AMAZING

ကိုဗစ်ကာလမှာ ရောဂါပိုး ကာကွယ်ဖို့ အကောင်းဆုံးသော ဒန့်သလွန်ရွက်၏ ပေးစွမ်းသော အာနိသင်များ

ကိုဗစ်ကာလမှာ ရောဂါပိုး ကာကွယ်ဖို့ အကောင်းဆုံးသော ဒန့်သလွန်ရွက်၏ ပေးစွမ်းသော အာနိသင်များ

ကိုဗစ်ပိုးဝင်လာခဲ့ရင်လည်း ခန္တာကိုယ် လိုအပ်တဲ့ အင်အားတွေ စုစည်းနိုင်ဖို့ အလွန်စျေးချိုတဲ့ အရွက်တမျိုးရှိတယ်။ သူ့ကို တနေ့ ၃၀၀/၄၀၀ ဖိုး စားပေးနေရင် စျေးကြီးတဲ့ ဆေးတချို့ဝယ်စားစရာတောင်မလိုပါဘူး။

အားရင် တို့စား၊ ဟင်းချိုချက်သောက်၊ ပြုတ်စား၊ ကြော်စား၊ အားတိုင်း စားစေချင်တယ်။ အဲ့ဒီအရွက်က ဒန့်သလွန်ရွက်ပါ။

ကျွန်တော်ဟာ မြန်မာ့ဆေးနည်းတွေအယုံအကြည်နည်းပါတယ်၊ မီးထွက်တဲ့သားသည်အမေကို ဒန့်ဒလွန်ရွက်ဟင်းချိုတိုက်ရမယ်ဆိုတာ ကို လက်မခံခဲ့ဘူး၊ ဘာအရသာမှမရှိတဲ့ ဒီအရွက်သေးသေးလေးတွေ သောက်လို့ ဘာထူးမှာလဲ အလကားရိုးရာနည်းတွေလို့ထင်ခဲ့တယ်။

နောင် Moringa leaves ဆိုတဲ့ ဒန့်သလွန်ရွက် ရဲ့ အဟာရပြည့်ဝပုံအကြောင်း သိပ္ပံစာစောင်တွေ မှာ ဖတ်မိမှ ဪ မြန်မာ့ရှေးလူကြီးတွေ ဒီအပင်အကြောင်း အတော်သိထားတာပဲ လို့ အံ့ဩမိတယ်။

အောက်မှာ Hello ဆရာဝန်ထဲမှာရေးထားတဲ့ ဒန့်သလွန်ရွက်ဆေးဖက်ဝင်ပုံ တင်ပေးထားပါတယ် ဖတ်ကြည့်ပါ။

ဒန့်သလွန်ဆိုတာကတောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တေ်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။

ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီးကျွတ်ဆက်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓါတ်များစွာပါဝင်ပါတယ်။ ဒန့်သလွန်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိသလိုရောဂါပိုးတွေကိုလည်းတိုက်ဖျက်နိုင်တဲ့အစွမ်းရှိပါတယ်။ရောင်ရမ်းမှု ကိုလျော့ပါးစေနိုင်စွမ်းလည်းရှိပါတယ်။

ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ။

၁. အမိုင်နိုအက်ဆစ်

ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။

၂.ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃. နို့ထွက်စေခြင်း

နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄. ကိုလက်စထရော

ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅. ဆီးချို

ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

၆. ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇. ဆံပင်သန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ အာရုံကြောစနစ်

ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉. အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀. အဆိပ်ပြေစေခြင်း

ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။

၁၁. စွမ်းအင်ပြည့်ဝစေခြင်း

ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂. ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း

ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃. ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ခြင်း

ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄. အသည်းကျန်းမာစေခြင်း

ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅. အရိုးကျန်းမာသန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆.ကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။

၁၇.ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈. သန္ဓေတားပေးနိုင်စွမ်းရှိခြင်း

ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉.သွေးတိုးကျစေခြင်း

ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

၂၀. မျက်လုံးကျန်းမာစေခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁.သွေးအားနည်းရောဂါကို သက်သာစေခြင်း

ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ

ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဗိုက်နာစေသလို၊gaseous distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။

ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓါတုဓါတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။

ဒန့်သလွန်မှာပါတဲ့ အချို့ဓါတ်တွေကမွေးကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ စားသုံးဖို့မသင့်တော်ပါဘူး။
သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။
ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။

ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။

Credit to hello sayarwon

Zawgyi

ကိုဗစ္ကာလမွာ ေရာဂါပိုး ကာကြယ္ဖို႔ အေကာင္းဆုံးေသာ ဒန့္သလြန္႐ြက္၏ ေပးစြမ္းေသာ အာနိသင္မ်ား

ကိုဗစ္ပိုးဝင္လာခဲ့ရင္လည္း ခႏၲာကိုယ္ လိုအပ္တဲ့ အင္အားေတြ စုစည္းနိုင္ဖို႔ အလြန္ေစ်းခ်ိဳတဲ့ အ႐ြက္တမ်ိဳးရွိတယ္။ သူ႕ကို တေန႕ ၃၀၀/၄၀၀ ဖိုး စားေပးေနရင္ ေစ်းႀကီးတဲ့ ေဆးတခ်ိဳ႕ဝယ္စားစရာေတာင္မလိုပါဘူး။

အားရင္ တို႔စား၊ ဟင္းခ်ိဳခ်က္ေသာက္၊ ျပဳတ္စား၊ ေၾကာ္စား၊ အားတိုင္း စားေစခ်င္တယ္။ အဲ့ဒီအ႐ြက္က ဒန့္သလြန္႐ြက္ပါ။

ကြၽန္ေတာ္ဟာ ျမန္မာ့ေဆးနည္းေတြအယုံအၾကည္နည္းပါတယ္၊ မီးထြက္တဲ့သားသည္အေမကို ဒန့္ဒလြန္႐ြက္ဟင္းခ်ိဳတိုက္ရမယ္ဆိုတာ ကို လက္မခံခဲ့ဘူး၊ ဘာအရသာမွမရွိတဲ့ ဒီအ႐ြက္ေသးေသးေလးေတြ ေသာက္လို႔ ဘာထူးမွာလဲ အလကားရိုးရာနည္းေတြလို႔ထင္ခဲ့တယ္။

ေနာင္ Moringa leaves ဆိုတဲ့ ဒန့္သလြန္႐ြက္ ရဲ႕ အဟာရျပည့္ဝပုံအေၾကာင္း သိပၸံစာေစာင္ေတြ မွာ ဖတ္မိမွ ဪ ျမန္မာ့ေရွးလူႀကီးေတြ ဒီအပင္အေၾကာင္း အေတာ္သိထားတာပဲ လို႔ အံ့ဩမိတယ္။

ေအာက္မွာ Hello ဆရာဝန္ထဲမွာေရးထားတဲ့ ဒန့္သလြန္႐ြက္ေဆးဖက္ဝင္ပုံ တင္ေပးထားပါတယ္ ဖတ္ၾကည့္ပါ။

ဒန႔္သလြန္ဆိုတာကေတာင္အာရွေဒသမွာ အေပါက္ေရာက္မ်ားတဲ့ အပင္တစ္မ်ိဳးျဖစ္ၿပီး အခုေနာက္ပိုင္းမွာေတာ့ အပူပိုင္းေဒသေတာ္ေတ္မ်ားမ်ားမွာေပါက္ေရာက္လာၿပီျဖစ္ပါတယ္။ ဒန႔္သလြန္ပင္ရဲ႕အ႐ြက္ကို တိုင္းရင္းေဆးေတြထဲမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက အသုံးျပဳခဲ့ၾကပါတယ္။

