CELEBRITY NEWS

ညစ်ပတ်နေတဲ့လမ်းပေါ်မှာထိုင်ချပြီး သံဃာတော်တွေကို ရိုကျိုးစွာဆက်ဆံခဲ့တာကို မထိုင်ပါနဲ့လို့ တားတော့ အမေပြန်ပြောလိုက်တဲ့စကားလေး တစ်ခွန်း

ညစ်ပတ်နေတဲ့လမ်းပေါ်မှာထိုင်ချပြီး သံဃာတော်တွေကို ရိုကျိုးစွာဆက်ဆံခဲ့တာကို မထိုင်ပါနဲ့လို့ တားတော့ အမေပြန်ပြောလိုက်တဲ့စကားလေး တစ်ခွန်း

မြန်မာပြည်သူ၊ပြည်သားတွေကတော့ အခက်အခဲ၊အကြပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီရင်ဆိုင်ပေးနေတာဖြစ်ပါတယ်။

အမေစုကို ချစ်တဲ့ကလေးငယ်လေးတွေဆိုရင်လည်း ဘွားဘွားစု ပြန်လာမှ ကျောင်းတက်မယ်ဆိုပြီး ကြွေးကြော်ထားကြတာဖြစ်ပါတယ်။

ဒီ (၅)လကျော်အတွင်းမှာ အသက်အရွယ်နဲ့မမျှအောင် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အမေစုကို ပြည်သူလူထုကလည်း နေကောင်းကျန်းမာပါစေလို့ မေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။

အမေစုကလည်း သူမကိုယ်တိုင်ခက်ခဲနေတာတောင် ပြည်သူတွေကို စိတ်ပူပေးပြီး ရှေ့နေတွေမှတဆင့် အမှာစကားလေးတွေပါးပေးလိုက်တာဖြစ်ပါတယ်။အမေစုက ပြည်သူတွေအပေါ်မှာ ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေးဆက်ဆံပေးတတ်တဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာတရားလည်းကိုင်းရှိုင်းပြီး ဘုန်းဘုန်းတွေကိုလည်း အရမ်းရိုသေတာဖြစ်ပါတယ်။အမေစုနဲ့တွေ့ဆုံခဲ့ဖူးတဲ့ ဘုန်းဘုန်းတစ်ပါးကတော့ သူမဟာ အရမ်းယဉ်ကျေးပြီး နှိမ့်ချစွာနေထိုင်တတ်ကြောင်းကို ဖွင့်ဟလာတာဖြစ်ပါတယ်။

ဘုန်းဘုန်းက ဒကာမကြီးလို့ အမေစုကိုခေါ်လိုက်တာနဲ့ ချက်ချင်းရပ်ပြီး လက်အုပ်ချီကာ အရှင်ဘုရားများ ဘာများမိန့်မှာစရာရှိပါသလဲ ဘုရားဆိုပြီး ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းဘုန်းတွေကသူမနဲ့ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောတော့ ဝမ်းသာအားရကြိုဆိုခဲ့တာဖြစ်ပါတယ်။ဘုန်းဘုန်းတွေနဲ့ ဓာတ်ပုံအတူတူရိုက်တဲ့အခါမှာလည်း သူမက အောက်မှာ ရိုရိုသေသေထိုင်ပြီး တွဲရိုက်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဘုရားသားတော်တွေကို ရိုသေလေးစားတတ်တဲ့ အမေစုရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi








