CELEBRITY NEWS

ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးနေတဲ့ တောရွာက ကလေးမလေး

ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးနေတဲ့ တောရွာက ကလေးမလေး

ယခုဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံ တောင်ဘက်ခြမ်းမှာနေထိုင်ကြတဲ့ Badjao လူမျိုးနွယ်စုမှ ကလေးမလေးဟာဆိုရင် အတော်လေးကို ချောမောလှပလွန်းလို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

Demi Nathanel Torres Calumba အမည်ရှိတဲ့ ဒေသခံတစ်ဦးက ကလေးငယ်ရဲ့ဓာတ်ပုံကို facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။ ကလေးငယ်ဟာ ချောမောလှပလွန်းလို့ ထင်ပေါ်ကျော်ကြားတဲ့ သရုပ်ဆောင် ၊ မော်ဒယ်တစ်ယောက်လည်း ဖြစ်နိုင်လို့ အချို့ဆိုရင် အတူအလုပ်လုပ်ကိုင်လိုသူများလည်း ရှိကြပါတယ် ။

အခုလို ထင်ပေါ်ကျော်ကြားလွန်းလို့ ကလေးငယ်ရဲ့ဘဝအခြေအနေနဲ့ ပက်သက်ပြီး လူအတော်အများက စိုးရိမ်နေလျက်ရှိပါတယ် ။ ဒါ့အပြင် မိဘများအနေနဲ့ အန္တရာယ်ရှိတဲ့လူတွေရဲ့ လက်ထဲသို့ကလေးငယ်မရောက်ရှိအောင် သေချာလေးစောင့်ရှောက်ပေးကြဖို့ မျိုးစုံမှတ်ချက်ပေး ရေးသားခဲ့ကြပါတယ် ။

Zawgyi



