Knowledge

အနံပျောက်သွားတဲ့ လူနာတွေ ကို ပရုတ်ဆီ လုံးဝမရှုခိုင်းပါနဲ့ သတိထားရမယ့် အချက်တွေရှိပါတယ်

အနံပျောက်သွားတဲ့ လူနာတွေ ကို ပရုတ်ဆီ လုံးဝမရှုခိုင်းပါနဲ့ သတိထားရမယ့် အချက်တွေရှိပါတယ်

အနံ့ပျောက်သွားတဲ့ လူနာတွေကိုလေ ပရုတ် ဆီ ရှုခိုင်းတာတို့ အနံ့ပြင်းပြင်း ရှူခိုင်းတာတို့ လုပ်ကြတယ်

အခုဆိုရင် ထုံး နဲ့ လျက်ဆား ဆတူရောရှူလိုက် ပွင့်သွားမယ် တို့ ဘာတို့ အထိ ပါ လုပ်နေကြတာ တွေ့လို့ စိုးရိမ်လို့ပါ

Covid လူနာ အနံ့ပျောက်တာဟာ အနံ့ခံ တဲ့ အာရုံကြော ရောင်ယမ်းနေလို့ပါ .. ဒါဟာ ရောဂါ ရဲ့ သဘာဝပဲ ဖြစ်ပြီး အချိန် တစ်ခု အကြာမှာ အနံ့က သူ့အလိုလို ပြန်ရလာပါလိမ့်မယ်

ကိုယ် ရှူလိုက်တဲ့ ပရုတ်ဆီကြောင့် , ထုံးကြောင့် , အပြင်းစား chemical ကြောင့် ပွင့်ထွက်သွားပြီး အနံ့ပြန်ရတာ လုံးဝ လုံးဝ မဟုတ်ပါဘူးနော်

အဲ့လိုတွေ ရှူတဲ့ အခါမှ အနံ့ပြန်ရတာလို့ မပြောပါနဲ့ .. အဲ့လိုတွေ ရှူလိုက်တဲ့ နေ့နဲ့ ရော ဂါ သူ့အလိုလို သက်သာတဲ့နေ့နဲ့ တိုက်ဆိုင်တာပါ

အပြင်းစား chemicals တွေကို ရှူရှိူက်လိုက်ရင် နှာခေါင်းထဲမှာ ရှိတဲ့ mucosa တွေ membrane အမြှေးပါးတွေ ထိခိုက်ပွန်းပဲ့ ပြီး နှာခေါင်းသွေးလျှံခြင်း , burn ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်

အဆုတ်ကိုလဲ ထိခိုက်စေနိုင်ပါတယ် .. အ သက်ရှူရတာလဲ ပိုခက်ခဲစေနိုင်ပါတယ်

ဒါ့ကြောင့် သူများအတွက်လဲ ဒုက္ခမရောက်ရအောင် ဆေးမြီးတို အလွဲများ မပေးကြခြင်း ဖြင့်လဲ ကူညီကြရအောင်ပါ ..

အားရှိအောင် စားပါ .. အိပ်ရေး ဝအောင် အိပ်ပါ ..

အချိန်တန်ရင် အနံ့ ပြန်ရလာပါလိမ့်မယ် .. မထိတ်လန့်ကြပါနဲ့နော်

မေတ္တာဖြင့် ,
Dr Leik

Zawgyi

အနံေပ်ာက္သြားတဲ့ လူနာေတြ ကို ပ႐ုတ္ဆီ လုံးဝမရႈခိုင္းပါနဲ႕ သတိထားရမယ့္ အခ်က္ေတြရွိပါတယ္

အနံ႕ေပ်ာက္သြားတဲ့ လူနာေတြကိုေလ ပ႐ုတ္ ဆီ ရႈခိုင္းတာတို႔ အနံ႕ျပင္းျပင္း ရႉခိုင္းတာတို႔ လုပ္ၾကတယ္

အခုဆိုရင္ ထုံး နဲ႕ လ်က္ဆား ဆတူေရာရႉလိုက္ ပြင့္သြားမယ္ တို႔ ဘာတို႔ အထိ ပါ လုပ္ေနၾကတာ ေတြ႕လို႔ စိုးရိမ္လို႔ပါ

Covid လူနာ အနံ႕ေပ်ာက္တာဟာ အနံ႕ခံ တဲ့ အာ႐ုံေၾကာ ေရာင္ယမ္းေနလို႔ပါ .. ဒါဟာ ေရာဂါ ရဲ႕ သဘာဝပဲ ျဖစ္ၿပီး အခ်ိန္ တစ္ခု အၾကာမွာ အနံ႕က သူ႕အလိုလို ျပန္ရလာပါလိမ့္မယ္

ကိုယ္ ရႉလိုက္တဲ့ ပ႐ုတ္ဆီေၾကာင့္ , ထုံးေၾကာင့္ , အျပင္းစား chemical ေၾကာင့္ ပြင့္ထြက္သြားၿပီး အနံ႕ျပန္ရတာ လုံးဝ လုံးဝ မဟုတ္ပါဘူးေနာ္

အဲ့လိုေတြ ရႉတဲ့ အခါမွ အနံ႕ျပန္ရတာလို႔ မေျပာပါနဲ႕ .. အဲ့လိုေတြ ရႉလိုက္တဲ့ ေန႕နဲ႕ ေရာ ဂါ သူ႕အလိုလို သက္သာတဲ့ေန႕နဲ႕ တိုက္ဆိုင္တာပါ

အျပင္းစား chemicals ေတြကို ရႉရွိူက္လိုက္ရင္ ႏွာေခါင္းထဲမွာ ရွိတဲ့ mucosa ေတြ membrane အျမႇေးပါးေတြ ထိခိုက္ပြန္းပဲ့ ၿပီး ႏွာေခါင္းေသြးလွ်ံျခင္း , burn ျဖစ္ျခင္း တို႔ ျဖစ္နိုင္ပါတယ္

အဆုတ္ကိုလဲ ထိခိုက္ေစနိုင္ပါတယ္ .. အ သက္ရႉရတာလဲ ပိုခက္ခဲေစနိုင္ပါတယ္

ဒါ့ေၾကာင့္ သူမ်ားအတြက္လဲ ဒုကၡမေရာက္ရေအာင္ ေဆးၿမီးတို အလြဲမ်ား မေပးၾကျခင္း ျဖင့္လဲ ကူညီၾကရေအာင္ပါ ..

အားရွိေအာင္ စားပါ .. အိပ္ေရး ဝေအာင္ အိပ္ပါ ..

အခ်ိန္တန္ရင္ အနံ႕ ျပန္ရလာပါလိမ့္မယ္ .. မထိတ္လန႔္ၾကပါနဲ႕ေနာ္

ေမတၱာျဖင့္ ,
Dr Leik