ဒန႔္သလြန္ပင္ဟာ ပင္စည္က အျဖဴေရာင္ျဖစ္ၿပီးကြၽတ္ဆက္တဲ့အကိုင္းအလက္ေတြနဲ႕ ဘဲဥပုံအစိမ္းေရာင္အ႐ြက္ေတြပါရွိပါတယ္။ ဒန႔္သလြန္႐ြက္မွာ ပရိုတင္း၊ ကယ္လလ္ဆီယမ္၊ ဘီတာ ကယ္လ္ရိုတင္း၊ ဗီတာမင္ စီ၊ ပိုတက္ဆီယမ္တို႔လိုမ်ိဳး အာဟာရဓါတ္မ်ားစြာပါဝင္ပါတယ္။ ဒန႔္သလြန္မွာ မွိုပိုးေတြကိုေသေစနိုင္တဲ့အာနိသင္ရွိသလိုေရာဂါပိုးေတြကိုလည္းတိုက္ဖ်က္နိုင္တဲ့အစြမ္းရွိပါတယ္။ေရာင္ရမ္းမႈ ကိုေလ်ာ့ပါးေစနိုင္စြမ္းလည္းရွိပါတယ္။

ဒန႔္သလြန္မွာပါတဲ့ အာဟာရဓါတ္ေတြကဘာေတြလဲ။

ဒန႔္သလြန္႐ြက္နဲ႕ဒန႔္သလြန္သီးတို႔မွာ အာဟာရဓါတ္ႂကြယ္ဝစြာပါဝင္ၿပီး ခႏၶါကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ပရိုတင္း၊ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။ ဒန႔္သလြန္႐ြက္မွာ ခႏၶါကိုယ္အတြက္လိုအပ္တဲ့ အမိုင္နို အက္ဆစ္လည္းႂကြယ္ဝစြာပါဝင္ ပါတယ္။ ဒန႔္သလြန္႐ြက္နဲ႕ဒန႔္သလြန္သီးေတြမွာ ဗီတာမင္ေအ၊ ဗီတာမင္B1 (သိုင္ရာမင္)၊ B2 (ရီဗိုဖလာပင္), B3 (နီရာဆင္), B-6၊ folate နဲ႕ ascorbic အက္ဆစ္ (ဗီတာမင္ C) တို႔ႂကြယ္ဝစြာပါဝင္ေနပါတယ္။ ဒန႔္သလြန္႐ြက္နဲ႕အသီးမွာ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ သံဓါတ္၊ မဂၢနီဆီယမ္၊ေဖာ့ဖရိတ္နဲ႕ဇင့္တို႔ႂကြယ္ဝစြာပါဝင္ေနပါတယ္။ အဆီပါဝင္မႈအရမ္းနည္းသလို အႏၲရာယ္ရွိတဲ့ ကိုလက္စထေရာေတြလည္းမပါဝင္ပါဘူး။

က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြရေစနိုင္သလဲ။

၁. အမိုင္နိုအက္ဆစ္

ဒန႔္သလြန္႐ြက္မွာ ခႏၶါကိုယ္ရဲ႕ဖြဲ႕စည္းမႈနဲ႕ ပရိုတင္းေတြျဖစ္ေပၚမႈအတြက္ အသုံးဝင္တဲ့ အမိုင္နိုအက္ဆစ္ ၁၈ မ်ိဳးပါဝင္ပါတယ္။ အဆိုပါအက္ဆစ္ေတြက ကိုယ္ခႏၶါရဲ႕လုပ္ငန္းစဥ္ေတြပုံမွန္လည္ပတ္ေစဖို႔ အေထာက္အကူျပဳေပးပါတယ္။

၂.ေရာင္ရမ္းမႈမျဖစ္ေအာင္လုပ္ေဆာင္ေပးနိုင္ျခင္း

ဒန႔္သလြန္႐ြက္မွာ သံဓါတ္၊ေရာင္ရမ္းမႈကို က်ဆင္းေစတဲ့အာနိသင္နဲ႕ေရာဂါပိုးေတြကိုေသေစနိုင္တဲ့အစြမ္းသတၱိေတြပါဝင္ပါတယ္။ ဒန႔္သလြန္႐ြက္က အနာေတြ၊အပူေလာင္တာနဲ႕ျပန္ရွဒဏ္ရာေတြလိုမ်ိဳး အေသးစားဒဏ္ရာေတြကို သက္သာေစနိုင္ပါတယ္။ အနာက်က္လည္းျမန္ေစပါတယ္။

၃. နို႔ထြက္ေစျခင္း

နို႔တိုက္မိခင္ေတြမွာ နို႔ထြက္ေစဖို႔အတြက္ ဒန႔္သလြန္႐ြက္စားသုံးေပးတာကိုေရွးယခင္ကာလေတြကတည္းကအသုံးျပဳခဲ့ၾကပါတယ္။ ဒန႔္သလြန္႐ြက္က နို႔တိုက္မိခင္ေတြမွာ နို႔ထြက္ေကာင္းေအာင္အေထာက္အကူေပးပါတယ္။

၄. ကိုလက္စထေရာ

ဒန႔္သလြန္႐ြက္မွာ အဆီေတြကိုေလာင္ကြၽမ္းေစၿပီး ခႏၶါကိုယ္ကိုက်စ္လ်စ္သြယ္လ်ေစတဲ့ အစြမ္းေတြရွိပါတယ္။ ဒန႔္သလြန္႐ြက္က ကိုယ္ခႏၶါကို က်စ္လ်စ္သြယ္လ်ေစသလို အားအင္ျပည့္ေစပါတယ္။ ဒန႔္သလြန္႐ြက္ကို သေရစာေတြစားခ်င္စိတ္ကိုေဖ်ာက္ဖ်က္ေပးၿပီး က်န္းမာတက္ႂကြတဲ့ ဘဝေနထိုင္မႈတစ္ရပ္ဖန္တီးဖို႔အတြက္ အသုံးျပဳနိုင္တဲ့ သဘာဝေဆးနည္းေကာင္းတစ္ခုပါ။ ကိုလက္စထေရာပမာစ နည္းတာက ႏွလုံးေရာဂါခံစားရနိုင္ေျခကိုေလ်ာ့ခ်ေပးသလို အျခားႏွလုံးေသြးေၾကာေရာဂါေတြခံစားရနိုင္ေျခကိုေလ်ာ့ခ်ရာမွာလည္း အေထာက္အကူျပဳပါတယ္။

၅. ဆီးခ်ိဳ

ဒန႔္သလြန္႐ြက္ရဲ႕ေနာက္ထပ္အက်ိဳးေက်းဇူးတစ္ရပ္က ဆီးခ်ိဳေရာဂါကိုထိန္းခ်ဳပ္ေပးတာပဲျဖစ္ပါတယ္။ ဒန႔္သလြန္႐ြက္က အခ်ိဳဓါတ္မပါဘဲ ခႏၶါကိုယ္အတြက္ စြမ္းအင္ေတြေထာက္ပံ့ေပးပါတယ္။ ဒန႔္သလြန္ကေသြးတြင္းသၾကားဓါတ္ကိုေလွ်ာ့ခ်ေပးနိုင္တဲ့ေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။

၆. ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြ

ခႏၶါကိုယ္ရဲ႕ ဆဲလ္ေတြက်န္းမာေစဖို႔အတြက္ အေရးပါတဲ့အခန္းက႑ကေနပါဝင္ေနတဲ့အရာတစ္မ်ိဳးျဖစ္ပါတယ္။ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြက ကင္ဆာေရာဂါျဖစ္နိုင္ေျခကိုေလွ်ာ့ခ်ေပးနိုင္သလို အသက္အ႐ြယ္အိုမင္းမႈျဖစ္စဥ္ကိုလည္းေႏွးေကြးေစပါတယ္။ ဒန႔္သလါန္႐ြက္မွာ အေရျပားကို အားျဖည့္ေပးနိုင္တဲ့ ဓါတ္တိုးဆန႔္က်င္ပစၥည္း အမ်ိဳး ၃၀ေလာက္ပါဝင္ပါတယ္။ေန႕စဥ္စားသုံးတဲ့ အစားအေသာက္ေတြထဲမွာ ဒန႔္သလြန္႐ြက္ကိုထည့္သြင္းစားသုံးေပးမယ္ဆိုရင္ ခႏၶါကိုယ္ရဲ႕ဇီဝတြင္းျဖစ္ပ်က္မႈကို လႈံ႕ေဆာ္ေပးမွာျဖစ္သလို ကိုယ္အေလးခ်ိန္ကိုလည္းက်ဆင္းေစမွာျဖစ္ပါတယ္။

