CELEBRITY NEWS

သူရဲေကာင္း ၾကယ္စင္ေလးရဲ႕ ႐ုပ္အေလာင္းကိစၥ နဲ႕ ပတ္သတ္ၿပီး CDM စစ္ေဆးဆရာဝန္ ဗိုလ္ႀကီးမင္းေမာင္ေမာင္ ဝန္ခံထြက္ဆိုလာ

သူရဲေကာင္း ၾကယ္စင္ေလးရဲ႕ ႐ုပ္အေလာင္းကိစၥ နဲ႕ ပတ္သတ္ၿပီး CDM စစ္ေဆးဆရာဝန္ ဗိုလ္ႀကီးမင္းေမာင္ေမာင္ ဝန္ခံထြက္ဆိုလာ

စစ္ေဆးဆရာဝန္ဗိုလ္ႀကီးမင္းေမာင္ေမာင္ဝန္ခံထြက္ဆိုလာတဲ့မၾကယ္စင္႐ုပ္အေလာင္းကိစၥ။မၾကယ္စင္ေအလာင္းကိုခခိုင္းတဲ့ဆရာဝန္ထြက္ေျပးၿပီးေနာက္စစ္ဆရာဝန္မ်ားကိုရင္ခြဲမခိုင္းေတာ့ဘဲႀကဳံရာစစ္သားကိုခြဲခိုင္းေန၊စစ္ဆရာဝန္တံဆိပ္တုံးကိုလည္း အတုလုပ္ေနဟုဆိုမႏၲေလးကဆႏၵျပမႈျဖစ္စဥ္မွာက်ဆဳံးသြားတဲ့

မၾကယ္စင္႐ုပ္အေလာင္းကိုခြဲခိုင္းရာကေနထြက္ေျပးတဲ့ဆရာဝန္ေတြေၾကာင့္စစ္ဆရာဝန္ေတြကိုရင္ခြဲမခိုင္းေတာ့ဘူးလို႔သိရသလို စစ္ဆရာဝန္ေတြရဲ႕တံဆိပ္တုံးေတြကိုလည္း အတု႔လုပ္ေနတယ္လို႔စီဒီအမ္ျပဳလုပ္ထားတဲ့ေဆးတပ္ခြဲစိတ္ပါရဂူဗိုလ္ႀကီးမင္းေမာင္ေမာင္ကအာရ္အက္ဖ္ေအမီဒီယာနဲ႕ေတြ႕ဆုံေမးျမန္းခန္းမွာေျပာပါတယ္။

“အေလာင္းခြဲတယ္ဆိုရင္မူခင္းဆရာဝန္ကခြဲေပးရတယ္မူခင္ဆရာဝန္ထဲမွာ

ကြၽန္ေတာ့္သူငယ္ခ်င္းေတြအမ်ားႀကီးရွိတယ္မႏၲေလးကၾကယ္စင္ေလးကိစၥတုန္းကဆိုရင္အေလာင္းေဖာ္တယ္ေဖာ္ၿပီးတဲ့ခါၾကရင္ျပန္ၿပီးေတာ့သူတို႔ကခြဲတယ္အဲဒီအေလာင္းကိုခြဲခိုင္းတဲ့ဆရာဝန္ေတြကထြက္ေျပးသြားတယ္အဲဒီေကာင္ေတြကဘယ္ေရာက္သြားၿပီလဲမသိဘူးေနာက္ဆုံးက်ေတာ့ဆရာဝန္ေတြကိုမခိုင္းေတာ့ဘူးရင္ခြဲတဲ့ဆရာႀကီးေတြရွိတယ္အရာခံဗိုလ္တပ္ၾကပ္ႀကီးေတြ”လို႔ခြဲစိတ္ပါရဂူဗိုလ္ႀကီးမင္းေမာင္ေမာင္ကဆိုပါတယ္။

