Articles

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၅၀၀ခန့်ကရေးဆွဲထားခဲ့တဲ့ကျောက်ဆောင်ပန်းချီကားတွေကို အမေဇုန်တောမှာ ရှာဖွေတွေ့ရှိခဲ့

Unicode :

လူတိုင်းဟာ မိမိနေထိုင်တဲ့ကမ္ဘာကြီးအကြောင်းကိုကောင်းကောင်းသိပြီး အံ့ဩစရာကောင်းတဲ့အရာ အနည်းငယ်သာ

 

ရှိတယ်လို့ ခံစားလာရတဲ့အခါ သမိုင်း နှင့် သဘာဝအံ့ဖွယ်အမှုတွေ

 

က ကျွန်တော်တို့အား မှားနေကြောင်း သက်သေပြနေတတ်ပါတယ်။

မကြာသေးခင်က José Iriarte အမည်ရှိအမျိုးသားဦးဆောင်တဲ့ ဗြိတိသျှ-ကိုလံဘီယာ သုတေသနအဖွဲ့ဟာ ကမ္ဘာပေါ်

 

ကလူသားအားလုံးကို အံ့အားသင့်သွားစေမယ့် သတင်းတစ်ခုကြောငြာပေးခဲ့ပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂,၅၀၀ ခန့်ကဖန်တီးရေးဆွဲခဲ့တဲ့ ထောင်ပေါင်းများစွာသော ဂူပန်းချီကားတွေကို ဝေးလံ

 

ခေါင်သီတဲ့ အမေဇုန်မိုးသစ်တောမှာ တွေ့ရှိခဲ့ကြပါတယ်။

 

အဆိုပါပန်းချီကားတွေဟာ ၈မိုင်ခန့်ရှည်လျားတဲ့ ကျောက်ဆောင်ပေါ်တွေ

 

မှာ အပြည့်ရေးခြယ်ထားပြီး မျောက်၊လိပ်၊ မြွေ နဲ့ မိကျောင်းတွေ ၊

 

Ice Age ကားတွန်းထဲက ဆင်တွေနဲ့ မျိုးသုန်းသွားပြီဖြစ်တဲ့ ဇာတိ

 

တိရိစ္ဆာန်ပေါင်းများစွာ ပါဝင်နေပါတယ်။

သိပ္ပံပညာရှင်တွေက အဆိုပါပန်းချီကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၈၀၀ မှ ၁၂,၅၀၀ ဝန်းကျင်အတွင်းမှာ ရေးဆွဲထား

 

ကြောင်းဆိုထားပါတယ်။ထူးခြားတာက ပန်းချီကားအားလုံးဟာ

 

ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ပြီး မယုံနိုင်လောက်အောင်လည်းအသေးစိတ်ကျနေပါတယ်။

 

”ဒီပုံတွေက သဘာဝကျပြီးကောင်းမွန်စွာ ဖန်တီးထားတာပါ၊ ဥပမာ ကျွန်တော်တို့ မြင်းတစ်

 

ကောင်ဆိုတာကို တန်းပြီး သိနိုင်တယ် သူ့ဆံပင်တွေ

 

မျက်နှာပေါက်တွေကို အသေးစိတ်ဆွဲပြထားသလိုပေါ့”လို့ အဖွဲ့ဝင်တစ်ဦးက ဆိုထားပါတယ်။

 

José Iriarte က အဆိုပါ ပန်းချီကားတွေက ရှေးခေတ်လူသားတို့

 

ရဲ့ မြေယာကို ဘယ်လိုပြန်လည်တည်ဆောက်ခဲ့ပုံ၊ ၎င်းတို့ရဲ့

နေထိုင်မှုပုံစံ နဲ့ ဘယ်လိုအမဲလိုက်ကျက်စားခဲ့ကြပုံ တို့ကို ဖော်ပြ

 

နေပြီး “အနုပညာဟာ ယဉ်ကျေးမှုရဲ့ အားကောင်းတဲ့အစိတ်အပိုင်း

 

တစ်ခုဖြစ်ပြီး လူတွေကို လူမှုရေးအရ ဆက်သွယ်နိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့်

 

အခုကျောက်ဆောင်ပန်းချီကားတွေကနောင်လာမယ့်လူသားတွေကို ပြသဖို့ သူတို့တွေရေးဆွဲထားခဲ့ပုံ

 

ဘဲ”လို့ လည်း ဆိုထားပါသေးတယ်။နှစ်ပေါင်းများစွာကြာခဲ့ပြီဆို

 

ပေမယ့် အခုထိ မပျက်စီးသေးတဲ့အဆိုပါပန်းချီကားတွေကအတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။

 


Zawgyi :

