AMAZING

မြန်မာ့ ပထမဆုံး ပြည်ပမှ ပါရဂူဘွဲ့ရ မြန်မာ့ ငှက် ပညာရှင် (သို့) မင်းသမီး ပိုင်ဖြိုးသုရဲ့ အဖွား

မြန်မာ့ ပထမဆုံး ပြည်ပမှ ပါရဂူဘွဲ့ရ မြန်မာ့ ငှက် ပညာရှင် (သို့) မင်းသမီး ပိုင်ဖြိုးသုရဲ့ အဖွား

သြစတြေးလျကို သွားရောက်ပြီး မြန်မာငှက်တွေနဲ့ ပတ်သက်တဲ့ သကုဏဗေဒ ပါရဂူဘွဲ့ရခဲ့သူ ဒေါက်တာ မြမြနုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငှက်ပညာရှင် ဖြစ်ပါတယ်။ စာတမ်းတင်ပြီး ပြန်လာရတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ၆ လလောက်ကြာမှ အောင်စာရင်းရတယ်လို့ ဆရာမကြီးကပြောပါတယ်။

ရန်ကုန် ဆေးတက္ကသိုလ် ၂ ကသတ္တဗေဒဌာနမှာ လက် ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၀ ခုနှစ်တုန်းက ကိုလံဘို စီမံကိန်းအရ သြစတြေးလျနိုင်ငံမှာ မဟာသိပ္ပံနဲ့ ပီအိပ်ခ်ျဒီဘွဲ့အတွက် ပညာ သင်ကြားခဲ့ပါတယ်။ University of New South Wales တက္ကသိုလ်မှာ ၁၉၇၀ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ သွားရောက် ပ ညာသင်ပြီး ပါရဂူ ကျမ်းပြုစုခဲ့ပါတယ်။

အမျိုးသမီးတွေ ပြည်ပမှာ သွားရောက်ပညာသင်ခွင့်ရသူ ရှား ပါးလှတဲ့အချိန်က ထူးထူးချွန်ချွန် သွားရောက် ပညာသင်ကြားရတာ ကိုယ့်ကိုယ်ကိုယ် သိပ်ကိုဂုဏ်ယူမိတယ်လို့ ဒေါက်တာ မြမြနုက ပြောပါတယ်။ ဒီလိုပညာသင်ခွင့်ရဖို့က ပညာရေးဌာနက စစ်ဆေးတဲ့ စာမေးပွဲ အပါအဝင် အဆင့်ဆင့် အရည်အချင်း စစ် ဆေးမှုတွေ ခံယူရပြီးမှ သွားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီလို စစ်ဆေးပြီးတဲ့အခါမှာ ကိုယ်သွားချင်တဲ့နိုင်ငံကို သွားခွင့်မ ရခဲ့ဘဲ အစိုးရကစေလွှတ်တဲ့ နိုင်ငံကိုသာသွားခဲ့ ရတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်အနေနဲ့ ဆိုရင်လည်း ဒါကို မလုပ်ချင်ဘူး၊သူ့ ကိုယ်ပိုင် ဆန္ဒနဲ့သာဆိုရင် ဇီဝကမ္မဗေဒဘာသာရပ်နဲ့ အင်္ဂလန်မှာ ပညာလေ့လာ ဆည်းပူးချင်ခဲ့တာလို့လည်း ဆရာမကြီးက ပြောပါတယ်။

မြန်မာပြည်မှာ ငှက်ပညာရှင် တစ်ယောက်မှမရှိသေးတဲ့ အတွက် ငှက်ပညာကို လေ့လာဖို့ အစိုးရကခိုင်းတာကို လုပ်ခဲ့ရတာလို့ဆို ပါတယ်။ သူသွားခဲ့ချိန်က သြစတြေးလျကို သွားရောက် ပညာ သင်ချင်သူ မရှိဘဲ သွားဖို့လျှောက်ထားတဲ့သူ မရှိတဲ့အတွက် သူ့ကိုတမင်စေ လွှတ်တာလို့ ဒေါက်တာ မြမြနုက ဆိုပါတယ်။

