Knowledge

ဆိုင်ကယ်လေးနဲ့ နွားနို့လိုက်ရောင်းနေပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ CDM ဆရာတစ်ယောက် လေးစားလို့ တင်ပေးလိုက်ပါတယ်

ဆိုင်ကယ်လေးနဲ့ နွားနို့လိုက်ရောင်းနေပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ CDM ဆရာတစ်ယောက် လေးစားလို့ တင်ပေးလိုက်ပါတယ်

ပြည်သူလူထုကတော့ ဖေဖော်ဝါရီလကတည်းကဒီအခြေ အနေကို ရင်ဆိုင်လာခဲ့တာ ၅ လကျော် ကြာသွားပေမယ့်အားတင်းထားကြဆဲပဲဖြစ်ပါတယ်။ဒီ ၅လကျော်အတွင်းမှာ ပြည်သူတွေဘက်ကလည်း ပေးဆပ်လိုက်ရတဲ့ ပမာဏက ကြီးမားလွန်းလှပါတယ်။

အစိုးရဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေဆိုရင်လည်း မိမိတို့ မိသားစုစားဝတ်နေရေးကို ဘေးချိတ်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးခဲ့တာကြောင့် CDM ဝင်လိုက်ကြတာဖြစ်ပါတယ်။အလုပ်ရပ်နားထားတဲ့ဝန်ထမ်းတွေကိုလည်း ပြည်သူတွေက လက်လှမ်းမှီသလောက် စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။

တချို့ CDM ဝန်ထမ်းတွေဆိုရင် ကိုယ့်အား ကိုယ်ကိုးပြီး သမ္မာအာဇီဝကျတဲ့စီးပွါးရေးကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။စိတ်ဓာတ်ခိုင်မာပြီး ကိုယ်တတ်နိုင်သလောက်ဝန်ကို ထမ်းရွက်နေကြတဲ့ ဝန်ထမ်းတချို့ရဲ့လုပ်ရပ်ကလေးစားဖို့ကောင်းပါတယ်။

အခုဆိုရင်လည်း မန္တလေး ရတနာပုံတက္ကသိုလ်မှာ စာသင်ကြားပေးတဲ့ ဆရာတစ်ဦးက အလုပ်မှရပ်နားထားတာဖြစ်ပါတယ်။ဒါ့ကြောင့်သူ့ရဲ့မိသားစုစားဝတ်နေရေးအတွက်ဆိုင် ကယ်ပေါ်မှာ နွားနို့ပုံးလေးကိုတင်ပြီး လှည့်လည်ရောင်းချနေတာဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေးလုပ်ကိုင်နေတဲ့ ဆရာ့ကို ပြည်သူတွေကလည်းရောင်းကောင်းပါစေလို့ ဆုတောင်း ပေးကြတာဖြစ်ပါတယ်။ကိုယ်မှန်တယ် ထင်တဲ့ လမ်းကိုလျှောက် လှမ်းပြီးအခက်အခဲမှန်သမျှကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့တက္ကသိုလ်ဆရာတစ်ဦးရဲ့စိတ်ဓာတ်ကအရမ်း လေးစားဖို့ကောင်းလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

ဆိုင္ကယ္ေလးနဲ႕ ႏြားနို႔လိုက္ေရာင္းေနၿပီး ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနတဲ့ CDM ဆရာတစ္ေယာက္ ေလးစားလို႔ တင္ေပးလိုက္ပါတယ္

ျပည္သူလူထုကေတာ့ ေဖေဖာ္ဝါရီလကတည္းကဒီအေျခ အေနကို ရင္ဆိုင္လာခဲ့တာ ၅ လေက်ာ္ ၾကာသြားေပမယ့္အားတင္းထားၾကဆဲပဲျဖစ္ပါတယ္။ဒီ ၅လေက်ာ္အတြင္းမွာ ျပည္သူေတြဘက္ကလည္း ေပးဆပ္လိုက္ရတဲ့ ပမာဏက ႀကီးမားလြန္းလွပါတယ္။

အစိုးရဌာနေတြမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ဝန္ထမ္းေတြဆိုရင္လည္း မိမိတို႔ မိသားစုစားဝတ္ေနေရးကို ေဘးခ်ိတ္ၿပီး ျပည္သူေတြနဲ႕အတူ တစ္သားတည္းရပ္တည္ေပးခဲ့တာေၾကာင့္ CDM ဝင္လိုက္ၾကတာျဖစ္ပါတယ္။အလုပ္ရပ္နားထားတဲ့ဝန္ထမ္းေတြကိုလည္း ျပည္သူေတြက လက္လွမ္းမွီသေလာက္ ေစာင့္ေရွာက္ေပးေနၾကတာျဖစ္ပါတယ္။

တခ်ိဳ႕ CDM ဝန္ထမ္းေတြဆိုရင္ ကိုယ့္အား ကိုယ္ကိုးၿပီး သမၼာအာဇီဝက်တဲ့စီးပြါးေရးကို လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။စိတ္ဓာတ္ခိုင္မာၿပီး ကိုယ္တတ္နိုင္သေလာက္ဝန္ကို ထမ္း႐ြက္ေနၾကတဲ့ ဝန္ထမ္းတခ်ိဳ႕ရဲ႕လုပ္ရပ္ကေလးစားဖို႔ေကာင္းပါတယ္။

အခုဆိုရင္လည္း မႏၲေလး ရတနာပုံတကၠသိုလ္မွာ စာသင္ၾကားေပးတဲ့ ဆရာတစ္ဦးက အလုပ္မွရပ္နားထားတာျဖစ္ပါတယ္။ဒါ့ေၾကာင့္သူ႕ရဲ႕မိသားစုစားဝတ္ေနေရးအတြက္ဆိုင္ ကယ္ေပၚမွာ ႏြားနို႔ပုံးေလးကိုတင္ၿပီး လွည့္လည္ေရာင္းခ်ေနတာျဖစ္ပါတယ္။

အခုလိုမ်ိဳး ကိုယ့္အားကိုယ္ကိုးၿပီး စီးပြါးေရးလုပ္ကိုင္ေနတဲ့ ဆရာ့ကို ျပည္သူေတြကလည္းေရာင္းေကာင္းပါေစလို႔ ဆုေတာင္း ေပးၾကတာျဖစ္ပါတယ္။ကိုယ္မွန္တယ္ ထင္တဲ့ လမ္းကိုေလွ်ာက္ လွမ္းၿပီးအခက္အခဲမွန္သမွ်ကို ႀကံ့ႀကံ့ခံရင္ဆိုင္ေနတဲ့တကၠသိုလ္ဆရာတစ္ဦးရဲ႕စိတ္ဓာတ္ကအရမ္း ေလးစားဖို႔ေကာင္းလို႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။