Knowledge

တစ္ဧကစိုက္တာနဲ႕ သိန္းေထာင္ခ်ီျပန္ရတဲ့ လီလီပန္း စိုက္ပ်ိဳးနည္း အျပည္အစုံ

တစ္ဧကစိုက္တာနဲ႕ သိန္းေထာင္ခ်ီျပန္ရတဲ့ လီလီပန္း စိုက္ပ်ိဳးနည္း အျပည္အစုံ

ဘုရားပဲတင္တင္ အလွပဲထိုးထိုလီလီပန္းေလးနဲ႕မွ ကုသိုလ္ပိုရသည္၊က်က္သေရရွိသည္၊အလွထူးသည္ ထင္ၾကသည္။မဂၤလာအခမ္းအနား မ်ားပင္ျဖစ္ေစ၊ အမွတ္တရလက္ေဆာင္ပန္းစည္း၊ပန္းျခင္း အတြက္ျဖစ္ေစလီလီပန္းျဖင့္ အလွဆင္မည္ဆိုပါက တျခားေသာ ပန္းမ်ားထက္ေဈးပိုေပးၾကရသည္။ေပးရသည့္တန္ဖိုးနဲ႕ ေလ်ာ္ညီေအာင္ပင္လီလီပန္းကၾကာရွည္ခံသည္တင့္တင့္တယ္တယ္ထူးထူးျခားျခား လွပသည့္အရည္အေသြးမ်ားကိုပိုင္ဆိုင္ထားသည္။

ဤသို႔ ထူးျခားလွပၿပီး ေဈးႀကီးသည့္လီလီပန္းကို မိမိတို႔အိမ္တြင္တစ္ပိုင္တစ္နိုင္ စိုက္ပ်ိဳးနိုင္ေၾကာင္း ေဖာ္ျပေပးလိုက္ပါသည္။

လီလီပန္းသည္ သဇင္ပန္းမ်ားကဲ့သို႔ပင္ဥမွေပါက္သည့္ အပင္တစ္မ်ိဳးျဖစ္သည္။စတင္စိုက္ပ်ိဳးရန္အတြက္ ဥ ျဖင့္ပင္အပင္ကိုပ်ိဳးရပါသည္။ပ်ိဳးဥႏုလွ်င္ အပင္မေအာင္ပါ။ပ်ိဳးဥအရင့္မ်ားကို ေ႐ြးခ်ယ္စိုက္ပ်ိဳးဖို႔ အဓိကလိုပါတယ္။စတင္စိုက္ပ်ိဳးၿပီး ၅လအတြင္းအပြင့္ပြင့္ၿပီးေနာက္ထပ္ ပ်ိဳး ဥ ၅ ခုခန႔္ အပင္ေအာက္တြင္အျမစ္တြယ္ၿပီးသားျဖစ္ေနပါသည္။

ေနရာေဒသမေ႐ြးစိုက္ပ်ိဳးနိုင္ပါသည္။အလင္းေရာင္ကို ႏွစ္သက္သည္။ေနရာေကာင္းရဖို႔လိုသည္။ေလာင္းရိပ္ က်လြန္းပါကေကာင္းစြာႀကီး ထြားမႈ မရွိပါ။အထူးသျဖင့္ နံနက္ေနေရာင္ ေကာင္းစြာရဖို႔ လိုပါသည္။ေရဝပ္ဒဏ္ခံနိုင္ျခင္း မရွိပါ။ပန္းအိုးျဖင့္လည္းစိုက္ပ်ိဳးလို႔ ရပါသည္။ ေျမေဘာင္လုပ္၍ စိုက္ပ်ိဳးပါကေျမကို ႏြားေခ်းမ်ားမ်ားနဲ႕ ႏွပ္ထားပါ။ေဘာင္ျဖင့္ စိုက္မည္ဆိုပါက အက်ယ္ ၃ေပျပဳလုပ္ပါ။

ေပါင္းျမတ္မ်ား ရွင္းလင္းရလြယ္ကူရန္ျဖစ္ပါတယ္။တစ္ပင္ႏွင့္တစ္ပင္ ၉ လက္မပတ္လည္ စိုက္ပ်ိဳးပါ။အပင္ထြက္လာၿပီး ရက္ ၂၀ တစ္လသားအ႐ြယ္တြင္ေပါင္းလိုက္၍အစာေကြၽးပါ။ ေျမေစးလွ်င္ သဲႏႈန္းေျမ။ေျမေဆြး။ႏြားေခ်း(သို႔) ၾကက္ေခ်း ေျမၾသဇာ 50:30:20 အခ်ိဳးေရာစပ္ၿပီး စိုက္ပ်ိဳးပါ။ေျမေဘာင္ကို ႀကိဳတင္ျပင္ဆင္ၿပီးတစ္လေက်ာ္မွသာစိုက္ပ်ိဳးပါ။

