ဗဟုသုတ

အဲကွန်း သုံးစရာမလိုပဲ မိမိအိမ်ကို အပူဒဏ် သက်သာအောင်လုပ်နည်း (၅) မျိုး

အဲကွန်း သုံးစရာမလိုပဲ မိမိအိမ်ကို အပူဒဏ် သက်သာအောင်လုပ်နည်း (၅) မျိုး

(၁) အုပ်ကြွပ်မိုးပါ

အုပ်ကြွပ်က အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည် ရှိပါတယ်နော်။အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါ တယ်နော် ။

(၂) အပူခံဂွမ်း Radiant Barrier သုံးပါ

အပူခံဂွမ်းလို့ လူသိများပြီးတော့ စက်ရုံတွေမှာ သုံးတာတွေ့ရတာပါ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါ တယ် ။

Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီးတော့ Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ်နော်။ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် လည်း

running cost တော်တော်သက်သာစေမှာပါ။အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ်။ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါ တယ်နော်။

(၃) ရှားစောင်းလက်ပပ် စိုက်ပါ

မိမိအိမ်ခန်းထဲမှာ ရှားစောင်းလက်ပပ် ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ်နော်။ဒါ့အပြင် ရှားစောင်းလက်ပပ်ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေးတဲ့အတွက်ကြောင့်ဘဲအိမ်တွင်းလေထုအရည်အသွေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ်။အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင် ပါတယ်နော်။

(၄) နံပါတ်လေး အချက်က ခြံကျယ်ကျယ်သမားတွေအတွက်

မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါနော်။မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါ တယ်နော်။

(၅) အရိပ်ရအပင်စိုက်ပါ

အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး အမြန်ဆုံးအရိပ်ရအပင် (Fast Growing Shade Trees) တွေထဲမှာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ်။ ဒုတိယကတော့ ကုက္ကိုလ်ပင်ပါနော်။ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ်နော်။အဲကွန်းလျော့သုံးပါ အပင်စိုက်ပါ အပူဒဏ်ခံပစ္စည်းများအသုံးပြုပါ ကမ္ဘာမြေကိုကယ်တင် ပါဗျာ။ crd

Zawgyi

အဲကြန္း သုံးစရာမလိုပဲ မိမိအိမ္ကို အပူဒဏ္ သက္သာေအာင္လုပ္နည္း (၅) မ်ိဳး

(၁) အုပ္ႂကြပ္မိုးပါ

အုပ္ႂကြပ္က အပူခ်ိန္ ၁၃၀၀ ဒီဂရီစင္တီဂရိတ္ေလာက္အထိ ခံနိုင္ရည္ရွိတဲ့အတြက္ မီးေလာင္ဒဏ္ကို ခံနိုင္ရည္ ရွိပါတယ္ေနာ္။အိမ္တြင္း အေအးဓာတ္ကို ထိန္းေပးၿပီး ေနပူဒဏ္ကိုလည္း သြပ္ထပ္မ်ားစြာ ခံနိုင္ရည္ ရွိပါ တယ္ေနာ္ ။

(၂) အပူခံဂြမ္း Radiant Barrier သုံးပါ

အပူခံဂြမ္းလို႔ လူသိမ်ားၿပီးေတာ့ စက္႐ုံေတြမွာ သုံးတာေတြ႕ရတာပါ။ မ်က္ႏွာက်က္ အေပၚမွာ တပ္ဆင္ရတဲ့ insulation material ျဖစ္ၿပီး အုပ္ႂကြပ္နဲ႕ တြဲသုံးမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို အပူဒဏ္ သက္သာသြားမွာ ျဖစ္ပါ တယ္ ။

