CELEBRITY NEWS

အေရးေပၚလူနာေတြအတြက္ ေအာက္ဆီဂ်င္အိုး၀ယ္ယူရန္ အလႉေငြ(၁၅)သိန္းကို ရက္ရက္ေရာေရာလႉဒါန္းခဲ့တဲ့ ေအာင္သူနဲ႕ပိုးအိအိခန႔္

အေရးေပၚလူနာေတြအတြက္ ေအာက္ဆီဂ်င္အိုး၀ယ္ယူရန္ အလႉေငြ(၁၅)သိန္းကို ရက္ရက္ေရာေရာလႉဒါန္းခဲ့တဲ့ ေအာင္သူနဲ႕ပိုးအိအိခန႔္

တစ္ေက်ာ့ျပန္လည္ေရာက္ရွိလာတဲ့ Covid-19 Third waveရဲ႕ဒဏ္ကို ျမန္မာျပည္သူအေတာ္မ်ားမ်ား အလူးအလဲခံစားေနၾကရပါတယ္။ နိုင္ငံေရးအေျခအေနေတြေၾကာင့္ ကိုဗစ္ကုသေရးစင္တာေတြ မရွိေတာ့တဲ့အျပင္ ေရာဂါကူးစက္မႈႏႈန္းျမန္ဆန္လြန္းတာေၾကာင့္ အသက္ဆုံးရႈံးေနရတဲ့ လူနာေတြလည္း အေျမာက္အမ်ားပါပဲ။

ျပင္းထန္တဲ့ ကိုဗစ္ေရာဂါေၾကာင့္ကူးစက္ခံရသူေတြက ေအာက္ဆီဂ်င္ျပတ္လပ္မႈေတြနဲ႕ ေတြ႕ႀကဳံရၿပီး ေအာက္ဆီဂ်င္အိုးအလုံအေလာက္မရွိတာေၾကာင့္ ေသဆုံးရတဲ့လူနာအေရအတြက္ မ်ားလာေနတာေတြ႕ရပါတယ္။

ေအာက္ဆီဂ်င္အိုးအခက္အခဲေတြေၾကာင့္ လူမႈကြန္ယက္စာမ်က္ႏွာထက္ေတြမွာလည္း ေအာက္ဆီဂ်င္ရွာေနၾကတဲ့ ပို႔စ္ေတြအမ်ားအျပားရွိေနၿပီး ေဆး႐ုံေတြနဲ႕ ICUခန္းေတြထဲမွာလည္း ကိုဗစ္လူနာေတြ အျပည့္ျဖစ္ေနတာေတြ႕ရပါတယ္။

ေအာက္ဆီဂ်င္ရရွိဖို႔အတြက္ ဆိုင္ေတြေရွ႕မွာတန္းစီေစာင့္ေနၾကရတဲ့လူအုပ္ႀကီးလည္းရွိသလို ေအာက္ဆီဂ်င္ရရွိဖို႔အတြက္ တတ္နိုင္သေ႐ြ႕အကူအညီေပးေနတဲ့ ပရဟိတအဖြဲ႕အစည္းေတြလည္း ရွိပါတယ္။

အခုလိုေအာက္ဆီဂ်င္အခက္အခဲျဖစ္ေနတဲ့ လူနာေတြအတြက္ ေအာက္ဆီဂ်င္အိုး၀ယ္ယူရန္ လက္ေ႐ြးစင္ေဘာလုံးသမားေအာင္သူနဲ႕ ပိုးအိအိခန႔္တို႔ဇနီးေမာင္ႏွံဟာ သားငယ္ေလးရဲ႕ေမြးေန႕အႀကိဳအလႉအျဖစ္ အလႉေငြ ၁၅သိန္းကို ခိုင္ႏွင္းေဝ ပရဟိတအသင္းကိုလႉဒါန္းခဲ့တာျဖစ္ပါတယ္။

ခိုင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြကို တတ္နိုင္သမွ်လုပ္ေနတဲ့မင္းသမီးတစ္ဦးျဖစ္ၿပီး အခုအခါမွာလည္း ကိုဗစ္လူနာေတြအတြက္ ေအာက္ဆီဂ်င္အိုးေတြရရွိေအာင္ ကူညီေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Unicode

အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုး၀ယ်ယူရန် အလှူငွေ(၁၅)သိန်းကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အောင်သူနဲ့ပိုးအိအိခန့်

တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Covid-19 Third waveရဲ့ဒဏ်ကို မြန်မာပြည်သူအတော်များများ အလူးအလဲခံစားနေကြရပါတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့် ကိုဗစ်ကုသရေးစင်တာတွေ မရှိတော့တဲ့အပြင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်လွန်းတာကြောင့် အသက်ဆုံးရှုံးနေရတဲ့ လူနာတွေလည်း အမြောက်အများပါပဲ။

ပြင်းထန်တဲ့ ကိုဗစ်ရောဂါကြောင့်ကူးစက်ခံရသူတွေက အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ တွေ့ကြုံရပြီး အောက်ဆီဂျင်အိုးအလုံအလောက်မရှိတာကြောင့် သေဆုံးရတဲ့လူနာအရေအတွက် များလာနေတာတွေ့ရပါတယ်။

အောက်ဆီဂျင်အိုးအခက်အခဲတွေကြောင့် လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အောက်ဆီဂျင်ရှာနေကြတဲ့ ပို့စ်တွေအများအပြားရှိနေပြီး ဆေးရုံတွေနဲ့ ICUခန်းတွေထဲမှာလည်း ကိုဗစ်လူနာတွေ အပြည့်ဖြစ်နေတာတွေ့ရပါတယ်။

အောက်ဆီဂျင်ရရှိဖို့အတွက် ဆိုင်တွေရှေ့မှာတန်းစီစောင့်နေကြရတဲ့လူအုပ်ကြီးလည်းရှိသလို အောက်ဆီဂျင်ရရှိဖို့အတွက် တတ်နိုင်သရွေ့အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေလည်း ရှိပါတယ်။

အခုလိုအောက်ဆီဂျင်အခက်အခဲဖြစ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုး၀ယ်ယူရန် လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာ သားငယ်လေးရဲ့မွေးနေ့အကြိုအလှူအဖြစ် အလှူငွေ ၁၅သိန်းကို ခိုင်နှင်းဝေ ပရဟိတအသင်းကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို တတ်နိုင်သမျှလုပ်နေတဲ့မင်းသမီးတစ်ဦးဖြစ်ပြီး အခုအခါမှာလည်း ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေရရှိအောင် ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။