ပါရဂူ ကျမ်းပြုစုရမယ့် ခေါင်းစဉ်ကိုလည်း ကိုယ့်စိတ် ကြိုက်မ ဟုတ်ဘဲ ပါမောက္ခက ရွေးပေးတဲ့ခေါင်းစဉ်ကိုသာ လက်ခံခဲ့ရတာပါ။ ဒီလို လေ့လာရတာကို ပျော်ရွှင်မနေခဲ့ပေမယ့် ဒါကိုလုပ်ရမယ်လို့ အစိုးရက ခိုင်းခဲ့တဲ့အတွက် နိုင်ငံကိုယ် စား သွားခဲ့တယ်၊ တာဝန်လည်းကြီးတယ်၊ စိတ်လည်း ပင်ပန်းတယ်၊ ဒါပေမဲ့ အောင်မြင်အောင် လုပ်ခဲ့တယ်လို့ ဆရာမကြီးက ပြောပါတယ်။

သူ့လိုပဲ တခြားဘာသာရပ်တွေ သင်ယူဖို့ သြစတြေးလျ နိုင်ငံကို စေလွှတ်ခံရသူတွေ တချို့ကတော့ ရည် မှန်းခဲ့တဲ့ ပါရဂူဘွဲ့မ ရခဲ့ဘဲ ပြန်လာရသူတွေလည်း ရှိတယ်လို့ ဆရာမကြီးက ပြောပါတယ်။

သူ့အနေနဲ့ကတော့ ကိုယ့်စိတ်ကြိုက်ခေါင်းစဉ်ရွေး ချယ်ရတာမျိုးမဟုတ်ဘဲ အဆင်သင့် ရွေးပေးထားတဲ့ ခေါင်းစဉ်ကိုသာ လုပ်ခဲ့ရပေမယ့် ဒါကလည်း တနည်းအားဖြင့် ကိုယ်ဘာလုပ်ရင်ကောင်းမယ်ဆိုတာ စဉ်း စားစရာမလိုတော့လို့ အကောင်းဘက်က တွေးရင်တော့ တမျိုးကောင်းတယ်လို့ သူကပြောပါတယ်။

ဒေါ်မြမြနု သြစတြေးလျမှာ ကျမ်းပြုခဲ့တဲ့အချိန်က မြန်မာနိုင်ငံကနေ အဲဒီကိုသွားရောက် ပညာသင်သူကလည်း သိပ်မရှိ၊မြန်မာ အကြောင်းလည်း သူတို့ကသိပ် မသိကြတဲ့အတွက် မြန်မာကျေင်းသားတွေကို အထင် သေးကြပြီး ကျမ်းပြုနေတဲ့ကာလအ တွင်းမှာ အနှိမ်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ ပညာရအောင် ယူခဲ့ရတယ်၊အောင် မြင်အောင် မီးကုန်ယမ်းကုန် အလွန်အမင်း ကြိုးစားခဲ့ရတယ်လို့ ဆ ရာမကြီးက ဆိုပါတယ်။
ငှက်နဲ့ပတ်သက်လို့ လေ့လာခဲ့တဲ့ ငှက်အမျိုးအစားတွေ အများကြီးရှိခဲ့ပေမဲ့ သြစတြေးလျနိုင်ငံ University of New South Wales မှာ ပါရဂူဘွဲ့အ တွက် ကျမ်းပြုစုနေစဉ်မှာတော့ ကြက်တူရွေးကိုပဲလေ့ လာခဲ့ပါတယ်။

ကြက်တူရွေးတွေရဲ့ သဘာဝ၊ မျိုးပွားမှု၊ သူတို့အချင်း ချင်းပြောတဲ့ ဘာသာစကားတွေ အသံ အမူအရာတွေကို လေ့လာခဲ့ပြီး ဘယ်လိုအမူအရာဆိုရင် ဘာပြောတာဖြစ်နိုင်မလဲ ဆိုတာအ သေအချာ လေ့လာကျမ်းပြုခဲ့တာလို့ ဆိုပါတယ်။ ကြက်တူရွေးတွေကို မိုက်ကရိုဖုန်းနဲ့ချိတ် အသံဖမ်းယူပြီ ဒီငှက်က ဒီကိုဘယ်အချိန်လာလဲ၊ သူ့မိတ်က ဘယ်အချိန်လာလဲ ဆိုတာ စောင့်ကြည့် လေ့လာခဲ့တယ်လို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ လေ့လာသုတေသနပြုခဲ့တဲ့ငှက် တွေကို ဒေါက်တာ ဒေါ်မြမြနုက မြန်မာနိုင်ငံကို ပြန် လာတဲ့အခါ တစ်ပါ တည်း ယူလာခဲ့ပါတယ်။ သူ့ငှက်တွေက လက်တွေ၊ ခေါင်းတွေပေါ် တက်နေတဲ့အထိ ရင်း နှီးခဲ့တယ်လို့ ဆိုပါတယ်။