အေကာင္းဆုံးနည္းမွာ လီလီပန္းမ်ိဳးဥႏွင့္ ဓါတ္ေျမၾသဇာ။ႏြားေခ်းေျမ ေဆြးတို႔ႏွင့္ တိုက္ရိုက္ထိေတြ႕၍မရပါ။မ်ိဳးဥ ပ်က္စီးနိုင္ပါသည္။ဥမွ ထြက္လာေသာ အျမစ္မ်ားႏွင့္သာေျမၾသဇာမ်ားထိေတြ႕ရန္ လိုအပ္ပါသည္။မွိုသတ္ေဆး အပင္အားေဆးပိုးသတ္ေဆးမ်ားကိုလိုအပ္သလို ပက္ျဖန္းနိုင္ပါသည္။အပူခ်ိန္မ်ားလွ်င္ အပူကာျပဳလုပ္ေပးလွ်င္ ပိုေကာင္း ပါသည္။အမွန္တကယ္ ျပဳစုေပးလွ်င္ တစ္ဧက သိန္းေထာင္ဂဏန္း ရရွိမယ့္ စိုက္ပ်ိဳးေရးလုပ္ငန္းျဖစ္ပါသည္။

အပြင့္ပြင့္လာပါက ရိုးတံအပါခူးၿပီးအပင္မ်ားကို ဒီအတိုင္းထားပါ။မ်ိဳးဥရယူရန္ ျဖစ္ပါတယ္။ မ်ိဳးဥအရင့္မ်ားကို တူးယူနိုင္ပါတယ္။အပင္ တစ္ပင္လွ်င္ မ်ိဳးဥ ၅ ဥ ခန႔္ ျပန္လည္ရရွိပါတယ္။ တူးယူထားသည့္ မ်ိဳးဥမ်ားကို အရိပ္ထဲတြင္ ၃ ရက္ခန႔္ အေျခာက္ခံၿပီး ကပ္ေနသည့္ေျမႀကီးမ်ားကိုဖယ္ရွားလိုက္ပါ။ထို႔ေနာက္ ခ်က္ခ်င္းစိုက္ပါ။သို႔မွ သာအပင္ေပါက္အား ေကာင္းမွာ ျဖစ္သည္။

မ်ိဳးဥမ်ားကို ဝယ္ယူနိုင္ပါသည္ မ်ိဳးဥတစ္ဥလွ်င္ ၁၀၀ က်ပ္ႏႈန္းျဖစ္ပါသည္။ ျပင္ဦးလြင္ၿမိဳ႕မွ ပို႔ေပးမည္ ျဖစ္ပါသည္။ မ်ိဳးဥ ေရာက္ေရာက္ခ်င္း စိုက္ပ်ိဳးနိုင္ဖို႔ ေျမေဘာင္ေတြ ႀကိဳတင္မ်ိဳးဥ လတ္လတ္ဆတ္ဆတ္နဲ႕ စိုက္ပ်ိဳးနည္းပညာေတြကို မွ်ေဝေပးလ်က္ရွိၿပီး ေလ့လာခ်င္သူမ်ားအေနျဖင့္ 09 420 102 108 သို႔ ဆက္သြယ္ေမးျမန္း မွာယူနိုင္ေၾကာင္း သိရသည္။

share from : yoma lann

Unicode

တစ်ဧကစိုက်တာနဲ့ သိန်းထောင်ချီပြန်ရတဲ့ လီလီပန်း စိုက်ပျိုးနည်း အပြည်အစုံ

ဘုရားပဲတင်တင် အလှပဲထိုးထိုလီလီပန်းလေးနဲ့မှ ကုသိုလ်ပိုရသည်၊ကျက်သရေရှိသည်၊အလှထူးသည် ထင်ကြသည်။မင်္ဂလာအခမ်းအနား များပင်ဖြစ်စေ၊ အမှတ်တရလက်ဆောင်ပန်းစည်း၊ပန်းခြင်း အတွက်ဖြစ်စေလီလီပန်းဖြင့် အလှဆင်မည်ဆိုပါက တခြားသော ပန်းများထက်ဈေးပိုပေးကြရသည်။ပေးရသည့်တန်ဖိုးနဲ့ လျော်ညီအောင်ပင်လီလီပန်းကကြာရှည်ခံသည်တင့်တင့်တယ်တယ်ထူးထူးခြားခြား လှပသည့်အရည်အသွေးများကိုပိုင်ဆိုင်ထားသည်။