စစ္ဆရာဝန္ေတြကရင္မခြဲရေတာ့သူတို႔ရဲ႕တံဆိပ္တုံးလက္မွတ္ အတု႔ေတြကိုစစ္ေကာင္စီကလုပ္ေဆာင္ခဲ့ရတယ္လို႔သိရပါတယ္။ “စရဖကေကာင္ေတြကနိပ္စက္လြန္ေသသြားတဲ့အခ်ိန္မွာဒီစကစကအေလာင္းကိုဆရာႀကီးေတြကိုခြဲခိုင္းတယ္လူခြဲတဲ့ေနရာမွာေတာ့ဝတ္ေက်တန္းေက်ခြဲၾကတာခြဲပီးၿပီးဆိုရင္ အထဲကဟာေတြျပန္ၿပီးေတာ့ဗိုက္ထဲျပန္တန္းထည့္ျပန္ပိတ္ခ်ဳပ္တာေလတစ္ခ်ိဳ႕ေတြက်ေတာ့လည္းထည့္တဲ့ဟာထည့္မထည့္တဲ့ဟာမထည့္ေပါ့အဲဒါမ်ိဳးလုပ္ၾကတာၿပီးၿပီဆိုရင္အဲဒီဆရာဝန္ေတြကလက္မွတ္မထိုးေပးေတာ့ဘူးဗ်ာ။

လက္မွတ္မထိုးေပးေတာ့သူတို႔ကဘာလုပ္လဲဆိုေတာ့တစ္ခ်ိဳ႕ဆရာဝန္ေတြရဲ႕တံဆိပ္တုန္းေတြကိုအတု႔လုပ္ၿပီးေတာ့သူတို႔ထြက္ခ်င္တဲ့ပုံစံကိုသူတို႔ဘာသာသူတို႔ေရးၿပီးေတာ့ လုပ္ၾကတယ္နိုင္ငံျခားကိုတင္ေရာင္းတာေတာ့မဟုတ္ဘူး”လို႔ခြဲစိတ္ပါရဂူဗိုလ္ႀကီးမင္းေမာင္ေမာင္ကဆိုပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဟာဆႏၵျပသူေတြနဲ႕ညဘက္ေနအိမ္ေတြကိုဝင္ေရာက္ဖမ္းဆီးခံရသူေတြထဲကတစ္ခ်ိဳ႕ကိုစစ္ေၾကာေရးမွာ လူသားမဆန္စြာညွင္းပန္းနိပ္စက္ခဲ့ၿပီးေသဆုံးသြားသူေတြရဲ႕႐ုပ္အေလာင္းကိုရင္ခြဲၿပီးမိသားစုထံျပန္လည္ပို႔ေဆာင္ေပးခဲ့တာ

ရွိသလိုအခုေနာက္ပိုင္းမွာေတာ့ကိုဗစ္အေၾကာင္းျပၿပီးတန္းသၿဂိဳဟ္မႈေတြျပဳလုပ္ေနတာပဲျဖစ္ပါတယ္။စီဒီအမ္စစ္ေဆးဆရာဝန္ဗိုလ္ႀကီးမင္းေမာင္ေမာင္ဝန္ခံထြက္ဆိုလာတဲ့ဗြီဒီယိုအျပည့္အစုံကိုအာရ္အက္ဖ္ေအမီဒီယာမွာသြားေရာက္ၾကည့္ရႈနိုင္ပါတယ္။

Unicode

သူရဲကောင်း ကြယ်စင်လေးရဲ့ ရုပ်အလောင်းကိစ္စ နဲ့ ပတ်သတ်ပြီး CDM စစ်ဆေးဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင် ဝန်ခံထွက်ဆိုလာ

စစ်ဆေးဆရာဝန်ဗိုလ်ကြီးမင်းမောင်မောင်ဝန်ခံထွက်ဆိုလာတဲ့မကြယ်စင်ရုပ်အလောင်းကိစ္စ။မကြယ်စင်အေလာင်းကိုခခိုင်းတဲ့ဆရာဝန်ထွက်ပြေးပြီးနောက်စစ်ဆရာဝန်များကိုရင်ခွဲမခိုင်းတော့ဘဲကြုံရာစစ်သားကိုခွဲခိုင်းနေ၊စစ်ဆရာဝန်တံဆိပ်တုံးကိုလည်း အတုလုပ်နေဟုဆိုမန္တလေးကဆန္ဒပြမှုဖြစ်စဉ်မှာကျဆုံးသွားတဲ့

