AMAZING

အသံထက်မြန်‌တဲ့ ခရီးသည်တင်လေယာဉ်တွေ ထုတ်လုပ်ဖို့ အာရုံစိုက်နေသည့် ဂျပန်နိုင်ငံ

အသံထက်မြန်‌တဲ့ ခရီးသည်တင်လေယာဉ်တွေ ထုတ်လုပ်ဖို့ အာရုံစိုက်နေသည့် ဂျပန်နိုင်ငံ

စျေးကြီးပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် SpaceJet ဒေသဆိုင်ရာဂျက်လေယာဉ် အစီအစဉ်ကို စိတ်ပျက်မိပြီးနောက် ၊ ဂျပန်အစိုးရဟာ ခရီးသည်တင်လေယာဉ် ဈေးကွက်တွင် ပိုမိုကြီးမားသောနေရာရရှိရန်အတွက် အရှူံးမပေးပဲ ဆက်လက်လျှောက်လှမ်းနေပါတယ်။

ဂျပန် အာကာသအေဂျင်စီ JAXA ဟာ နိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းအဖွဲ့များနှင့်သဘောတူညီမှုကိုကြေငြာခဲ့ပြီး SpaceJet ကိုတာဝန်ယူခဲ့ရသော IHI, Subaru, Kawasaki နှင့် Mitsubishi ကုမ္ပဏီများနှင့် ပူးပေါင်းမှုဆိုင်ရာသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီအုပ်စု၏ရည်မှန်းချက်က ခရီးသည် ၅၀ အထိ တင်ဆောင် ပျံသန်းနိုင်သော အမြန်နှုန်း Mach ၁.၆ ရှိတဲ့ အသံထက်မြန်တဲ့ခရီးသည်တင်လေယာဉ်ကို စီစဉ်ထောက်ပံ့ပေးရန်ဖြစ်ပါတယ်။

ဂျပန်အာကာသအေဂျင်စီ JAXAဟာ T-tail အမျိုးအစား အင်ဂျင်နှစ်လုံးတပ်ဆင်ထားသောလေယာဉ်၏ အယူအဆဆိုင်ရာပုံများကို ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးအမည် မဖော်ပြရသေးသော်လည်း အရှည် ၄၈ မီတာ၊ အကျယ် ၂၄ မီတာနှင့် အလေးချိန်တန် ၇၀ ရှိပြီး သွားနိုင်တဲ့အအကွာအဝေးကတော့ ၃၅၀၀ nm (၆၄၈၀ ကီလိုမီတာ) ရှိတယ်လို့သိရပါတယ်။

အဆိုပါစီမံကိန်းဟာ အသံအမြန်နှုန်းအထက်ပျံသန်းနိုင်ရန်အတွက် အဓိကအတားအဆီးတစ်ခုဖြစ်သည့် အသံထက်မြန်သော အသံလှိုင်းမြည်ဟိန်းသံကို လျှော့ချရန်ဖြေရှင်းနည်းများကို အေဂျင်စီက နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

အရပ်ဘက် အသံထက်မြန်သော လေယာဉ်စျေးကွက်မှာ ဝယ်လိုအား ၂၀၀၀ ယူနစ် အထိရောက်ရှိနိုင်သည့် အလားအလာရှိမည်ဟု ကတိပေးခဲ့ကြပါတယ်။

မြောက်အမေရိက၊ဥရောပတို့နှင့်မဝေးလှသောဂျပန်ဟာ ဤလေယာဉ်အမျိုးအစားများအတွက် ကြီးမားသော အလားအလာရှိတဲ့ စျေးကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဥပမာအားဖြင့် တိုကျိုနှင့်လော့အိန်ဂျလိစ် အကြားပျံသန်းမှုသည်လက်ရှိတွင် ၁၂ နာရီခန့်ကြာပြီး အမြန်နှုန်း Mach ၁.၆ ပျံသန်းနိုင်သောဂျက်လေယာဉ်တစ်စင်းတွင် အချိန် များစွာလျော့နည်းသွားနိုင်တယ်။

ဂျပန်အာကာသအေဂျင်စီ JAXA သည် ၂၀၃၀ အစောပိုင်းတွင် စတင်ဝင်ရောက် ဝန်ဆောင်မှု ပေး နိုင်မည် ဖြစ်ပါတော့တယ်။crd