ငှက် အကောင် ၂၀ လောက် ပြန်ယူလာခဲ့ပေမဲ့ သိပ်ကြာကြာမခံဘဲ သေကုန်တယ်လို့ ဆရာမကြီးက ပြောပါတယ်။

တက္ကသိုလ်ထဲက သတ္တဗေဒ အဆောက်အအုံနားမှာ ပါမောက္ခက ငှက်လှောင်ရုံ Aviary ဆောက်ပေးထားပေမယ့် ကျွေးမွေးစောင့်ရှောက်သူတွေက မထိန်းသိမ်းတတ်တာက တစ်ကြောင်း၊ရာသီဥတု မတူတဲ့အတွက်ကြောင့် တစ်ကြောင်း ပြန်ယူလာပြီးမ ကြာခင် အ တော်များများ သေဆုံးသွားလို့ ကျန်တဲ့ငှက်တွေကို တိရစ္ဆာန်ရုံမှာ သွားလှူခဲ့တယ်လို့ သူကဆိုပါတယ်။

ငှက်ပညာရှင် ဘာကြောင့်နည်းသလဲ။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ငှက်ပညာရပ်နဲ့ပတ် သက်ပြီး ပါရ ဂူဘွဲ့ရသူတွေ ပေါ်ပေါက်လာခဲ့ပေမဲ့ တ ခြားဘာသာရပ်တွေလောက် မများဘူးလို့ ငှက်ပညာ ရှင်တွေက ပြောကြပါတယ်။

သွားလာလှုပ်ရှားမှု မြန်မာဆန်တဲ့ငှက်ကို လေ့လာရတာက ဓါတ်ခွဲခန်းတွေထဲမှာ စမ်းသပ်လေ့လာ ရတာမျိုးမဟုတ်ဘဲ သူတို့နဲ့ပတ်သက်တဲ့ ဓါတ်ပုံရိုက်တာ အ ထောက်အထားယူတာက အစ အလွန်ခက်ခဲလို့ ကိုးကားလေ့လာစရာတွေကို ရှာဖွေရတာ ခက် ခဲတယ်လို့ သူတို့က ပြောကြပါတယ်။

ဆရာမကြီးရဲ့ လေ့လာတွေ့ရှိချက်တွေက နောက်လူတွေအတွက် သိပ်ကို အကျိုးရှိတယ်လို့ ၂၀၁၀ မှာ ပြည်တွင်းမှာပဲ ငှက်နဲ့ပတ်သက်ပြီး ပါရဂူဘွဲရခဲ့တဲ့ ဒေါက်တာ သီရိဒေဝီအောင်က ပြောပါတယ်။ ဆရာမကြီးရဲ့စာအုပ်တွေအပြင် နောက်ပိုင်းမှာဆိုရင် ပြည်တွင်း က ပါရဂူတွေ ဖြစ်ကြတဲ့ ဒေါက်တာ ခိုင်ရွှေဝါနဲ့ ဒေါက်တာ ဖေကြီးမောင်တို့ ပြုစုထားတဲ့ စာအုပ်တွေကလည်း အများကြီးအ ထောက်အကူပြုတယ်လို့ သူက ပြောပါတယ်။မူးရင်းရေးသားသူကိုလေးစားစွာ ခရက်ဒစ်ပေးပါတယ်။

( မြန်မာနိုင်ငံ သတ္တဗေဒလောကမှာ ထင်ရှားတဲ့ ဒေါက်တာမြမြနုဟာ ပြီးခဲ့တဲ့ရက် ၃၀-၆-၂၀၂၁ (အသက် ၈၃နှစ်) အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်)။ crd

Zawgyi

ျမန္မာ့ ပထမဆုံး ျပည္ပမွ ပါရဂူဘြဲ႕ရ ျမန္မာ့ ငွက္ ပညာရွင္ (သို႔) မင္းသမီး ပိုင္ၿဖိဳးသုရဲ႕ အဖြား

ၾသစေၾတးလ်ကိဳ သြားေရာက္ၿပီး ျမန္မာငွက္ေတြနဲ႕ ပတ္သက္တဲ့ သကုဏေဗဒ ပါရဂူဘြဲ႕ရခဲ့သူ ေဒါက္တာ ျမျမႏုဟာ ျမန္မာနိုင္ငံရဲ႕ ပထမဆုံး ငွက္ပညာရွင္ ျဖစ္ပါတယ္။ စာတမ္းတင္ၿပီး ျပန္လာရတာျဖစ္ၿပီး ျမန္မာနိုင္ငံကို ျပန္ေရာက္ၿပီး ၆ လေလာက္ၾကာမွ ေအာင္စာရင္းရတယ္လို႔ ဆရာမႀကီးကေျပာပါတယ္။

