Love & Relationship

တစ်ရွာလုံးစစ်ပြေးရှောင်နေချိန် လိုက်မပြေးဘဲ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ကာ အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

တစ်ရွာလုံးစစ်ပြေးရှောင်နေချိန် လိုက်မပြေးဘဲ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ကာ အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

ဇူလိုင်လ ၅ ရက်နေ့ဆရာမလေးတစ်ဦးကစစ်ဘေးရှောင်ဖို့မပြေးဘဲရွာမှာနေခဲ့ပြီးကိုယ်ဝန်သည်ကို မွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ တစ်ရွာလုံးစစ်ပြေးရှောင်နေရတဲ့အချိန်ဆရာမနဲ့မွေးလူနာတစ်အိမ်တည်းပဲရွာထဲကျန်ခဲ့တယ်။

ရွာသားတွေကဆရာမပြေးရအောင်ခေါ်ပေမယ့် မွေးလူနာကိုမပစ်ရက်ခဲ့ဘူး ။မွေးလူနာကလည်းဆရာမရယ်ကျွန်မအသက်ကိုကယ်ပါအူး။

ဆရာမရှိရင် သေရမှာလည်းမကြောက်ပါဘူးဆိုတော့ သေလည်းအတူတူပဲပေါ့ဆိုပြီးဘယ်မှ မပြေးခဲ့ဘူး။

ညနေ၂နာရီ တိတိအချိန်မှာသမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်။အသက်အန္တရာယ်ကြားထဲကအသက် ၂ချောင်းကိုကယ်နိုင်ခဲ့ပြီ။

ကိုယ်အသက်ရှင်နေသရွေ့ ကယ်နိုင်သရွေ့တော့ ကယ်ရပေဦးမည်လို့ ဆရာလေးကပြော ကြားလာခဲ့ပါသည်။

Zawgyi






