း မကြည့်ရဲကြပါဘူး။

အလောင်းများကို မိမိလက်ဖြင့် မီးရှို့လုပ်ခြင်းဟာ ကြောက်စရာကောင်းတယ်လို့ ကောင်လေးက ဆိုခဲ့ပါတယ် ။ အလောင်းတွေ မီးရှို့တဲ့နေရာမှာ သူက တစ်လလောက်ကြာနေရပါတယ် ။

သူက ညဆိုင်းအလုပ်လုပ်တဲ့အခါမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ အရာတွေကြုံတွေ့နေရပါတယ် ။ တခါတရံ သူကမီးသင်္ဂြိုဟ်ရာမှ ထွက်လာတဲ့ ထူးထူးဆန်းဆန်းအသံတွေ ကြားနေရပါတယ် ။

များသောအားဖြင့် သူဟာ ညဆိုင်းချိန်ပြီးတဲ့နောက် သူဟာ အိမ်ပြန်ပြီး မိခင်ကို ကျွေးမွေးပြုစုပေးပြီးမှသာ သူအိပ်ရာဝင်ရပါတယ် ။ နောက်တစ်နေ့ နေထွက်လာတဲာအခါ သူ့ရဲ့အလုပ်အတွက် မီးသင်္ဂြိုဟ်တဲ့နေရာကို သွားရပါတယ် ။ ၎င်းဟာ ကောင်လေးအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး မိသားစုကိုထောက်ပံ့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်လာခဲ့ပါတယ် ။

သူရဲ့ ဇာတ်လမ်းဟာ လူအများရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တဲ့အတွက် လူများစွာက လူငယ်လေးနဲ့ သူ့မိခင်အတွက် ငွေကြေးတွေကို ကမ်းလှမ်းရန် သူ့ရှိရာနေရာကို လာရောက်ခဲ့ကြပါတယ် ။ ကောင်လေးဟာ သူကျောင်းကို ပြန်သွားပြီး မကြာခင်မှာ အခြားကလေးတွေလို သာမန်ဘဝကို ပိုင်ဆိုင်နိုင်လိမ့်ယ်လို့ မျှော်လင့်ပါတယ် ။ crd

Zawgyi

နာမက်န္းျဖစ္ေနတဲ့ မိခင္ကို ျပဳစုေစာင့္ေရွာက္နိုင္ဖို႔အတြက္ ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႕ မီးသၿဂိဳလ္တဲ့ အလုပ္ လုပ္ေနရတဲ့ ၁၁ႏွစ္႐ြယ္ ေကာင္ေလး

၁၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ကေလးငယ္ေတြဆိုရင္ သူတို႔ရဲ႕ဘဝက ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ေပါးပါး ကစားရမယ့္အ႐ြယ္သာ ရွိပါေသးတယ္ ။ သို႔ေပမဲ့ ယခုေဖာ္ျပေပးမဲ့ ၁၁ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ဟာ အိပ္ရာေပၚလွဲေနတဲ့မိခင္ကိုေထာက္ပံ့ရန္ မီးသျဂၤိုဟ္ျခင္းအလုပ္ကို လုပ္ရပါတယ္။

ေကာင္ေလးရဲ႕ ဖခင္ဟာ သုကေလးဘဝတုန္းက ကြယ္လြန္ၿပီးေနာက္ မၾကာမီမွာပင္ မိခင္ျဖစ္သူက ဖ်ားနာခဲ့ပါတယ္ ။ယခင္တုန္းကဆို သူ႕အေမက မီးသျဂၤိုဟ္ျခင္းအလုပ္ လုပ္ခဲ့ပါတယ္ ။

ယခုမွာ သူမအလုပ္မလုပ္နိုင္ေတာ့တာေၾကာင့္ သားျဖစ္သူကို ထိုတြင္ အလုပ္လုပ္ရန္ ေစလႊတ္ခဲ့ပါတယ္ ။ ကေလးငယ္ဟာ မီးသျဂၤိုဟ္ျခင္းမွာ ပထမဆုံးအလုပ္လုပ္တဲ့အခါမွာ သူဘယ္လိုျဖတ္သန္းမယ္ဆိုတာကို ခဗ်ားစဥ္းစားၾကည့္ပါ ။

သူဟာ အေလာင္းမ်ားကို မီးရွို႔ရန္ တာဝန္ရွိသူျဖစ္ၿပီး ေန႕စဥ္မီးသျဂၤိုဟ္ေနဆဲျဖစ္ပါတယ္ ။ အ႐ြယ္ေရာက္ၿပီးသားလူႀကီးေတြေတာင္မွ အေလာင္းကို တစ္ေယာက္တည္း မၾကည့္ရဲၾကပါဘူး။

အေလာင္းမ်ားကို မိမိလက္ျဖင့္ မီးရွို႔လုပ္ျခင္းဟာ ေၾကာက္စရာေကာင္းတယ္လို႔ ေကာင္ေလးက ဆိုခဲ့ပါတယ္ ။ အေလာင္းေတြ မီးရွို႔တဲ့ေနရာမွာ သူက တစ္လေလာက္ၾကာေနရပါတယ္ ။

သူက ညဆိုင္းအလုပ္လုပ္တဲ့အခါမွာ ထိတ္လန႔္တုန္လႈပ္ဖြယ္ေကာင္းတဲ့ အရာေတြႀကဳံေတြ႕ေနရပါတယ္ ။ တခါတရံ သူကမီးသျဂၤိုဟ္ရာမွ ထြက္လာတဲ့ ထူးထူးဆန္းဆန္းအသံေတြ ၾကားေနရပါတယ္ ။

မ်ားေသာအားျဖင့္ သူဟာ ညဆိုင္းခ်ိန္ၿပီးတဲ့ေနာက္ သူဟာ အိမ္ျပန္ၿပီး မိခင္ကို ေကြၽးေမြးျပဳစုေပးၿပီးမွသာ သူအိပ္ရာဝင္ရပါတယ္ ။ ေနာက္တစ္ေန႕ ေနထြက္လာတဲာအခါ သူ႕ရဲ႕အလုပ္အတြက္ မီးသျဂၤိုဟ္တဲ့ေနရာကို သြားရပါတယ္ ။ ၎ဟာ ေကာင္ေလးအတြက္ ေန႕စဥ္လုပ္ရိုးလုပ္စဥ္တစ္ခုျဖစ္ၿပီး မိသားစုကိုေထာက္ပံ့ရန္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္လာခဲ့ပါတယ္ ။

သူရဲ႕ ဇာတ္လမ္းဟာ လူအမ်ားရဲ႕အာ႐ုံကိုဆြဲေဆာင္နိုင္ခဲ့တဲ့အတြက္ လူမ်ားစြာက လူငယ္ေလးနဲ႕ သူ႕မိခင္အတြက္ ေငြေၾကးေတြကို ကမ္းလွမ္းရန္ သူ႕ရွိရာေနရာကို လာေရာက္ခဲ့ၾကပါတယ္ ။ ေကာင္ေလးဟာ သူေက်ာင္းကို ျပန္သြားၿပီး မၾကာခင္မွာ အျခားကေလးေတြလို သာမန္ဘဝကို ပိုင္ဆိုင္နိုင္လိမ့္ယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။ crd