ရန္ကုန္ ေဆးတကၠသိုလ္ ၂ ကသတၱေဗဒဌာနမွာ လက္ ေထာက္ ကထိကအျဖစ္ တာဝန္ထမ္းေဆာင္ေနစဥ္ ၁၉၇၀ ခုႏွစ္တုန္းက ကိုလံဘို စီမံကိန္းအရ ၾသစေၾတးလ်နိဳင္ငံမွာ မဟာသိပၸံနဲ႕ ပီအိပ္ခ္်ဒီဘြဲ႕အတြက္ ပညာ သင္ၾကားခဲ့ပါတယ္။ University of New South Wales တကၠသိုလ္မွာ ၁၉၇၀ ခုႏွစ္ကေန ၁၉၇၄ ခုႏွစ္အထိ သြားေရာက္ ပ ညာသင္ၿပီး ပါရဂူ က်မ္းျပဳစုခဲ့ပါတယ္။

အမ်ိဳးသမီးေတြ ျပည္ပမွာ သြားေရာက္ပညာသင္ခြင့္ရသူ ရွား ပါးလွတဲ့အခ်ိန္က ထူးထူးခြၽန္ခြၽန္ သြားေရာက္ ပညာသင္ၾကားရတာ ကိုယ့္ကိုယ္ကိုယ္ သိပ္ကိုဂုဏ္ယူမိတယ္လို႔ ေဒါက္တာ ျမျမႏုက ေျပာပါတယ္။ ဒီလိုပညာသင္ခြင့္ရဖို႔က ပညာေရးဌာနက စစ္ေဆးတဲ့ စာေမးပြဲ အပါအဝင္ အဆင့္ဆင့္ အရည္အခ်င္း စစ္ ေဆးမႈေတြ ခံယူရၿပီးမွ သြားခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ဒီလို စစ္ေဆးၿပီးတဲ့အခါမွာ ကိုယ္သြားခ်င္တဲ့နိုင္ငံကို သြားခြင့္မ ရခဲ့ဘဲ အစိုးရကေစလႊတ္တဲ့ နိုင္ငံကိုသာသြားခဲ့ ရတယ္လို႔ ဆိုပါတယ္။ ကိုယ္တိုင္အေနနဲ႕ ဆိုရင္လည္း ဒါကို မလုပ္ခ်င္ဘူး၊သူ႕ ကိုယ္ပိုင္ ဆႏၵနဲ႕သာဆိုရင္ ဇီဝကမၼေဗဒဘာသာရပ္နဲ႕ အဂၤလန္မွာ ပညာေလ့လာ ဆည္းပူးခ်င္ခဲ့တာလို႔လည္း ဆရာမႀကီးက ေျပာပါတယ္။

ျမန္မာျပည္မွာ ငွက္ပညာရွင္ တစ္ေယာက္မွမရွိေသးတဲ့ အတြက္ ငွက္ပညာကို ေလ့လာဖို႔ အစိုးရကခိုင္းတာကို လုပ္ခဲ့ရတာလို႔ဆို ပါတယ္။ သူသြားခဲ့ခ်ိန္က ၾသစေၾတးလ်ကိဳ သြားေရာက္ ပညာ သင္ခ်င္သူ မရွိဘဲ သြားဖို႔ေလွ်ာက္ထားတဲ့သူ မရွိတဲ့အတြက္ သူ႕ကိုတမင္ေစ လႊတ္တာလို႔ ေဒါက္တာ ျမျမႏုက ဆိုပါတယ္။

ပါရဂူ က်မ္းျပဳစုရမယ့္ ေခါင္းစဥ္ကိုလည္း ကိုယ့္စိတ္ ႀကိဳက္မ ဟုတ္ဘဲ ပါေမာကၡက ေ႐ြးေပးတဲ့ေခါင္းစဥ္ကိုသာ လက္ခံခဲ့ရတာပါ။ ဒီလို ေလ့လာရတာကို ေပ်ာ္႐ႊင္မေနခဲ့ေပမယ့္ ဒါကိုလုပ္ရမယ္လို႔ အစိုးရက ခိုင္းခဲ့တဲ့အတြက္ နိုင္ငံကိုယ္ စား သြားခဲ့တယ္၊ တာဝန္လည္းႀကီးတယ္၊ စိတ္လည္း ပင္ပန္းတယ္၊ ဒါေပမဲ့ ေအာင္ျမင္ေအာင္ လုပ္ခဲ့တယ္လို႔ ဆရာမႀကီးက ေျပာပါတယ္။

