Local News

အရေပြားရောဂါကို ဆိုးရွားစွာ ခံစားနေကြရတဲ့ စစ်ဘေးရှောင် ကလေးငယ်များရဲ ပုံရိပ်များဟာ ရင်ထဲထိခိုက်စေတယ်

အရေပြားရောဂါကို ဆိုးရွားစွာ ခံစားနေကြရတဲ့ စစ်ဘေးရှောင် ကလေးငယ်များရဲ ပုံရိပ်များဟာ ရင်ထဲထိခိုက်စေတယ်

စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေခမျာ အချိန်အတော်ကြာ တောတောင်ထဲ နေထိုင်နေရတာကြောင့် အခုဆိုရင် ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာကြတာ တွေ့ရပါတယ် ။ ပတ်ဝန်းကျင် အနေအထား အရသော်လည်းကောင်း ၊ သုံးစွဲရတဲ့ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက် ဝမ်းလျှော တာတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ် ။

စစ်ဘေးရှောင် ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ၊ ဆေးဝါး အထောက်အကူ ပစ္စည်းတွေ ပိုပြီး လိုအပ်နေတာ တော့ အမှန်ပါပဲ။

ဒါ့အပြင် စစ်ဘေးရှောင် တွေထဲက ကလေးသူငယ်တွေ ၊ မီးဖွားပြီးခါစ မိခင်တွေ ၊ သက်ကြီး ရွယ်အိုတွေဟာ ဒီရင်ပိုင်းမှာဆိုရင် ဆိုးရွားတဲ့ အရေပြား လက္ခဏာပုံစံ ရောဂါတွေကို ခံစားနေကြရတယ်လို့ သိရပါတယ် ။

ကလေးငယ်လေးတွေ ဆိုရင်လည်း တစ်ကိုယ်လုံး အနာတွေ အပြည့်နဲ့ တော်တော်လေး ဝေဒနာ ခံစားနေရရှာတာကို ပုံတွေတိုင်းမှာ တွေ့မြင်ရမှာပါ ။ အနာက နာရင်တောင် မပြောတတ်တဲ့ ကလေးငယ်လေးတွေမို့ သူတို့ရဲ့ ပုံတွေ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ပြည်မက ပြည်သူတွေကလည်း ဒီလို ဒုက္ခမျိုးစုံ ခံစားနေရတဲ့ စစ်ဘေးရှောင်တွေကို အစွမ်းကုန် လိုအပ်တာတွေ ကူညီပေးနေတာတွေ့ရပါတယ် ။ စေတနာရှင် ဆရာဝန်လေးတွေ ဆိုရင်လည်း တတ်နိုင်သလာက် တောတောင်တွေထဲအထိ သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေကြတာပါ။

ပရိသတ်ကြီးအတွက် အရေပြား ရောဂါကို ခံစားနေရရှာတဲ့ စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ဝင်ရောက်ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

Zawgyi

အေရျပားေရာဂါကို ဆိုး႐ြားစြာ ခံစားေနၾကရတဲ့ စစ္ေဘးေရွာင္ ကေလးငယ္မ်ားရဲ ပုံရိပ္မ်ားဟာ ရင္ထဲထိခိုက္ေစတယ္

စစ္ေဘးေရွာင္ေနရတဲ့ ေဒသခံေတြခမ်ာ အခ်ိန္အေတာ္ၾကာ ေတာေတာင္ထဲ ေနထိုင္ေနရတာေၾကာင့္ အခုဆိုရင္ က်န္းမာေရး ထိခိုက္မႈေတြ ရွိလာၾကတာ ေတြ႕ရပါတယ္ ။ ပတ္ဝန္းက်င္ အေနအထား အရေသာ္လည္းေကာင္း ၊ သုံးစြဲရတဲ့ ေရမသန႔္ရွင္းတာေတြေၾကာင့္ ဝမ္းပ်က္ ဝမ္းေလွ်ာ တာေတြလည္း ျဖစ္ေနၾကတယ္လို႔ သိရပါတယ္ ။

စစ္ေဘးေရွာင္ ျပည္သူေတြ အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ၊ ေဆးဝါး အေထာက္အကူ ပစၥည္းေတြ ပိုၿပီး လိုအပ္ေနတာ ေတာ့ အမွန္ပါပဲ။

ဒါ့အျပင္ စစ္ေဘးေရွာင္ ေတြထဲက ကေလးသူငယ္ေတြ ၊ မီးဖြားၿပီးခါစ မိခင္ေတြ ၊ သက္ႀကီး ႐ြယ္အိုေတြဟာ ဒီရင္ပိုင္းမွာဆိုရင္ ဆိုး႐ြားတဲ့ အေရျပား လကၡဏာပုံစံ ေရာဂါေတြကို ခံစားေနၾကရတယ္လို႔ သိရပါတယ္ ။

ကေလးငယ္ေလးေတြ ဆိုရင္လည္း တစ္ကိုယ္လုံး အနာေတြ အျပည့္နဲ႕ ေတာ္ေတာ္ေလး ေဝဒနာ ခံစားေနရရွာတာကို ပုံေတြတိုင္းမွာ ေတြ႕ျမင္ရမွာပါ ။ အနာက နာရင္ေတာင္ မေျပာတတ္တဲ့ ကေလးငယ္ေလးေတြမို႔ သူတို႔ရဲ႕ ပုံေတြ ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။

ျပည္မက ျပည္သူေတြကလည္း ဒီလို ဒုကၡမ်ိဳးစုံ ခံစားေနရတဲ့ စစ္ေဘးေရွာင္ေတြကို အစြမ္းကုန္ လိုအပ္တာေတြ ကူညီေပးေနတာေတြ႕ရပါတယ္ ။ ေစတနာရွင္ ဆရာဝန္ေလးေတြ ဆိုရင္လည္း တတ္နိုင္သလာက္ ေတာေတာင္ေတြထဲအထိ သြားေရာက္ကာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ျပဳလုပ္ေပးေနၾကတာပါ။

ပရိသတ္ႀကီးအတြက္ အေရျပား ေရာဂါကို ခံစားေနရရွာတဲ့ စစ္ေဘးေရွာင္ ကေလးငယ္ေလးေတြရဲ႕ ပုံရိပ္ေတြကို ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။ဝင္ေရာက္ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကိုလဲ ေက်းဇူးအထူးတင္ရွိပါတယ္။