CELEBRITY NEWS

ရွာပြန်ပြီး တစ်သက်လုံးဈေးရောင်းပြီးရှာကျွေးခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ဈေးရောင်းတော့မယ်ဆိုတဲ့ ဘဝ မမေ့တတ်သူ အဆိုတော် ညီမင်းခိုင်

ရွာပြန်ပြီး တစ်သက်လုံးဈေးရောင်းပြီးရှာကျွေးခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ဈေးရောင်းတော့မယ်ဆိုတဲ့ ဘဝ မမေ့တတ်သူ အဆိုတော် ညီမင်းခိုင်







Unicode

ရွာပြန်ပြီး တစ်သက်လုံးစျေးရောင်းပြီးရှာကျွေးခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ဈေးရောင်းတော့မယ်ဆိုတဲ့ ဘဝ မမေ့တတ်သူ အဆိုတော် ညီမင်းခိုင်

လူငယ်ပရိတ်သတ်တွေကြားမှာ အဆွေးသီးချင်းကောင်းလေးတွေနဲ့ ထိုးဖောက်အောင်မြင်ခဲ့တဲ့ အဆိုတော်ညီမင်းခိုင်ကတော့ လက်ရှိအချိန် မှာ သူ့ရဲ့ မွေးရပ်မြေဇာတိဖြစ်တဲ့ မင်းပြားမြို့ကို ပြန်လည်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ညီမင်းခိုင် ရဲ့ နွယ်နီသီချင်းလေး ကတော့ ပရိတ် သတ် တွေကြားမှာ ညီမင်းခိုင် ရယ်လို့ စတင်အသိအမှတ်ပြုစေခဲ့တဲ့ သီချင်းလေးဆိုလည်းမမှားပါဘူး။လတ်တလော စစ်အာဏာသိမ်းပြီးနောက် ခက်ခဲလှတဲ့ ကာလတစ်ခုကို ဖြတ်ကျော်ချိန်မှာတော့။

အဆိုတော်ညီမင်းခိုင်တစ်ယောက် မွေးရပ် မြေကို ပြန်လာပြီး မိခင်ဖြစ်သူနဲ့အတူ ဈေးရောင်းရန်အတွက်ဆိုပြီး ဈေးဆိုင်ခန်းလေးဆောက်လုပ်နေတဲ့ ပုံရိပ်လေးတွေ မျှဝေလာခဲ့ပါတယ်။ကိုယ်တွေကိုတစ်သက်လုံးဈေးရောင်းကုန်ကူးပြီးရှာဖွေကျွေးမွေးလာခဲ့တဲ့အမေ

အခုဈေးမရောင်းရရင်နေထိုင်မကောင်းဘူး ဆိုလို့ ပန်းမြောင်းဈေးဆိုင်တန်းလမ်းလေးမှာ ဆိုင်ခန်းသေးသေးတစ်ဆောင်ကို အခမဲ့မေတ္တာစေတနာရှင်ကြီး ဦးလေးသန်းအောင်မှဦးစီးဦးဆောင် ကြီးကြပ်၍ဆောက်လုပ်ရင်းနဲ့ပေါ့

ကိုယ့်အလုပ်ကလည်းဒီအချိန်ဒီကာလဒီရာသီမှာအနားယူထားရတာဆိုတော့ အမေ့နဲ့အတူ ဈေး ကူပြီးရောင်းရတော့မည့်သဘောသဘာဝ တော့ရှိနေပေ၏လမ်းကြုံလို့မင်းပြားမြို့နယ်ပန်း မြောင်းဈေးကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်ဖြင့်

လာရောက်အားပေးကြဖို့ ကြိုတင်ဖိတ်ကြား ထားအပ်ပါတယ်ခင်ဗျာ..ဆိုတဲ့ စာစားလေးနဲ့အတူ လက်ရှိအချိန်မှာ ရောင်းချရ န်ပစ္စည်မရောက် သေး တဲ့အတွက် ပစ္စည်းရောက်တဲ့အခါ ထပ်ပြီး ကြော်ငြာပေးပမယ်ဆိုပြီး ရေးသားဖော်ပြလာခဲ့ပါတယ်။