၇. ဆံပင္သန္စြမ္းေစျခင္း

ဒန႔္သလြန္႐ြက္မွာ ဆံပင္နဲ႕ဦးေရျပားကိုအက်ိဳးျပဳတဲ့ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြ အမ်ားအျပားပါဝင္ေနပါတယ္။ ဒန႔္သလြန္႐ြက္ကို ဆံပင္နဲ႕ဦးေရျပား သန႔္ရွင္းေစဖို႔၊ဆံပင္ကြၽတ္သက္သာေစဖို႔ နဲ႕ ေဗာက္မထေစဖို႔အတြက္အသုံးျပဳနိုင္သလို ဆံသားေျခာက္ေသြ႕ပ်က္စီးတာမ်ိဳး မျဖစ္ေအာင္ကာကြယ္ရာမွာလည္း အေထာက္အကူျပဳပါတယ္။ ဒန႔္သလြန္႐ြက္မွာ ဆံသားကိုက်န္းမာသန္စြမ္းေစတဲ့ ဗီတာမင္B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ႕ဗီတာမင္ C တို႔ပါဝင္ေနပါတယ္။ ဒန႔္သလြန္႐ြက္က ဦးေရျပားမွာေသြးလည္ပတ္မႈကိုတိုးတက္ေစသလို ဆံပင္သန္စြမ္းမႈကို အေထာက္အကူေပးပါတယ္။ ဦးေရျပားမွာေသြးလည္ပတ္မႈေကာင္းမြန္တဲ့အခါ ဆံတြင္းေပါက္ေလးေတြကို အာဟာရျပည့္ဝေစၿပီး ဆံပင္ေတြကို သန္စြမ္းနက္ေမွာင္ေစပါတယ္။

၈ အာ႐ုံေၾကာစနစ္

ဒန႔္သလြန္႐ြက္က အာ႐ုံေၾကာစနစ္မွာ ခ်ိဳ႕ယြင္းမႈေတြမျဖစ္ေအာင္တိုက္ထုတ္ရာမွာ အေထာက္အကူေပးပါတယ္။ ဒန႔္သလြန္႐ြက္ကေခါင္းတစ္ျခမ္းကိုက္တာ၊ေခါင္းကိုက္တာ၊ မအီမသာျဖစ္တာနဲ႕ အျခားအာ႐ုံေၾကာဆိုင္ရာေဝဒနာေတြကို သက္သာေစနိုင္ပါတယ္။ ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ကိုတိုးတက္ေကာင္းမြန္ေစပါတယ္။ အယ္လ္ဇိုင္းမားလိုမ်ိဳးေရာဂါေတြမျဖစ္ေအာင္ကာကြယ္ရာမွာလည္းအေထာက္အပံ့ေပးပါတယ္။

၉. အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း

ဒန႔္သလြန္႐ြက္က အစာေက်လြယ္ၿပီး အစာေခ်ဖ်က္မႈကိုေကာင္းမြန္ေအာင္အေထာက္အကူေပးပါတယ္။ ခႏၶါကိုယ္အစိတ္အပိုင္းေတြက အာဟာရဓါတ္ေတြကို ပိုမိုစုပ္ယူနိုင္ေစပါတယ္။

၁၀. အဆိပ္ေျပေစျခင္း

ဒန႔္သလြန္႐ြက္က ခႏၶါကိုယ္တြင္းကအဆိပ္အေတာက္ေတြကိုေျပေစၿပီးေသြးသန႔္ေစပါတယ္။

၁၁. စြမ္းအင္ျပည့္ဝေစျခင္း

ဒန႔္သလြန္႐ြက္က စြမ္းအင္ျပည့္ဝေစပါတယ္။ ဒန႔္သလြန္႐ြက္က အခ်ိဳဓါတ္လုံးဝမပါဝင္ဘဲ သဘာဝနည္းအတိုင္း ခႏၶါကိုယ္ကို စြမ္းအင္ျပည့္ဝေစတာျဖစ္ပါတယ္။