Zawgyi

အသံထက္ျမန္‌တဲ့ ခရီးသည္တင္ေလယာဥ္ေတြ ထုတ္လုပ္ဖို႔ အာ႐ုံစိုက္ေနသည့္ ဂ်ပန္နိုင္ငံ

ေစ်းႀကီးၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္ SpaceJet ေဒသဆိုင္ရာဂ်က္ေလယာဥ္ အစီအစဥ္ကို စိတ္ပ်က္မိၿပီးေနာက္ ၊ ဂ်ပန္အစိုးရဟာ ခရီးသည္တင္ေလယာဥ္ ေဈးကြက္တြင္ ပိုမိုႀကီးမားေသာေနရာရရွိရန္အတြက္ အရႉံးမေပးပဲ ဆက္လက္ေလွ်ာက္လွမ္းေနပါတယ္။

ဂ်ပန္ အာကာသေအဂ်င္စီ JAXA ဟာ နိုင္ငံ၏ အဓိကစက္မႈလုပ္ငန္းအဖြဲ႕မ်ားႏွင့္သေဘာတူညီမႈကိုေၾကျငာခဲ့ၿပီး SpaceJet ကိုတာဝန္ယူခဲ့ရေသာ IHI, Subaru, Kawasaki ႏွင့္ Mitsubishi ကုမၸဏီမ်ားႏွင့္ ပူးေပါင္းမႈဆိုင္ရာသေဘာတူညီခ်က္အား လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီအုပ္စု၏ရည္မွန္းခ်က္က ခရီးသည္ ၅၀ အထိ တင္ေဆာင္ ပ်ံသန္းနိုင္ေသာ အျမန္ႏႈန္း Mach ၁.၆ ရွိတဲ့ အသံထက္ျမန္တဲ့ခရီးသည္တင္ေလယာဥ္ကို စီစဥ္ေထာက္ပံ့ေပးရန္ျဖစ္ပါတယ္။

ဂ်ပန္အာကာသေအဂ်င္စီ JAXAဟာ T-tail အမ်ိဳးအစား အင္ဂ်င္ႏွစ္လုံးတပ္ဆင္ထားေသာေလယာဥ္၏ အယူအဆဆိုင္ရာပုံမ်ားကို ထုတ္ျပန္ခဲ့ပါတယ္။

အမ်ိဳးအမည္ မေဖာ္ျပရေသးေသာ္လည္း အရွည္ ၄၈ မီတာ၊ အက်ယ္ ၂၄ မီတာႏွင့္ အေလးခ်ိန္တန္ ၇၀ ရွိၿပီး သြားနိုင္တဲ့အအကြာအေဝးကေတာ့ ၃၅၀၀ nm (၆၄၈၀ ကီလိုမီတာ) ရွိတယ္လို႔သိရပါတယ္။

အဆိုပါစီမံကိန္းဟာ အသံအျမန္ႏႈန္းအထက္ပ်ံသန္းနိုင္ရန္အတြက္ အဓိကအတားအဆီးတစ္ခုျဖစ္သည့္ အသံထက္ျမန္ေသာ အသံလွိုင္းျမည္ဟိန္းသံကို ေလွ်ာ့ခ်ရန္ေျဖရွင္းနည္းမ်ားကို ေအဂ်င္စီက ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့ၿပီးျဖစ္တယ္လို႔ဆိုပါတယ္။

အရပ္ဘက္ အသံထက္ျမန္ေသာ ေလယာဥ္ေစ်းကြက္မွာ ဝယ္လိုအား ၂၀၀၀ ယူနစ္ အထိေရာက္ရွိနိုင္သည့္ အလားအလာရွိမည္ဟု ကတိေပးခဲ့ၾကပါတယ္။

ေျမာက္အေမရိက၊ဥေရာပတို႔ႏွင့္မေဝးလွေသာဂ်ပန္ဟာ ဤေလယာဥ္အမ်ိဳးအစားမ်ားအတြက္ ႀကီးမားေသာ အလားအလာရွိတဲ့ ေစ်းကြက္တစ္ခု ျဖစ္လာနိုင္ပါတယ္။

ဥပမာအားျဖင့္ တိုက်ိဳႏွင့္ေလာ့အိန္ဂ်လိစ္ အၾကားပ်ံသန္းမႈသည္လက္ရွိတြင္ ၁၂ နာရီခန႔္ၾကာၿပီး အျမန္ႏႈန္း Mach ၁.၆ ပ်ံသန္းနိုင္ေသာဂ်က္ေလယာဥ္တစ္စင္းတြင္ အခ်ိန္ မ်ားစြာေလ်ာ့နည္းသြားနိုင္တယ္။

ဂ်ပန္အာကာသေအဂ်င္စီ JAXA သည္ ၂၀၃၀ အေစာပိုင္းတြင္ စတင္ဝင္ေရာက္ ဝန္ေဆာင္မႈ ေပး နိုင္မည္ ျဖစ္ပါေတာ့တယ္။crd