ဤသို့ ထူးခြားလှပပြီး ဈေးကြီးသည့်လီလီပန်းကို မိမိတို့အိမ်တွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ကြောင်း ဖော်ပြပေးလိုက်ပါသည်။

လီလီပန်းသည် သဇင်ပန်းများကဲ့သို့ပင်ဥမှပေါက်သည့် အပင်တစ်မျိုးဖြစ်သည်။စတင်စိုက်ပျိုးရန်အတွက် ဥ ဖြင့်ပင်အပင်ကိုပျိုးရပါသည်။ပျိုးဥနုလျှင် အပင်မအောင်ပါ။ပျိုးဥအရင့်များကို ရွေးချယ်စိုက်ပျိုးဖို့ အဓိကလိုပါတယ်။စတင်စိုက်ပျိုးပြီး ၅လအတွင်းအပွင့်ပွင့်ပြီးနောက်ထပ် ပျိုး ဥ ၅ ခုခန့် အပင်အောက်တွင်အမြစ်တွယ်ပြီးသားဖြစ်နေပါသည်။

နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။အလင်းရောင်ကို နှစ်သက်သည်။နေရာကောင်းရဖို့လိုသည်။လောင်းရိပ် ကျလွန်းပါကကောင်းစွာကြီး ထွားမှု မရှိပါ။အထူးသဖြင့် နံနက်နေရောင် ကောင်းစွာရဖို့ လိုပါသည်။ရေဝပ်ဒဏ်ခံနိုင်ခြင်း မရှိပါ။ပန်းအိုးဖြင့်လည်းစိုက်ပျိုးလို့ ရပါသည်။ မြေဘောင်လုပ်၍ စိုက်ပျိုးပါကမြေကို နွားချေးများများနဲ့ နှပ်ထားပါ။ဘောင်ဖြင့် စိုက်မည်ဆိုပါက အကျယ် ၃ပေပြုလုပ်ပါ။

ပေါင်းမြတ်များ ရှင်းလင်းရလွယ်ကူရန်ဖြစ်ပါတယ်။တစ်ပင်နှင့်တစ်ပင် ၉ လက်မပတ်လည် စိုက်ပျိုးပါ။အပင်ထွက်လာပြီး ရက် ၂၀ တစ်လသားအရွယ်တွင်ပေါင်းလိုက်၍အစာကျွေးပါ။ မြေစေးလျှင် သဲနှုန်းမြေ။မြေဆွေး။နွားချေး(သို့) ကြက်ချေး မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။မြေဘောင်ကို ကြိုတင်ပြင်ဆင်ပြီးတစ်လကျော်မှသာစိုက်ပျိုးပါ။

အကောင်းဆုံးနည်းမှာ လီလီပန်းမျိုးဥနှင့် ဓါတ်မြေသြဇာ။နွားချေးမြေ ဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့၍မရပါ။မျိုးဥ ပျက်စီးနိုင်ပါသည်။ဥမှ ထွက်လာသော အမြစ်များနှင့်သာမြေသြဇာများထိတွေ့ရန် လိုအပ်ပါသည်။မှိုသတ်ဆေး အပင်အားဆေးပိုးသတ်ဆေးများကိုလိုအပ်သလို ပက်ဖြန်းနိုင်ပါသည်။အပူချိန်များလျှင် အပူကာပြုလုပ်ပေးလျှင် ပိုကောင်း ပါသည်။အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါသည်။

အပွင့်ပွင့်လာပါက ရိုးတံအပါခူးပြီးအပင်များကို ဒီအတိုင်းထားပါ။မျိုးဥရယူရန် ဖြစ်ပါတယ်။ မျိုးဥအရင့်များကို တူးယူနိုင်ပါတယ်။အပင် တစ်ပင်လျှင် မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ်။ တူးယူထားသည့် မျိုးဥများကို အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့်မြေကြီးများကိုဖယ်ရှားလိုက်ပါ။ထို့နောက် ချက်ချင်းစိုက်ပါ။သို့မှ သာအပင်ပေါက်အား ကောင်းမှာ ဖြစ်သည်။

မျိုးဥများကို ဝယ်ယူနိုင်ပါသည် မျိုးဥတစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့မှ ပို့ပေးမည် ဖြစ်ပါသည်။ မျိုးဥ ရောက်ရောက်ချင်း စိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင်မျိုးဥ လတ်လတ်ဆတ်ဆတ်နဲ့ စိုက်ပျိုးနည်းပညာတွေကို မျှဝေပေးလျက်ရှိပြီး လေ့လာချင်သူများအနေဖြင့် 09 420 102 108 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ကြောင်း သိရသည်။

share from : yoma lann