INTERNATIONAL NEWS

ရေစိုသည့်လက်နဲ့ ပလပ်ပေါက်ထိုးခဲ့ရာ ဓာတ်လိုက်ပြီး ပေါက်ကွဲခဲ့တာကြောင့် လက်မည်းကြီးဖြစ်သွားရသော ကလေးမလေးရဲ့ အဖြစ်

ရေစိုသည့်လက်နဲ့ ပလပ်ပေါက်ထိုးခဲ့ရာ ဓာတ်လိုက်ပြီး ပေါက်ကွဲခဲ့တာကြောင့် လက်မည်းကြီးဖြစ်သွားရသော ကလေးမလေးရဲ့ အဖြစ်

ကလေးများဆိုသည်မှာ စူးစမ်း စပ်စုချင်လွန်းကြပြီး အကောင်းအဆိုး မခွဲခြားတတ်ပဲ လျှောက်လုပ်တတ်ရာ ဒုက္ခလှလှနှင့် တွေ့ကုန်ကြရပေသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ ၇နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ အိမ်တွင် မိုးရွာနေစဉ် ညအခါ၌ မှောင်မဲနေ၍ မီးလင်းရန် ပလပ်ထိုးခဲ့ပါတယ်။

ကလေးမလေးဟာ ပလပ်ထိုးစဉ် သတိမထားလိုက်ခြင်းက လက်မှာရေစိုနေခဲ့၍ မတော်တဆ ဓာတ်လိုက်ကာ ပေါက်ကွဲမှုဖြစ်ခဲ့ရပါတယ်။

မိဘမှလည်း အသံကြားလို့ ပြေးကြည့်စဉ် သမီးလေးဧ။် လက်တစ်ဖက်မှာ မီးလောင်ကျွမ်းသလိုတစ်ခုလုံး မည်းသွားပြီး ကံကောင်းချင်၍ အခြားသော ထိခိုက်မှုမျိုး မရှိခဲ့ပါ။

မိဘတို့သည်လည်း ပျာယာခက်သွားပြီး ဆေးခန်းသို့ အပြေးသွားပြပြီးနောက် မိဘအုပ်ထိန်းသူများအနေနှင့်ကလေးများအား လျှပ်စစ်ပိုင်းဆိုင်ရာနှင့် မပေးထိတွေ့စေရန် သတိပေး မျှဝေခဲ့သည်။

Zawgyi





