AMAZING

ဆပ်ပြာခဲကို နေ့စဉ်နေ့တိုင်း မြိန်ရေယှက်ရေစားသုံးနေခဲ့တဲ့ အံ့ဖွယ် မိန်းကလေးရဲ့ အဖြစ်





Unicode

ဆပ်ပြာခဲကို နေ့စဉ်နေ့တိုင်း မြိန်ရေယှက်ရေစားသုံးနေခဲ့တဲ့ အံ့ဖွယ် မိန်းကလေးရဲ့ အဖြစ်

အမျိုးသမီးအများစုဟာတော့၊ကိုယ်ဝန်ဆောင်ချိန်မှာထူးဆန်းတဲ့အစားစာတွေကိုတောင့်တလေ့ရှိပါတယ်။စားလို့ရတဲ့အစားအစာ၊မစားရတဲ့အစားအစာဆိုတာတောင်နားမလည်တော့ပဲ၊ချဉ်ခြင်းတက်တိုင်းလျှောက်စားတတ်ကြပါသေးတယ်။ထိုနည်းတူပဲယခုတစ်ခေါက်မှာတော့၊အမျိုးသမီးတစ်ဦးရဲ့နေ့စဉ်မစားရမနေနိုင်ဖြစ်ခဲ့တဲ့အစားအစာကြောင့်၊မြင်သူတိုင်းအံ့အားသင့်ခဲ့ရပါတယ်။

အကြောင်းကတော့အင်ဒိုနီးရှားနိုင်ငံက၊အသက်(21)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ၊ဆပ်ပြာခဲကိုအားရပါးရစားနေတဲ့videoလေးကို၊၎င်းရဲ့Instagramကတဆင့်မျှဝေပေးခဲ့တဲ့အခါမှာတော့ကြည့်ရှုသူပေါင်း(1m)တောင်ရရှိခဲ့ပါတယ်။သူမဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက၊ကိုယ်ဝန်ရှိစဉ်အခါကရေချိုးနေရင်းဆပ်ပြာခဲကိုစမ်းစားကြည့်တဲ့အချိန်ကစပီး၊ယခုချိန်ထိဆပ်ပြာခဲကိုအဆက်ဖြတ်မရစားခဲ့တာပါလို့ဆိုပါတယ်။

အစပိုင်းမှာတော့၊သူမဆပ်ပြာခဲစားတာကိုရှက်တဲ့အတွက်၊အမျိုးသားဖြစ်သူကိုအသိမပေးပဲခိုးစားခဲ့ရသေးတယ်လို့ဆိုပါတယ်။သို့ပေမဲ့သူမဟာဆပ်ပြာခဲကိုနေ့စဉ်စားနေပေမဲ့၊ကျန်းမာရေးပြသနာဘာမှမရှိခဲ့ပါဘူးလို့ဆိုပါတယ်။ဒါ့အပြင်သူမရဲ့အခြားနာမည်ကြီးဆပ်ပြာတွေကိုစားတဲ့videoကိုလဲ၊သူမရဲ့Instagramမှာမျှဝေပေးထားပါသေးတယ်။