၁၂. ဝက္ၿခံ နဲ႕ ဆားဝက္ၿခံေတြကိုသက္သာေစျခင္း

ဒန႔္သလြန္႐ြက္က အေရျပားကအဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြကို ဖယ္ရွားေပးၿပီး အေရျပားကိုႏုပ်ိဳေစပါတယ္။ အသားအေရကိၾကည္လင္ေစၿပီး ျဖဴဝင္းလွပေစနိုင္ပါတယ္။ ဝက္ၿခံနဲ႕အမဲစက္ေတြျဖစ္ေပၚမႈကိုလည္း သက္သာေစပါတယ္။

၁၃. ကူးစက္ေရာဂါေတြကို တိုက္ဖ်က္နိုင္ျခင္း

ဒန႔္သလြန္႐ြက္မွာ ဘက္တီးရီးယားေတြကိုေသေစနိုင္တဲ့အာနိသင္နဲ႕ မွိုပိုးကိုတိုက္ဖ်က္နိုင္တဲ့အာနိသင္ေတြရွိတာေၾကာင့္ ကူးစက္ေရာဂါေတြတိုက္ဖ်က္ရာမွာ အေထာက္အကူျပဳပါတယ္။ ဒန႔္သလြန္႐ြက္က အေရျပားမွာကူးစက္ေရာဂါျဖစ္ေစတဲ့ မွိုပိုးေတြကိုတိုက္ဖ်က္ေပးသလိုေသြးနဲ႕ ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါေတြကိုျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကိုလည္း တိုက္ဖ်က္ေပးပါတယ္။

၁၄. အသည္းက်န္းမာေစျခင္း

ဒန႔္သလြန္႐ြက္မွာpolyphenols မ်ားစြာပါဝင္တာေၾကာင့္ အသည္းကို အဆိပ္အေတာက္ျဖစ္ေစတာနဲ႕ပ်က္စီးတာမ်ိဳးေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

၁၅. အရိုးက်န္းမာသန္စြမ္းေစျခင္း

ဒန႔္သလြန္႐ြက္မွာ ကယ္လ္ဆီယမ္နဲ႕ေဖာ့စဖရိတ္လိုမ်ိဳး မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓါတ္ေတြပါဝင္တာေၾကာင့္ အရိုးေတြက်န္းမာသန္စြမ္းေအာင္ ထိန္းသိမ္းေပးပါတယ္။ ဒန႔္သလြန္႐ြက္ကေရာင္ရမ္းမႈကိုေလ်ာ့က်ေစတာေၾကာင့္ အဆစ္ေရာင္နာလိုမ်ိဳး အရိုးအဆစ္ေတြနာက်င္တဲ့ေဝဒနာေတြကို ကုသရာမွာထိေရာက္တဲ့အစြမ္းအာနိသင္ေတြရွိပါတယ္။ ဒန႔္သလြန္႐ြက္က အ႐ြတ္ေတြမွာျဖစ္တဲ့ နာက်င္မႈေတြကို သက္သာေစနိုင္တဲ့အစြမ္းလည္းရွိပါတယ္။

၁၆.ေက်ာက္တည္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးျခင္း

ဒန႔္သလြန္႐ြက္ကေက်ာက္ကပ္၊ဆီးအိမ္နဲ႕ သားအိမ္ထဲမွာေက်ာက္တည္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဒန႔္သလြန္မွာေက်ာက္တည္တာကိုေလွ်ာ့ခ်ေပးနိုင္တဲ့အစြမ္းသတၱိရွိသလိုendogenous oxalate synthesis ကိုထိန္းခ်ဳပ္ရာမွာလည္းအေထာက္အကူျပဳပါတယ္။

