Knowledge

အိမ်တွင်းမှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်များ

(Unicode ဖြင့်ဖတ််််ရန်)

ဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေ

းတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ တချို့ဟင်းသီးဟင်းရွက်

တွေဟာဆိုရင် ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာ

ကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်

အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။မီးဖိုချောင်ထဲမှာ

အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခု

လို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေး

ထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

ကြက်သွန်မြိတ်
စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့

ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆို

ရင် နောက်ထပ်ဝယ်ဖို့ကို တွေးမိမှာမဟုတ်တော့ပါဘူး။

ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီး

တော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာ ရေလက်မ

တစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။နေရောင်နွေးနွေး

လေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်

လောက်ကြာရင် ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်

လေးတွေကို အနှေးနဲ့အမြန် မြင်တွေ့ရမှာပါပဲ။

စပါးလင်
ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံ

းထဲမှာ ရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း

အပင်ပေါက်လာတာကို မြင်တွေ့ရမှာပါ။

ငရုတ်ပွသီး
ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာ မြေကြီ

းနဲ့အတူမြုပ်ကာ နေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

ထောပတ်သီး
ထောပတ်သီးအစေ့ကို ရေဆေးပြီး ဘေးပတ်ပတ်လည်ကနေ

သွားကြားထိုးတံလေးချောင်းထိုးပေးကာ ရေထည့်ထားတဲ့ဖန်ခွက်

တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။ နေရောင်အောက်

မှာထားပေးပြီး နှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်

အနည်းငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

 

ဂျင်း
ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ်

အိုးတစ်လုံးထဲမှာ မြေကြီးထည့်ကာ နှစ်လက်မလောက်နက်တဲ့

အထိ ထိုးထည့်လိုက်ပါ။ ရေမှန်မှန်လောင်းပြီးတော့ နေရောင်မရှိ

တဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက်

အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှ

ာဖြစ်ပါတယ်။


(Zawgyi codeဖြင့်ဖတ်ရန်)

ဟင္းသီးဟင္း႐ြက္ေတြကို လွီးခြၽတ္ၿပီးလို႔ ပိုေနတဲ့ အပိုင္းအစေလ

းေတြကို ခ်က္ခ်င္းလႊင့္မပစ္လိုက္ပါနဲ႕။ တခ်ိဳ႕ဟင္းသီးဟင္း႐ြက္

ေတြဟာဆိုရင္ ျပန္ၿပီးေတာ့ကို စိုက္ပ်ိဳးၿပီး စားသုံးလို႔ရနိုင္တာ

ေၾကာင့္ ပိုက္ဆံလည္းေခြၽတာရင္း အပ်င္းလည္းေျပရင္းျဖစ္

ေအာင္ အပင္ေလးေတြ စိုက္ၾကည့္လိုက္ပါ။မီးဖိုေခ်ာင္ထဲမွာ

အမွိုက္ေတြပြတာလည္း သက္သာတဲ့အျပင္ အခု

လို ပိုးသတ္ေဆးေတြ အလြန္အက်ဴးသုံးေနခ်ိန္မွာ က်န္းမာေရး

ထိခိုက္မွာလည္း စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။

ၾကက္သြန္ၿမိတ္
စိုက္ရတာအလြယ္ဆုံးနဲ႕ အျမန္ဆုံးအေပါက္လြယ္တဲ့

ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးျဖစ္ၿပီးေတာ့ အိမ္မွာစိုက္ထားမယ္ဆို

ရင္ ေနာက္ထပ္ဝယ္ဖို႔ကို ေတြးမိမွာမဟုတ္ေတာ့ပါဘူး။

ၾကက္သြန္ၿမိတ္အပင္ေအာက္ေျခကို အျမစ္ေတြပါအပါခ်န္ၿပီး

ေတာ့ ခရားတစ္ခု သို႔မဟုတ္ ဖန္ခြက္တစ္လုံးထဲမွာ ေရလက္မ

တစ္ဝက္ေလာက္ျဖည့္ၿပီး ထည့္ထားလိုက္ပါ။ေနေရာင္ေႏြးေႏြး

ေလးေအာက္မွာ ထားေပးလိုက္ၿပီး သုံးေလးရက္

ေလာက္ၾကာရင္ ေရအသစ္လဲေပးမယ္ဆိုရင္ေတာ့ အပင္ေပါက္

ေလးေတြကို အေႏွးနဲ႕အျမန္ ျမင္ေတြ႕ရမွာပါပဲ။

စပါးလင္
ၾကက္သြန္ၿမိတ္ေတြလိုပဲ အျမစ္နားေအာက္ေျခကို ဖန္ခြက္တစ္လုံ

းထဲမွာ ေရနည္းနည္းနဲ႕အတူထားမယ္ဆိုရင္ ရက္တိုအတြင္း

အပင္ေပါက္လာတာကို ျမင္ေတြ႕ရမွာပါ။

င႐ုတ္ပြသီး
င႐ုတ္ပြသီးေတြထဲက အေစ့ေတြကို ပန္းအိုးတစ္လုံးထဲမွာ ေျမႀကီ

းနဲ႕အတူျမဳပ္ကာ ေနေရာင္ျခည္ေအာက္မွာ တိုက္ရိုက္ထားေပးပါ။

ေထာပတ္သီး
ေထာပတ္သီးအေစ့ကို ေရေဆးၿပီး ေဘးပတ္ပတ္လည္ကေန

သြားၾကားထိုးတံေလးေခ်ာင္းထိုးေပးကာ ေရထည့္ထားတဲ့ဖန္ခြက္

တစ္လုံးထဲမွာ ဟန္ခ်က္ညီေအာင္ထည့္ေပးပါ။ ေနေရာင္ေအာက္

မွာထားေပးၿပီး ႏွစ္ရက္တစ္ခါေရလဲပါ။ ရက္သတၱပတ္

အနည္းငယ္ၾကာတဲ့ေနာက္ အေစ့ကြဲကာ ရိုးတံေလးထြက္လာမွာျဖစ္ပါတယ္။

 

ဂ်င္း
ဂ်င္းကိုဖန္ခြက္တစ္လုံးထဲမွာ တစ္ညေရစိမ္ပါ။ အဝက်ယ္က်ယ္

အိုးတစ္လုံးထဲမွာ ေျမႀကီးထည့္ကာ ႏွစ္လက္မေလာက္နက္တဲ့

အထိ ထိုးထည့္လိုက္ပါ။ ေရမွန္မွန္ေလာင္းၿပီးေတာ့ ေနေရာင္မရွိ

တဲ့ေနရာမွာထားေပးပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္

အပင္ေပါက္လာမွာျဖစ္ၿပီး သုံးေလးလၾကာရင္ေတာ့ စားသုံးနိုင္မွ

ာျဖစ္ပါတယ္။