သူ႕လိုပဲ တျခားဘာသာရပ္ေတြ သင္ယူဖို႔ ၾသစေၾတးလ် နိုင္ငံကို ေစလႊတ္ခံရသူေတြ တခ်ိဳ႕ကေတာ့ ရည္ မွန္းခဲ့တဲ့ ပါရဂူဘြဲ႕မ ရခဲ့ဘဲ ျပန္လာရသူေတြလည္း ရွိတယ္လို႔ ဆရာမႀကီးက ေျပာပါတယ္။

သူ႕အေနနဲ႕ကေတာ့ ကိုယ့္စိတ္ႀကိဳက္ေခါင္းစဥ္ေ႐ြး ခ်ယ္ရတာမ်ိဳးမဟုတ္ဘဲ အဆင္သင့္ ေ႐ြးေပးထားတဲ့ ေခါင္းစဥ္ကိုသာ လုပ္ခဲ့ရေပမယ့္ ဒါကလည္း တနည္းအားျဖင့္ ကိုယ္ဘာလုပ္ရင္ေကာင္းမယ္ဆိုတာ စဥ္း စားစရာမလိုေတာ့လို႔ အေကာင္းဘက္က ေတြးရင္ေတာ့ တမ်ိဳးေကာင္းတယ္လို႔ သူကေျပာပါတယ္။

ေဒၚျမျမႏု ၾသစေၾတးလ်မွာ က်မ္းျပဳခဲ့တဲ့အခ်ိန္က ျမန္မာနိုင္ငံကေန အဲဒီကိုသြားေရာက္ ပညာသင္သူကလည္း သိပ္မရွိ၊ျမန္မာ အေၾကာင္းလည္း သူတို႔ကသိပ္ မသိၾကတဲ့အတြက္ ျမန္မာေက်င္းသားေတြကို အထင္ ေသးၾကၿပီး က်မ္းျပဳေနတဲ့ကာလအ တြင္းမွာ အႏွိမ္ခံရတာေတြ ရွိခဲ့ပါတယ္။

ဒါေပမဲ့ သူကေတာ့ ပညာရေအာင္ ယူခဲ့ရတယ္၊ေအာင္ ျမင္ေအာင္ မီးကုန္ယမ္းကုန္ အလြန္အမင္း ႀကိဳးစားခဲ့ရတယ္လို႔ ဆ ရာမႀကီးက ဆိုပါတယ္။
ငွက္နဲ႕ပတ္သက္လို႔ ေလ့လာခဲ့တဲ့ ငွက္အမ်ိဳးအစားေတြ အမ်ားႀကီးရွိခဲ့ေပမဲ့ ၾသစေၾတးလ်နိဳင္ငံ University of New South Wales မွာ ပါရဂူဘြဲ႕အ တြက္ က်မ္းျပဳစုေနစဥ္မွာေတာ့ ၾကက္တူေ႐ြးကိုပဲေလ့ လာခဲ့ပါတယ္။

ၾကက္တူေ႐ြးေတြရဲ႕ သဘာဝ၊ မ်ိဳးပြားမႈ၊ သူတို႔အခ်င္း ခ်င္းေျပာတဲ့ ဘာသာစကားေတြ အသံ အမူအရာေတြကို ေလ့လာခဲ့ၿပီး ဘယ္လိုအမူအရာဆိုရင္ ဘာေျပာတာျဖစ္နိုင္မလဲ ဆိုတာအ ေသအခ်ာ ေလ့လာက်မ္းျပဳခဲ့တာလို႔ ဆိုပါတယ္။ ၾကက္တူေ႐ြးေတြကို မိုက္ကရိုဖုန္းနဲ႕ခ်ိတ္ အသံဖမ္းယူၿပီ ဒီငွက္က ဒီကိုဘယ္အခ်ိန္လာလဲ၊ သူ႕မိတ္က ဘယ္အခ်ိန္လာလဲ ဆိုတာ ေစာင့္ၾကည့္ ေလ့လာခဲ့တယ္လို႔လည္း ေျပာပါတယ္။