Youtube မွာတင္ထားတဲ့ video ေတြအရ သြပ္မိုးၿပီးေတာ့ Radiant Barrier သုံးထားတာေတာင္ အပူခ်ိန္ ၇ ဒီဂရီေလာက္ ေလ်ာ့က်သြားတာေတြ႕ရပါတယ္ေနာ္။ဒီႏွစ္ခ်က္ဟာ initial cost လို႔ေခၚတဲ့ ကနဦးကုန္က်ေငြ မ်ားေပမယ့္ လည္း

running cost ေတာ္ေတာ္သက္သာေစမွာပါ။အဲကြန္းသုံးမယ္ဆို ကနဦး ကုန္က်ေငြေရာ၊ လစဥ္ကုန္က်ေငြအျပင္ ျပဳျပင္ထိန္းသိမ္းစရိတ္ပါ ထည့္ေပါင္းတြက္ရမွာ ျဖစ္ပါတယ္။ဒါအျပင္ အဲကြန္းဟာ သဘာဝပတ္ဝန္းက်င္ကို ဒုကၡေပးတဲ့ ဇိမ္ခံပစၥည္း တစ္ခုလည္း ျဖစ္ပါ တယ္ေနာ္။

(၃) ရွားေစာင္းလက္ပပ္ စိုက္ပါ

မိမိအိမ္ခန္းထဲမွာ ရွားေစာင္းလက္ပပ္ ပင္ေတြစိုက္ထားျခင္းျဖင့္ အိမ္တြင္းအပူခ်ိန္ကို သိသိသာသာ ေလ်ာ့ခ်နိဳင္ပါတယ္ေနာ္။ဒါ့အျပင္ ရွားေစာင္းလက္ပပ္ဟာ formaldehyde compounds ေတြကိုလည္း စုပ္ယူေပးတဲ့အတြက္ေၾကာင့္ဘဲအိမ္တြင္းေလထုအရည္အေသြးကို ပိုမိုေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။ဒီအပင္စိုက္ထားျခင္းအားျဖင့္ အဆိပ္အေတာက္ေတြကို ရႈမိျခင္း အႏၲရာယ္မွလည္း ကာကြယ္နိုင္ပါတယ္။အထက္ပါ သုံးခ်က္ကေတာ့ ၿခံမက်ယ္လည္း လုပ္လို႔ရနိုင္ ပါတယ္ေနာ္။

(၄) နံပါတ္ေလး အခ်က္က ၿခံက်ယ္က်ယ္သမားေတြအတြက္

မိမိအိမ္မွာ ေျမကြက္လပ္အပို ရွိမယ္ဆိုရင္ ကြန္ကရစ္အျပည့္ခင္းျခင္းကို ေရွာင္ၾကည္ပါေနာ္။ျမက္ခင္းမ်ား စိုက္ျခင္းအားျဖင့္ အပူဒဏ္ေလ်ာ့ခ်နိဳင္သလို ေျမေအာက္ေရကိုလည္း ျပန္လည္ျဖည့္တင္းေပးရာေရာက္ပါ တယ္ေနာ္။

(၅) အရိပ္ရအပင္စိုက္ပါ

အာဆီယံနိုင္ငံနဲ႕ အကိုက္ညီဆုံး အျမန္ဆုံးအရိပ္ရအပင္ (Fast Growing Shade Trees) ေတြထဲမွာ ပိေတာက္ပင္ကို ၫႊန္းဆိုၾကပါတယ္။ ဒုတိယကေတာ့ ကုကၠိဳလ္ပင္ပါေနာ္။ဒီငါးခ်က္ကို တတ္နိုင္တဲ့သူေတြ၊ သဘာဝပတ္ဝန္းက်င္

ထိန္းသိမ္းလိုစိတ္ရွိတဲ့သူေတြ အခုကစ လုပ္ေဆာင္ၾကမယ္ဆိုရင္ ေနာက္လာမည့္ႏွစ္ေတြမွာ အပူဒဏ္ ေလ်ာ့က်သြားနိုင္ပါတယ္ေနာ္။အဲကြန္းေလ်ာ့သုံးပါ အပင္စိုက္ပါ အပူဒဏ္ခံပစၥည္းမ်ားအသုံးျပဳပါ ကမာၻေျမကိုကယ္တင္ ပါဗ်ာ။ crd