၁၇.ေက်ာက္ကပ္ေရာဂါေတြမျဖစ္ေအာင္ကာကြယ္ေပးျခင္း

ဒန႔္သလြန္႐ြက္ အဆီအႏွစ္ကေဆးဝါးေတြနဲ႕ အဆိပ္ရွိတဲ့အရာေတြနဲ႕ထိေတြ႕မိတာေၾကာင့္ျဖစ္တဲ့ေက်ာက္ကပ္ပ်က္စီးတာေတြကို ကာကြယ္ေပးနိုင္စြမ္းရွိပါတယ္။ ဒန႔္သလြန္မွာပါတဲ့ nephroprotectiveကေက်ာက္ကပ္ကိုထိခိုက္မႈေတြကိုေလ်ာ့က်ေစပါတယ္။nephroprotective က ထိေရာက္တဲ့bio-absorbent အျဖစ္လုပ္ေဆာင္ေပးၿပီး ခႏၶါကိုယ္တြင္းက အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြနဲ႕ အႏၲရာယ္ရွိတဲ့အရာေတြကိုဖယ္ရွားရာမွာ အေထာက္အကူျပဳပါတယ္။

၁၈. သေႏၶတားေပးနိုင္စြမ္းရွိျခင္း

ဒန႔္သလြန္မွာ သေႏၶတားေပးနိုင္စြမ္းရွိပါတယ္။ ဒန႔္သလြန္ရဲ႕အဆီအႏွစ္ကိုေဟာ္မုန္းပ်က္စီးေစမႈ ( estrogenic activity) လုပ္ေဆာင္ရာမွာအသုံးျပဳၾကသလို သေႏၶမေအာင္ေစေအာင္ကာကြယ္ရာမွာလည္းအက်ိဳးျပဳပါတယ္။

၁၉.ေသြးတိုးက်ေစျခင္း

ဒန႔္သလြန္ကေသြးေပါင္ခ်ိန္နဲ႕ ကိုယ္တြင္းကိုလက္စထေရာပမာဏကို သင့္တင့္တဲ့အေနအထားျဖစ္ေအာင္ ထိန္းညွိရာမွာ အေထာက္အကူျပဳပါတယ္။isothiocyanate နဲ႕ niaziminin တို႔လိုမ်ိဳးBioactive ပစၥည္းေတြကေသြးေၾကာေတြမပိတ္ေအာင္ကာကြယ္ေပးသလို အဆုတ္ေသြးေၾကာေတြကို ထိခိုက္ေစနိုင္တဲ့ေသြးတိုးေရာဂါ (pulmonary hypertension)ျဖစ္ေပၚမႈကိုလည္းေလ်ာ့က်ေစနိုင္ပါတယ္။ေလ့လာမႈေတြမွာ ဒန႔္သလြန္႐ြက္မွာပါတဲ့hypocholesterolemic အစြမ္းအာနိသင္က အသည္းအဆီဖုံးတာ၊ ေက်ာက္ကပ္မွာအဆီမ်ားတာနဲ႕ေသြးတြင္းကိုလက္စထေရာပမာဏမ်ားတာေတြျဖစ္နိုင္ေျခကိုေလ်ာ့က်ေစနိုင္တယ္၊ လို႔ေတြ႕ရွိခဲ့ရပါတယ္။

၂၀. မ်က္လုံးက်န္းမာေစျခင္း

ဓါတ္တိုးဆန႔္က်င္ပစၥည္းႂကြယ္ဝတဲ့ ဒန႔္သလြန္႐ြက္က မ်က္ၾကည္လႊာမပ်က္စီးေအာင္ ကာကြယ္ရာမွာ အေထာက္အပံ့ေပးနိုင္ပါတယ္။ ဒန႔္သလြန္႐ြက္မွာပါတဲ့ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြက မ်က္ၾကည္လႊာေသြးေၾကာေတြ က်ယ္လာတာမ်ိဳးမျဖစ္ေအာင္ကာကြယ္ရာမွာ နဲ႕ မ်က္ၾကည္လႊာႂကြက္သားေတြမထိခိုက္ေအာင္ထိန္းသိမ္းေပးနိုင္ပါတယ္။ မ်က္လုံးအတြင္းကေသြးေၾကာနံရံေတြထူမလာေအာင္ တားဆီးေပးသလို မ်က္ၾကည္လႊာပ်က္စီးတာမ်ိဳးေတြကိုလည္းကာကြယ္ေပးပါတယ္။

