Love & Relationship

မွေးရာပါ ခြေထောက်နှစ်ဖက်လုံး မရှိပေမယ့် အားမာန်အပြည့် နဲ့ မိသားစုကို ရှာဖွေကျွေးနေတဲ့ ကောင်လေး

မွေးရာပါ ခြေထောက်နှစ်ဖက်လုံး မရှိပေမယ့် အားမာန်အပြည့် နဲ့ မိသားစုကို ရှာဖွေကျွေးနေတဲ့ ကောင်လေး

လောကကြီးမှာ ကိုယ်ကျိုးမကြည့်ပဲ မိသားစုကို ငဲ့ညှာကာ အလုပ်အကျွေးပြုသူများသည် ရှားပါးပြီး မွန်မြတ်သော စိတ်ထားလေးပင်ဖြစ်သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ Ipongအမည်ရှိသော အသက် ၂၁နှစ်အရွယ် ကောင်လေးသည် အခြားသူများလို မဟုတ်ပဲ မွေးကတည်းက ခြေထောက်နှစ်ဖက်စလုံးမပါလာခဲ့သော်လည်း မိသားစု၏ စားဝတ်နေရေးတာဝန်ကို အပြည့်အဝယူထားခဲ့သည်။

ကောင်လေး၏မိဘသည် စီးပွားရေး အလုပ်အကိုင်အနေနှင့် မီးသွေးဖုတ်ရောင်းခဲ့သော်လည်း မောင်နှမ ၈ယောက်ရှိသည့်အတွက် ဘယ်လိုမှ မရုန်းကန်နိုင်ခဲ့ပေ။

ထို့ကြောင့် ကောင်လေးဟာ မသန်စွမ်းဖြစ်နေသည့်ကြား အကိုကြီးတစ်ယောက်ပီသစွာ ပင်ပင်ပန်းပန်းအလုပ်များကို လုပ်ကိုင်ကာ ရှာဖွေကျွေးခဲ့သည်။

မသန်စွမ်းသည့်ကြားက မိသားစုကို အလုပ်အကျွေးပြုနေသော ကောင်လေးကို ကြည့်ပြီး ခြေကောင်း လက်ကောင်းရှိပါလျက် မိဘလုပ်စာထိုင်စားနေသူများအဖို့ အထင်ကြီးလေးစားစရာကောင်းလှပါတယ်နော်။

Zawgyi

ေမြးရာပါ ေျခေထာက္ႏွစ္ဖက္လုံး မရွိေပမယ့္ အားမာန္အျပည့္ နဲ႕ မိသားစုကို ရွာေဖြေကြၽးေနတဲ့ ေကာင္ေလး

ေလာကႀကီးမွာ ကိုယ္က်ိဳးမၾကည့္ပဲ မိသားစုကို ငဲ့ညွာကာ အလုပ္အေကြၽးျပဳသူမ်ားသည္ ရွားပါးၿပီး မြန္ျမတ္ေသာ စိတ္ထားေလးပင္ျဖစ္သည္။

သို႔ျဖစ္၍ ဖိလစ္ပိုင္နိုင္ငံမွ Ipongအမည္ရွိေသာ အသက္ ၂၁ႏွစ္အ႐ြယ္ ေကာင္ေလးသည္ အျခားသူမ်ားလို မဟုတ္ပဲ ေမြးကတည္းက ေျခေထာက္ႏွစ္ဖက္စလုံးမပါလာခဲ့ေသာ္လည္း မိသားစု၏ စားဝတ္ေနေရးတာဝန္ကို အျပည့္အဝယူထားခဲ့သည္။

ေကာင္ေလး၏မိဘသည္ စီးပြားေရး အလုပ္အကိုင္အေနႏွင့္ မီးေသြးဖုတ္ေရာင္းခဲ့ေသာ္လည္း ေမာင္ႏွမ ၈ေယာက္ရွိသည့္အတြက္ ဘယ္လိုမွ မ႐ုန္းကန္နိုင္ခဲ့ေပ။

ထို႔ေၾကာင့္ ေကာင္ေလးဟာ မသန္စြမ္းျဖစ္ေနသည့္ၾကား အကိုႀကီးတစ္ေယာက္ပီသစြာ ပင္ပင္ပန္းပန္းအလုပ္မ်ားကို လုပ္ကိုင္ကာ ရွာေဖြေကြၽးခဲ့သည္။

မသန္စြမ္းသည့္ၾကားက မိသားစုကို အလုပ္အေကြၽးျပဳေနေသာ ေကာင္ေလးကို ၾကည့္ၿပီး ေျခေကာင္း လက္ေကာင္းရွိပါလ်က္ မိဘလုပ္စာထိုင္စားေနသူမ်ားအဖို႔ အထင္ႀကီးေလးစားစရာေကာင္းလွပါတယ္ေနာ္။