CELEBRITY NEWS

ညီလေးမရှိတော့ပေမယ့် ဖခင်ရဲ့မွေးနေ့ကို ဝမ်းသာပျော်ရွှင်အောင် surprise လုပ်ပေးပြီး ကန်တော့ခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမွှာအစ်ကို

ညီလေးမရှိတော့ပေမယ့် ဖခင်ရဲ့မွေးနေ့ကို ဝမ်းသာပျော်ရွှင်အောင် surprise လုပ်ပေးပြီး ကန်တော့ခဲ့တဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမွှာအစ်ကို

ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျဆုံးသွားတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ကျန်ရစ်သူမိသားစုကတော့ သွားလေသူကိုသတိရတိုင်း ကုသိုလ်ကောင်းမှူတွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

ညီညီရဲ့ အမွှာအစ်ကိုကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ညီညီနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြည်သူတွေအတွက် တင်ပေးနေကျဖြစ်ပါတယ်။

မိဘတွေကလည်း အမွှာသားလေးနှစ်ယောက်ထဲမှာ တစ်ယောက်ကိုဆုံးရှုံးလိုက်ရတာကြောင့် ဒီနေ့အချိန်ထိတိုင်ခံစားနာကျင်နေကြဆဲပဲဖြစ်ပါတယ်။

ညီညီအောင်ထက်နိုင် ထွက်သွားခဲ့တာ (၄)လကျော် ကြာသွားပေမယ့် အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုရှိနေဆဲဖြစ်လို့ ပြည်သူလူထုက ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။

ကျန်ရစ်ခဲ့တဲ့ အမွှာအစ်ကိုကတော့ မိဘတွေကိုညီလေးရဲ့ကိုယ်စားပါ ပိုပြီးဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဒါ့ကြောင့် ညီညီ့ရဲ့ အမွှာအစ်ကိုက ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးကို သတိတရနဲ့ ပျော်ရွှင်အောင်လုပ်ပေးပြီး လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့လိုက်တာဖြစ်ပါတယ်။

ညီညီ့ရဲ့အစ်ကိုကတော့ “Happy birthday ဖေဖေ…သားတွေအပေါ် ဘယ်တော့မှမငြိုငြင်ဘဲ ညင်သာတဲ့ စကားလုံးလေးတွေနဲ့ပဲ အမြဲရှိနေပေးခဲ့တာ…. သားကို အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ပြီ… အခု သား ပြန်ပြီး တာဝန်ကျေစေရပါမယ်…”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

သားလေးရဲ့သိတတ်မှုကြောင့် ဖခင်ဖြစ်သူလည်း ပီတိဖြစ်ပြီးပြုံးရွှင်နေတာဖြစ်ပါတယ်။ဖခင်ရဲ့မွေးနေ့မှာ ညီအစ်ကိုနှစ်ယောက်လုံးအတူတူမရှိပေမယ့် ညီလေးအတွက်ပါ ပိုသိတတ်ပေးနေတဲ့ အမွှာအစ်ကိုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ညီေလးမရွိေတာ့ေပမယ့္ ဖခင္ရဲ႕ေမြးေန႕ကို ဝမ္းသာေပ်ာ္႐ႊင္ေအာင္ surprise လုပ္ေပးၿပီး ကန္ေတာ့ခဲ့တဲ့ ညီညီေအာင္ထက္နိုင္ရဲ႕ အမႊာအစ္ကို

ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႕က က်ဆဳံးသြားတဲ့ ညီညီေအာင္ထက္နိုင္ရဲ႕ က်န္ရစ္သူမိသားစုကေတာ့ သြားေလသူကိုသတိရတိုင္း ကုသိုလ္ေကာင္းမႉေတြလုပ္ေဆာင္ေပးတာျဖစ္ပါတယ္။

ညီညီရဲ႕ အမႊာအစ္ကိုကလည္း သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ညီညီနဲ႕ပတ္သက္တဲ့ အမွတ္တရေတြကို ျပည္သူေတြအတြက္ တင္ေပးေနက်ျဖစ္ပါတယ္။

မိဘေတြကလည္း အမႊာသားေလးႏွစ္ေယာက္ထဲမွာ တစ္ေယာက္ကိုဆုံးရႈံးလိုက္ရတာေၾကာင့္ ဒီေန႕အခ်ိန္ထိတိုင္ခံစားနာက်င္ေနၾကဆဲပဲျဖစ္ပါတယ္။

ညီညီေအာင္ထက္နိုင္ ထြက္သြားခဲ့တာ (၄)လေက်ာ္ ၾကာသြားေပမယ့္ အျဖစ္အပ်က္ေတြက မေန႕တစ္ေန႕ကလိုရွိေနဆဲျဖစ္လို႔ ျပည္သူလူထုက ဘယ္ေတာ့မွမေမ့ၾကတာျဖစ္ပါတယ္။

က်န္ရစ္ခဲ့တဲ့ အမႊာအစ္ကိုကေတာ့ မိဘေတြကိုညီေလးရဲ႕ကိုယ္စားပါ ပိုၿပီးဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ညီညီ့ရဲ႕ အမႊာအစ္ကိုက ဖခင္ျဖစ္သူရဲ႕ ေမြးေန႕ရက္ျမတ္ေလးကို သတိတရနဲ႕ ေပ်ာ္႐ႊင္ေအာင္လုပ္ေပးၿပီး လက္ေဆာင္ပစၥည္းေတြနဲ႕ ကန္ေတာ့လိုက္တာျဖစ္ပါတယ္။

ညီညီ့ရဲ႕အစ္ကိုကေတာ့ “Happy birthday ေဖေဖ…သားေတြအေပၚ ဘယ္ေတာ့မွမၿငိဳျငင္ဘဲ ညင္သာတဲ့ စကားလုံးေလးေတြနဲ႕ပဲ အၿမဲရွိေနေပးခဲ့တာ…. သားကို အေကာင္းဆုံးျပဳစုပ်ိဳးေထာင္ေပးခဲ့ၿပီ… အခု သား ျပန္ၿပီး တာဝန္ေက်ေစရပါမယ္…”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။

သားေလးရဲ႕သိတတ္မႈေၾကာင့္ ဖခင္ျဖစ္သူလည္း ပီတိျဖစ္ၿပီးၿပဳံး႐ႊင္ေနတာျဖစ္ပါတယ္။ဖခင္ရဲ႕ေမြးေန႕မွာ ညီအစ္ကိုႏွစ္ေယာက္လုံးအတူတူမရွိေပမယ့္ ညီေလးအတြက္ပါ ပိုသိတတ္ေပးေနတဲ့ အမႊာအစ္ကိုရဲ႕ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။