၂၁.ေသြးအားနည္းေရာဂါကို သက္သာေစျခင္း

ဒန႔္သလြန္႐ြက္က ေသြးအားနည္းေရာဂါကိုကုသရာမွာအေထာက္အကူျပဳပါတယ္။ေလ့လာမႈေတြအရ ဒန႔္သလြန္႐ြက္က ခႏၶါကိုယ္ရဲ႕သံဓါတ္စုပ္ယူမႈကိုေကာင္းမြန္ေစေအာင္ အေထာက္အပံ့ေပးနိုင္သလိုေသြးနီဥဆဲလ္အေရအတြက္ကိုတိုးေစသလို ပုံမွန္ေသြးေပါင္ခ်ိန္ကိုထိန္းသိမ္းရာမွာလည္း အေထာက္အကူုျပဳေပးပါတယ္။

ေဘးထြက္ဆိုးက်ိဳးေတြ

ဒန႔္သလြန္မွာ ဝမ္းေပ်ာ့ေပ်ာ့သြားေစနိုင္တဲ့ အစြမ္းသတၱိရွိတာေၾကာင့္ ဗိုက္နာေစသလို၊gaseous distension၊ ဝမ္းေလွ်ာတာနဲ႕ ရင္ပူတာေတြကိုျဖစ္ေပးေစပါတယ္။

ဒန႔္သလြန္႐ြက္ကိုအလြန္အကြၽံစားသုံးပါက မအီမသာျဖစ္တာမ်ိဳးေတြျဖစ္နိုင္ပါတယ္။
ဒန႔္သလြန္ရဲ႕ အျမစ္၊အပြင့္နဲ႕အခက္ေတြမွာပါတဲ့ ဓါတုဓါတ္ေပါင္းေတြက ကိုယ္ဝန္ေဆာင္အမ်ိဳးသမ္းေတြမွာ သားအိမ္က်ဳံ႕တာကိုျဖစ္ေစနိုင္တာေၾကာင့္ ကိုယ္ဝန္ပ်က္က်နိဳင္ေျခကိုတိုးေစပါတယ္။

ဒန႔္သလြန္မွာပါတဲ့ အခ်ိဳ႕ဓါတ္ေတြကေမြးကင္းစ ကေလးငယ္ေတြအတြက္ မသင့္ေတာ္တာေၾကာင့္ နို႔တိုက္မိခင္ေတြအေနနဲ႕ စားသုံးဖို႔မသင့္ေတာ္ပါဘူး။
ေသြးႀကဲေဆးေသာက္သုံးေနရသူေတြအေနနဲ႕လည္း ဒန႔္သလြန္႐ြက္ကိုမစားသင့္ပါဘူး။
ကိုယ္ခံအားဆဲလ္ေတြကို အဆိပ္အေတာက္ျဖစ္ေစနိုင္တာေၾကာင့္ ဒန႔္သလြန္ေစ့အဆီကို မစားသုံးသင့္ပါဘူး။

ကေလးငယ္ေတြ၊ကိုယ္ဝန္ေဆာင္ေတြနဲ႕ သက္ႀကီး႐ြယ္အိုေတြအေနနဲ႕ ဒန႔္သလြန္႐ြက္ကိုမစားခင္မွာ ဆရာဝန္နဲ႕အရင္တိုင္ပင္သင့္ပါတယ္။

အထက္ပါအခ်က္ေတြကိုဖတ္ရႈၿပီး က်န္းမာေရးနဲ႕ညီၫြတ္စြာသတိျပဳစားသုံးနိုင္ၾကေစဖို႔ရည္႐ြယ္ပါတယ္။

Credit to hello sayarwon