Love & Relationship








Crd

Unicode

အသက် ၉၄နှစ်အရွယ်မှာ ကလေးရခဲ့ပြီး ကမ္ဘာ့အသက်ကြီးဆုံးဖခင် အဖြစ်သတ်မှတ်ခြင်းခံရသူ အဖိုးအို

Mr Ragav အမည်ရှိတဲ့ အိန္နိယနိုင်ငံက အဘိုးအိုဟာအသက် 94 နှစ်အရွယ်မှာအသက် 60 အရွယ်ဇနီးသည် Shakuntala နဲ့အတူသားလေးမွေးဖွားနိုင်ခဲ့လို့ ကမ္ဘာ့အသက်အ ကြီးဆုံးဖခင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။Mr Ragav ကတော့သူ့ရဲ့စံချိန်ကိုသူကိုယ်တိုင်ပြန်ချိုးဖောက်နိုင်ခဲ့ပါတယ်။

အဲ့တာကတော့ အသက်96နှစ်အရွယ်မှာ နောက် ထပ်သားငယ်လေးတစ်ဦးကိုထပ်ပြီး မွေးဖွားပေးနိုင်ခဲ့လို့ပါပဲ။သို့ပေမဲ့လည်း သူတို့ရဲ့ဘဝကို ထင်ထားသလိုမဖြစ်လာဘဲ ကံဆိုးမှုတွေစပြီးကြုံတွေ့ခဲ့ရပါတယ်။

တစ်ရက်မှာ ဇနီးဖြစ်သူက နေမကောင်းလို့သားကြီးနဲ့အတူအနီးဆုံးဆေးရုံဖို့ သွား ရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။30 kmဘတ်စ်ကားခရီးသွားခဲ့ရလို့သူမအတော်လေးပင်ပန်းခဲ့ပြီး လူတွေရှုပ်ထွေးလွန်းတဲ့ဘတ်စ်ကားဂိတ်မှာသားလေးကို လက်မောင်းပေါ်မှာပွေ့ဖက်ထားပြီး အိပ်မောကျသွားခဲ့ပါတယ်။

သို့ပေမဲ့လည်း သူမနိုးထလာခဲ့ချိန်မှာတော့ သားလေးကိုလုံးဝမတွေ့ရှိတော့ပါဘူး။အချိန်အတော်ကြာ လိုက်လံရှာဖွေခဲ့ပေမဲ့လည်းသားကြီးကိုလုံးဝပြန်ရှာမတွေ့တော့လို့ လင်မယားနှစ်ယောက်လုံး ကလေးစိတ်နဲ့ခက်ခဲပင်ပန်းလာခဲ့ကြပါတယ်။

တစ်ရက်မှာတော့ဘိုးအို သူ့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့ချိန် ဇနီးနဲ့သားငယ်လေးကိုမတွေ့ရှိတော့ပါဘူး။ သေချာတာကတော့ ဇနီးကသားငယ်လေးကိုခေါ်ပြီးသူ့ကိုစွန့်ခွာသွားခဲ့တာပါ။ မိသားစု ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အဘိုးအိုဟာမစားနိုင်၊မသောက်နိုင်ဖြစ်ခဲ့ပြီး တစ် ရက်မှာတော့ အိပ်ယာဘေးမှာ ဆေးလိပ်သောက်နေရင်း မီးလောင်ကျွမ်းခဲ့လို့အိမ်ပတ်ဝန်းကျင်ကကူညီကယ်ဆယ်ပေးခဲ့ပေမဲ့လည်းမီးလောင်ကျွမ်းတဲ့ဒဏ်ရာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

Crd