မကြယ်စင်ရုပ်အလောင်းကိုခွဲခိုင်းရာကနေထွက်ပြေးတဲ့ဆရာဝန်တွေကြောင့်စစ်ဆရာဝန်တွေကိုရင်ခွဲမခိုင်းတော့ဘူးလို့သိရသလို စစ်ဆရာဝန်တွေရဲ့တံဆိပ်တုံးတွေကိုလည်း အတု့လုပ်နေတယ်လို့စီဒီအမ်ပြုလုပ်ထားတဲ့ဆေးတပ်ခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကအာရ်အက်ဖ်အေမီဒီယာနဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။

“အလောင်းခွဲတယ်ဆိုရင်မူခင်းဆရာဝန်ကခွဲပေးရတယ်မူခင်ဆရာဝန်ထဲမှာ

ကျွန်တော့်သူငယ်ချင်းတွေအများကြီးရှိတယ်မန္တလေးကကြယ်စင်လေးကိစ္စတုန်းကဆိုရင်အလောင်းဖော်တယ်ဖော်ပြီးတဲ့ခါကြရင်ပြန်ပြီးတော့သူတို့ကခွဲတယ်အဲဒီအလောင်းကိုခွဲခိုင်းတဲ့ဆရာဝန်တွေကထွက်ပြေးသွားတယ်အဲဒီကောင်တွေကဘယ်ရောက်သွားပြီလဲမသိဘူးနောက်ဆုံးကျတော့ဆရာဝန်တွေကိုမခိုင်းတော့ဘူးရင်ခွဲတဲ့ဆရာကြီးတွေရှိတယ်အရာခံဗိုလ်တပ်ကြပ်ကြီးတွေ”လို့ခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကဆိုပါတယ်။

စစ်ဆရာဝန်တွေကရင်မခွဲရတော့သူတို့ရဲ့တံဆိပ်တုံးလက်မှတ် အတု့တွေကိုစစ်ကောင်စီကလုပ်ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ “စရဖကကောင်တွေကနိပ်စက်လွန်သေသွားတဲ့အချိန်မှာဒီစကစကအလောင်းကိုဆရာကြီးတွေကိုခွဲခိုင်းတယ်လူခွဲတဲ့နေရာမှာတော့ဝတ်ကျေတန်းကျေခွဲကြတာခွဲပီးပြီးဆိုရင် အထဲကဟာတွေပြန်ပြီးတော့ဗိုက်ထဲပြန်တန်းထည့်ပြန်ပိတ်ချုပ်တာလေတစ်ချို့တွေကျတော့လည်းထည့်တဲ့ဟာထည့်မထည့်တဲ့ဟာမထည့်ပေါ့အဲဒါမျိုးလုပ်ကြတာပြီးပြီဆိုရင်အဲဒီဆရာဝန်တွေကလက်မှတ်မထိုးပေးတော့ဘူးဗျာ။

လက်မှတ်မထိုးပေးတော့သူတို့ကဘာလုပ်လဲဆိုတော့တစ်ချို့ဆရာဝန်တွေရဲ့တံဆိပ်တုန်းတွေကိုအတု့လုပ်ပြီးတော့သူတို့ထွက်ချင်တဲ့ပုံစံကိုသူတို့ဘာသာသူတို့ရေးပြီးတော့ လုပ်ကြတယ်နိုင်ငံခြားကိုတင်ရောင်းတာတော့မဟုတ်ဘူး”လို့ခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာဆန္ဒပြသူတွေနဲ့ညဘက်နေအိမ်တွေကိုဝင်ရောက်ဖမ်းဆီးခံရသူတွေထဲကတစ်ချို့ကိုစစ်ကြောရေးမှာ လူသားမဆန်စွာညှင်းပန်းနိပ်စက်ခဲ့ပြီးသေဆုံးသွားသူတွေရဲ့ရုပ်အလောင်းကိုရင်ခွဲပြီးမိသားစုထံပြန်လည်ပို့ဆောင်ပေးခဲ့တာ

ရှိသလိုအခုနောက်ပိုင်းမှာတော့ကိုဗစ်အကြောင်းပြပြီးတန်းသဂြိုဟ်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။စီဒီအမ်စစ်ဆေးဆရာဝန်ဗိုလ်ကြီးမင်းမောင်မောင်ဝန်ခံထွက်ဆိုလာတဲ့ဗွီဒီယိုအပြည့်အစုံကိုအာရ်အက်ဖ်အေမီဒီယာမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။