CELEBRITY NEWS

မြန်မာပြည်ရဲ့ရှေ့ဖြစ်ကို မှန်ကန်စွာ ဟောနိုင်ခဲ့တဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာယာ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

မြန်မာပြည်ရဲ့ရှေ့ဖြစ်ကို မှန်ကန်စွာ ဟောနိုင်ခဲ့တဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာယာ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာဟာ ဇွန်လ (၃ဝ) ရက်နေ့ကလွတ်မြောက်လာသူတွေထဲ မပါဝင်သေးဘူးလို့မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုဟိန်းမင်းအောင် (ခေါ်) ဗေဒင်ဆရာလင်းညှို့တာရာဟာ အာဏာသိမ်းမှု ဖြစ်စဉ်ပြီးတဲ့နောက်နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟောပြောချက်တချို့ကို သူရဲ့လူမူကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာကြောင့်

ဖေဖော်ဝါရီ (၁ဝ) ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့နီးစပ်သူတွေက ဆိုပါတယ်။

ဖမ်းသွားပြီးကတည်းက မိသားစုတွေနဲ့လည်းမတွေ့ရပါဘူး။ သူ့ကိုစွဲတာပုဒ်မ (၅ဝ၅ -ခ) နဲ့ စွဲတယ်။ ကျန်းမာရေးက တခါတလေဖျားတာနာတာရှိပေမယ့် ကောင်းပါတယ်။

လွတ်မယ်ထင်လို့မျှော်နေတာ စိတ်မကောင်းဘူး။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတာတွေကိုတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး လို့ လင်းညှို့တာရာရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဗေဒင်ဆရာလင်းညှို့တာရာဟာတပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅ဝ၅-ခ) နဲ့ ထောင်တွင်းတရားရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ဒီပုဒ်မနဲ့ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ဒီပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီထဲကမှ မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုဟာ ၅၀၅(ခ)နဲ့ အလုပ်နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရပါတယ်။

Zawgyi

ျမန္မာျပည္ရဲ႕ေရွ႕ျဖစ္ကို မွန္ကန္စြာ ေဟာနိုင္ခဲ့တဲ့ လူငယ္ေဗဒင္ဆရာ လင္းညွို႔တာယာ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသး

ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြထဲက တစ္ဦးျဖစ္တဲ့ လူငယ္ေဗဒင္ဆရာ လင္းညွို႔တာရာဟာ ဇြန္လ (၃ဝ) ရက္ေန႕ကလြတ္ေျမာက္လာသူေတြထဲ မပါဝင္ေသးဘူးလို႔မိသားစုနဲ႕ နီးစပ္သူေတြက ေျပာပါတယ္။

ကိုဟိန္းမင္းေအာင္ (ေခၚ) ေဗဒင္ဆရာလင္းညွို႔တာရာဟာ အာဏာသိမ္းမႈ ျဖစ္စဥ္ၿပီးတဲ့ေနာက္နိုင္ငံေရးနဲ႕ပတ္သက္တဲ့ ေဟာေျပာခ်က္တခ်ိဳ႕ကို သူရဲ႕လူမူကြန္ရက္စာမ်က္ႏွာမွာ တင္ခဲ့တာေၾကာင့္

ေဖေဖာ္ဝါရီ (၁ဝ) ရက္ေန႕ညပိုင္းမွာ စစ္ေကာင္စီတပ္ေတြက ေနအိမ္မွာ လာေရာက္ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔နီးစပ္သူေတြက ဆိုပါတယ္။

ဖမ္းသြားၿပီးကတည္းက မိသားစုေတြနဲ႕လည္းမေတြ႕ရပါဘူး။ သူ႕ကိုစြဲတာပုဒ္မ (၅ဝ၅ -ခ) နဲ႕ စြဲတယ္။ က်န္းမာေရးက တခါတေလဖ်ားတာနာတာရွိေပမယ့္ ေကာင္းပါတယ္။

လြတ္မယ္ထင္လို႔ေမွ်ာ္ေနတာ စိတ္မေကာင္းဘူး။ အမႈနဲ႕ပတ္သက္ၿပီး စစ္ေဆးေနတာေတြကိုေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔မရေသးပါဘူး လို႔ လင္းညွို႔တာရာရဲ႕မိသားစုဝင္ေတြနဲ႕ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

လက္ရွိမွာ ေဗဒင္ဆရာလင္းညွို႔တာရာဟာတပ္မေတာ္အၾကည္ညိုပ်က္ေစမႈ ပုဒ္မ (၅ဝ၅-ခ) နဲ႕ ေထာင္တြင္းတရားရင္ဆိုင္ေနရတာပဲ ျဖစ္ပါတယ္။

ဒီပုဒ္မနဲ႕ လက္ရွိ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊သမၼတ ဦးဝင္းျမင့္အပါအဝင္ NLD အစိုးရလက္ထက္ တိုင္းနဲ႕ျပည္နယ္ ဝန္ႀကီးခ်ဳပ္တခ်ိဳ႕ကို ဒီပုဒ္မနဲ႕ တရားစြဲဆိုထားပါတယ္။

အဲဒီထဲကမွ မေကြးဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိုဟာ ၅၀၅(ခ)နဲ႕ အလုပ္နဲ႕ ေထာင္ႏွစ္ႏွစ္ ခ်မွတ္ခံထားရပါတယ္။