ၾသစေၾတးလ်နိဳင္ငံမွာ ေလ့လာသုေတသနျပဳခဲ့တဲ့ငွက္ ေတြကို ေဒါက္တာ ေဒၚျမျမႏုက ျမန္မာနိုင္ငံကို ျပန္ လာတဲ့အခါ တစ္ပါ တည္း ယူလာခဲ့ပါတယ္။ သူ႕ငွက္ေတြက လက္ေတြ၊ ေခါင္းေတြေပၚ တက္ေနတဲ့အထိ ရင္း ႏွီးခဲ့တယ္လို႔ ဆိုပါတယ္။

ငွက္ အေကာင္ ၂၀ ေလာက္ ျပန္ယူလာခဲ့ေပမဲ့ သိပ္ၾကာၾကာမခံဘဲ ေသကုန္တယ္လို႔ ဆရာမႀကီးက ေျပာပါတယ္။

တကၠသိုလ္ထဲက သတၱေဗဒ အေဆာက္အအုံနားမွာ ပါေမာကၡက ငွက္ေလွာင္႐ုံ Aviary ေဆာက္ေပးထားေပမယ့္ ေကြၽးေမြးေစာင့္ေရွာက္သူေတြက မထိန္းသိမ္းတတ္တာက တစ္ေၾကာင္း၊ရာသီဥတု မတူတဲ့အတြက္ေၾကာင့္ တစ္ေၾကာင္း ျပန္ယူလာၿပီးမ ၾကာခင္ အ ေတာ္မ်ားမ်ား ေသဆုံးသြားလို႔ က်န္တဲ့ငွက္ေတြကို တိရစာၦန္႐ုံမွာ သြားလႉခဲ့တယ္လို႔ သူကဆိုပါတယ္။

ငွက္ပညာရွင္ ဘာေၾကာင့္နည္းသလဲ။

ျမန္မာနိုင္ငံမွာ အခုေနာက္ပိုင္း ငွက္ပညာရပ္နဲ႕ပတ္ သက္ၿပီး ပါရ ဂူဘြဲ႕ရသူေတြ ေပၚေပါက္လာခဲ့ေပမဲ့ တ ျခားဘာသာရပ္ေတြေလာက္ မမ်ားဘူးလို႔ ငွက္ပညာ ရွင္ေတြက ေျပာၾကပါတယ္။

သြားလာလႈပ္ရွားမႈ ျမန္မာဆန္တဲ့ငွက္ကို ေလ့လာရတာက ဓါတ္ခြဲခန္းေတြထဲမွာ စမ္းသပ္ေလ့လာ ရတာမ်ိဳးမဟုတ္ဘဲ သူတို႔နဲ႕ပတ္သက္တဲ့ ဓါတ္ပုံရိုက္တာ အ ေထာက္အထားယူတာက အစ အလြန္ခက္ခဲလို႔ ကိုးကားေလ့လာစရာေတြကို ရွာေဖြရတာ ခက္ ခဲတယ္လို႔ သူတို႔က ေျပာၾကပါတယ္။

ဆရာမႀကီးရဲ႕ ေလ့လာေတြ႕ရွိခ်က္ေတြက ေနာက္လူေတြအတြက္ သိပ္ကို အက်ိဳးရွိတယ္လို႔ ၂၀၁၀ မွာ ျပည္တြင္းမွာပဲ ငွက္နဲ႕ပတ္သက္ၿပီး ပါရဂူဘြဲရခဲ့တဲ့ ေဒါက္တာ သီရိေဒဝီေအာင္က ေျပာပါတယ္။ ဆရာမႀကီးရဲ႕စာအုပ္ေတြအျပင္ ေနာက္ပိုင္းမွာဆိုရင္ ျပည္တြင္း က ပါရဂူေတြ ျဖစ္ၾကတဲ့ ေဒါက္တာ ခိုင္ေ႐ႊဝါနဲ႕ ေဒါက္တာ ေဖႀကီးေမာင္တို႔ ျပဳစုထားတဲ့ စာအုပ္ေတြကလည္း အမ်ားႀကီးအ ေထာက္အကူျပဳတယ္လို႔ သူက ေျပာပါတယ္။မူးရင္းေရးသားသူကိုေလးစားစြာ ခရက္ဒစ္ေပးပါတယ္။

( ျမန္မာနိုင္ငံ သတၱေဗဒေလာကမွာ ထင္ရွားတဲ့ ေဒါက္တာျမျမႏုဟာ ၿပီးခဲ့တဲ့ရက္ ၃၀-၆-၂၀၂၁ (အသက္ ၈၃ႏွစ္) အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္)။ crd