လူတိုင္းဟာ မိမိေနထိုင္တဲ့ကမာၻႀကီးအေၾကာင္းကို ေကာင္းေကာင္းသိၿပီး အံ့ဩစရာေကာင္းတဲ့အရာ

 

အနည္းငယ္သာရွိတယ္လို႔ ခံစားလာရတဲ့အခါ သမိုင္း ႏွင့္ သဘာဝအံ့ဖြယ္အမႈေတြက ကြၽန္ေတာ္တို႔အား မွားေနေၾကာင္း သက္ေသျပေနတတ္ပါတယ္။

 

မၾကာေသးခင္ကJosé Iriarte အမည္ရွိအမ်ိဳးသားဦးေဆာင္တဲ့ ၿဗိတိသွ်-ကိုလံဘီယာ သုေတသနအဖြဲ႕ဟာ

ကမာၻေပၚကလူသားအားလုံးကို အံ့အားသင့္သြားေစမယ့္ သတင္းတစ္ခုေၾကာျငာေပးခဲ့ပါတယ္။

 

လြန္ခဲ့တဲ့ႏွစ္ေပါင္း၁၂,၅၀၀ ခန္႔ကဖန္တီးေရးဆြဲခဲ့တဲ့ ေထာင္ေပါင္းမ်ားစြာေသာ ဂူပန္းခ်ီကားေတြကို ေဝးလံေခါင္သီတဲ့ အေမဇုန္မိုးသစ္ေတာမွာ ေတြ႕ရွိခဲ့ၾကပါတယ္။

 

အဆိုပါပန္းခ်ီကားေတြဟာ ၈မိုင္ခန္႔ရွည္လ်ားတဲ့ ေက်ာက္ေဆာင္ေပၚေတြမွာ အျပည့္ေရးျခယ္ထားၿပီး ေမ်ာက္၊လိပ္၊ ေႁမြ နဲ႔ မိေက်ာင္းေတြ ၊

 

IceAge ကားတြန္းထဲက ဆင္ေတြနဲ႔ မ်ိဳးသုန္းသြားၿပီျဖစ္တဲ့ ဇာတိတိရိစာၦန္ေပါင္းမ်ားစြာ ပါဝင္ေနပါတယ္။

သိပၸံပညာရွင္ေတြက အဆိုပါပန္းခ်ီကားေတြကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၁,၈၀၀ မွ ၁၂,၅၀၀ ဝန္းက်င္အတြင္းမွာ ေရးဆြဲထားေၾကာင္းဆိုထားပါတယ္။

 

ထူးျခားတာကပန္းခ်ီကားအားလုံးဟာ ေကာင္းမြန္စြာ ထိန္းသိမ္းထားခဲ့ၿပီး မယုံႏိုင္ေလာက္ေအာင္လည္း အေသးစိတ္က်ေနပါတယ္။”

 

ဒီပုံေတြကသဘာဝက်ၿပီး ေကာင္းမြန္စြာ ဖန္တီးထားတာပါ၊ ဥပမာ ကြၽန္ေတာ္တို႔ ျမင္းတစ္ေကာင္ဆိုတာကို

 

တန္းၿပီး သိႏိုင္တယ္ သူ႔ဆံပင္ေတြ မ်က္ႏွာေပါက္ေတြကို အေသးစိတ္ဆြဲျပထားသလိုေပါ့”လို႔ အဖြဲ႕ဝင္တစ္ဦးက ဆိုထားပါတယ္။

 

José Iriarte က အဆိုပါ ပန္းခ်ီကားေတြက ေရွးေခတ္လူသားတို႔ရဲ႕ ေျမယာကို ဘယ္လိုျပန္လည္တည္ေဆာက္ခဲ့ပုံ၊ ၎တို႔ရဲ႕ေနထိုင္မႈပုံစံ နဲ႔

 

ဘယ္လိုအမဲလိုက္က်က္စားခဲ့ၾကပုံ တို႔ကို ေဖာ္ျပေနၿပီး “အႏုပညာဟာ ယဥ္ေက်းမႈရဲ႕ အားေကာင္းတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး

 

လူေတြကို လူမႈေရးအရ ဆက္သြယ္ႏိုင္တဲ့အရာ တစ္ခုျဖစ္တာေၾကာင့္ အခုေက်ာက္ေဆာင္ပန္းခ်ီကားေတြက

နာင္လာမယ့္လူသားေတြကို ျပသဖို႔ သူတို႔ေတြေရးဆြဲထားခဲ့ပုံဘဲ”လို႔ လည္း ဆိုထားပါေသးတယ္။

 

ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီဆိုေပမယ့္အခုထိ မပ်က္စီးေသးတဲ့အဆိုပါပန္းခ်ီကားေတြက အေတာ္ေလးစိတ္ဝင္စားစရာေကာင္းေနပါတယ္။