Knowledge

အသားလျှော့စားတာဟာ နှလုံးကျန်းမာရေးကို စောင့်ရှောက်တာဘဲလို့ဆို

Unicode :

အနီရောင် အသားတွေကို များများစားရင် နလုံး နဲ့ ပတ်သက်တဲ့

 

ရောဂါတွေ တိုးတယ်ဆိုတာကို အရင့်ရင်ကတည်းက သိပြီးသား

 

ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာမှု အသစ်တစ်ခုကတော့ အဲ့ဒိအဆို

 

ကို ပိုမိုခိုင်မာအောင် သုတေသနပြုနိုင်ခဲ့ပါတယ်။

 

နလုံးနဲ့ နလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကို လျှော့ချနိုင် ဖို့ဆို

 

ရင် အသားအစားထိုး အပင်ထွက် ပရိုတိန်းတွေကို စာသုံးတာက ပို

 

ကောင်းတယ်လို့ လေ့လာမှု တစ်ခုက ဆိုနေပါတယ်။ ဘောစတွန်

 

မြို့က ပြည်သူ့ကျန်းမာရေးဌာနက ပြုလုပ်တဲ့ လေ့လာမှုစစ်တမ်း

 

တစ်ရပ်မှာ အမေရိကားမှာ လူလတ်ပိုင်းတွေ မှာ အဖြစ်များတဲ့ န

 

လုံးရောဂါဆိုင်ရာပြဿနာတွေက အနီရောင်အသားတွေကို အစား

 

များတာနဲ့ဆိုင်တယ်လို့ ဆိုခဲ့ပါတယ်။

 

သူတို့က အသက်၃၀ ကျော် အမျိုးသား အမျိုးသမီး ၄၀၀၀၀

 

ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အသားကို ကင်ပြီးတော့

 

ဖြစ်ဖြစ် ချက်ပြီးတော့ ဖြစ်ဖြစ် တိုက်ရိုက် စားသုံးလေ့ရှိတဲ့သူတွေ

 

ထက်  ဝက်အူချောင်လို ဟော့ဒေါ့လို ဝက်ပေါင်ခြောက်လို အသား

 

ကိုပြုပြင်ပြီး စားသုံးသူတွေက  နလုံးရောဂါ ပိုဖြစ်ပါတယ်။

 

ရာခိုင်နှုန်းအရပြောရရင် တိုက်ရိုက်စားသုံးသူတွေက နလုံးရောဂါ

 

ဖြစ်နိုင်ခြေ ၁၂% ပိုပြီး ပြုပြင် စားသုံးသူတွေက ၁၅% ဖြစ်နိုင်ခြေပိုပါတယ်။

ခန္တာကိုယ်ဖွံ့ဖြိုးဖို့အတွက် အသားစားဖို့ လိုတာမှန်ပေမဲ့

 

အသားစားများရင် နလုံးရောဂါနဲ့ ကင်ဆာလို ရောဂါတွေ ကို ဖိတ်

 

ခေါ်နေသလိုဖြစ်နေပါတယ်။  လတ်တလောမှာတော့ အနီရောင်

 

အသားတွေကို မလိုအပ်တဲ့ အာဟာရထဲမှာ ထည့်သွင်းလို့ မရသေ

 

းသလို အစားထိုးပရိုတိန်းတွေကိုလည်း တွက်ချက်နေတုန်းပါပဲ။

 

ပိုပြီး တိကျတဲ့ အဖြေတစ်ခုကို မရ မချင်း အနီရောင်အသားတွေ

 

ကတော့ အာဟာရစာရင်းထဲမှာ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

 

အသားကို တိုက်ရိုက် စားသုံးခြင်းရဲ့ အကျိုး နဲ့ အပြစ်ကိုရှာဖွေမှု

 

ဆက်လက်လုပ်ဆောင် နေရဦးမယ်လို့ လည်း သုတေသီတစ်ဦးက ဆိုပါတယ်။


Zawgyi :


 




 
